Monday, February 1, 2016

ရုပ်ရှင်အကြိုခံစားခြင်း-The Finest Hours


- ဒီနေ့ အကြိုခံစားဖို့ကိုတော့ သမိုင်းနောက်ခံ သဘာဝဘေးအန္တရာယ် စွန့်စားခန်း၊ ဒရာမာဇာတ်လမ်းလေးအကြောင်းဖော်ပြပေးလိုက်ပါတယ်။ အမေရိကန်ကမ်းခြေစောင့် တပ်သားတွေရဲ့ ပင်လယ်ခရီးကြမ်းမှာ ရွပ်ရွပ်ချွံချွံ၊ စွန့်စွန့်စားစားကယ်တင်တဲ့ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။၁၉၅၂ ကာလမြင်ကွင်းနဲ့အ

တူ မက်ဆာချူးဆက်ပြည်နယ်၊ ချက်သမ်မြို့ရှိ ကော့အငူက ကမ်းခြေစောင့်တပ်သားလေး ဘားနက်ဘာနီဝက်ဘာနဲ့ မြို့ခံမိန်းကလေး မီရီယန်ပက်တီနန်တို့ဟာ ချစ်သူတွေပါ။ မကြာခင်မှာ လက်ထပ်နိုင်ဖို့အတွက် ကမ်းခြေစောင့်တပ်က တပ်မှူးဒန်နီယယ်ကလပ်ဖ်ဆီမှာ ခွင့်တောင်းဖို့ဘားနက်က စိတ်ကူးထားခဲ့ပြီး အဲဒီနေ့မှာပဲ ရေနံတင်သင်္ဘောကြီး SS.Pendletonချက်သမ်ကမ်းရိုးတန်းနားမှာ နစ်မြုပ်မှုဖြစ်တာကြောင့် အရေးပေါ်ကယ်တယ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဘားနက်ဟာ သူရဲ့ အသက်ကယ်လှေ CG 36500နဲ့အတူ အန်ဒရူး၊ အာဗင်၊ ရစ်ချက်တို့ကိုပါခေါ်ပြီး ကယ် ဆယ်ဖို့ ထွက်သွားခဲ့ပါတယ်။

တပ်မှူးကလပ်ဖ်ဟာ ဒေသခံ မဟုတ်တဲ့အတွက် ဒီအရပ်ဒေသက ရာသီဥတုရဲ့ အ

ခြေအနေကို မသိဘဲ ကယ်ဆယ်ရေးအဖွဲ့တွေကို လွှတ်လိုက်တာကြောင့် ဒီအကြောင်းကို မာရီယန်သိတဲ့အခါ ဒီကယ်ဆယ်ရေးဟာ ပြန်လမ်းမရှိတဲ့ ကယ်ဆယ်ရေးမျိုးဖြစ်လို့တပ်မှူးက ကလပ်ဖ်ကိုတွေ့ပြီး တားဆီးပေးဖို့လုပ်ခဲ့ပါတယ်။တပ်မှူး ကလပ်ဖ်က အတွေ့ခံဖို့နေနေသာသာမောင်းထုတ်ခဲ့တာ ကြောင့် မာရီယန် မျှော်လင့်ထား သလိုမဖြစ်ခဲ့ပါဘူး။

ဘားနက်တို့ဟာ ကယ်ဆယ် ရေးလှေကို ရေနံတင်သင်္ဘောနား ကပ်ကာ ကယ်ဆယ်ဖို့ ကြိုစားခဲ့ကြပြီး ကယ်ဆယ်ရေးလှေဟာ ၁၂ ဦးပဲ တင်ဆောင်နိုင်ပေမယ့် ဘားနက်ဟာ အဲဒီလှေပေါ်ကို ၃၂ ယောက်တင်ဖို့ စွန့်စွန့်စားစားဆုံးဖြတ်ချက်ချခဲ့ပါတယ်။ မနိုင်ဝန်တင်လာတဲ့ ကယ်ဆယ်ရေးလှေလေးက လူတွေကို ဘေးလွတ်ရာ ကယ်တင်နိုင်မှာလား၊ ပင်လယ်ခရီးကြမ်းကို ဘားနက်တို့ ဘယ်လိုဖြတ်ကျော်ကြမှာလဲဆိုတာ ကိုယ်တိုင်ပဲ ဆက်လက် ကြည့်ရှုလိုက်ပါဦး။

ဒီဇာတ်ကားမှာ ဘားနက် ဘာနီဝက်ဘာအဖြစ် ခရစ္စပိုင်း၊ မာရီယန်အဖြစ် ဟောလီးဒေးဂရိန် ဂျာစတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြတာပါ။

7Day Daily

0 comments:

Post a Comment