Monday, February 1, 2016

အက်ဖ်အေဖလား ပဉ္စမအဆင့်တွင် ချယ်လ်ဆီးနှင့် မန်စီးတီးတို့ ထိပ်တိုက်ဆုံ


အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)သည် အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ ယခုအဆင့်၌ ချယ်လ်ဆီးနှင့်မန်စီးတီးတို့ ထိပ်တိုက်ဆုံတွေ့သွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
အက်ဖ်အေဖလားပဉ္စမအဆင့်တွင် ပရီးမီးယားလိဂ်အသင်းအချင်းချင်း ထိပ်တိုက်ဆုံသည့်ပွဲစဉ်ဟူ၍ သုံးပွဲသာပါရှိခဲ့ပြီး အဆိုပါပွဲစဉ်သုံးပွဲမှာ ဘုန်းမောက်နှင့်အဲဗာတန်၊ ချယ်လ်ဆီးနှင့်မန်စီးတီး၊ စပါးနှင့်ခရစ္စတယ်ပဲလေ့စ်တို့ ထိပ်တိုက်ဆုံသွားကြသည့်ပွဲစဉ်များဖြစ်သည်။
ချယ်လ်ဆီးအသင်း ယာယီနည်းပြဟစ်ဒင့်ခ်သည် အက်ဖ်အေဖလားပဉ္စမအဆင့်တွင် မန်စီးတီးနှင့်ဆုံတွေ့ရခြင်းကို ဗိုလ်လုပွဲအဖြစ် တင်စားညွှန်းဆိုသွားခဲ့ပြီး ချယ်လ်ဆီးနှင့်မန်စီးတီးတို့၏အားပြိုင်မှုမှာ ပရိသတ်အတွက် စိတ်ကျေနပ်ဖွယ်ရာ ဖျော်ဖြေမှုတစ်ခု ကျိန်းသေဖြစ်လာလိမ့်မည်ဟုလည်း ဟစ်ဒင့်ခ်က ညွှန်းဆိုသွားခဲ့သည်။
မန်ယူသည် လာမည့်ပဉ္စမအဆင့်တွင် တန်းနိမ့်ကလပ် ရှရူးဘူရီနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ပြီး ၀က်စ်ဟမ်းနှင့်လီဗာပူးတို့ ပြန်ကန်ပွဲစဉ်မှနေ၍ အနိုင်ရရှိသည့်အသင်းမှာ ပဉ္စမအဆင့်၌ အဝေးကွင်းသို့သွားရောက်၍ ဘလက်ဘန်းနှင့်ယှဉ်ပြိုင်ရလိမ့်မည်ဖြစ်သည်။
အက်ဖ်အေဖလားပြိုင်ပွဲတွင် ၂ နှစ်ဆက်တိုက် ဗိုလ်စွဲထားသည့် အာဆင်နယ်သည် ပဉ္စမအဆင့်တွင် ဟားလ်စီးတီးကို အိမ်ကွင်း၌ လက်ခံယှဉ်ပြိုင်ရလိမ့်မည်ဖြစ်ပြီး အဆိုပါအက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များကို လာမည့် ဖေဖော်ဝါရီလ၁၉ရက်နေ့တွင် ယှဉ်ပြိုင်ကစားသွားစေမည်ဖြစ်ကြောင်း အက်ဖ်အေက ထုတ်ပြန်ကြေညာထားသည်။
အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်များ
------------------------------------------------
ချယ်လ်ဆီး - မန်စီးတီး
ရက်ဒင်း - ၀က်စ်ဘရွန်း(သို့)ပီတာဘရော့
ဝက်ဖို့ဒ် - လိဒ်စ်ယူနိုက်တက်
ရှရူးဘူရီ - မန်ယူ
ဘလက်ဘန်း - လီဗာပူး(သို့)၀က်စ်ဟမ်း
စပါး - ခရစ္စတယ်ပဲလေ့စ်
အာဆင်နယ် - ဟားလ်စီးတီး
ဘုန်းမောက် - အဲဗာတန်

The Voice Weekly

0 comments:

Post a Comment