Wednesday, February 10, 2016

ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေးအဆို အသံကျယ်လောင်စွာ ထွက်နေစဉ်ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီဆောင်ရွက်ရန် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့


ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်သည် တည်ဆဲဥပဒေများ ကို ပြင်ဆင်ပြဋ္ဌာန်းရာတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အလေးထားဆောင်ရွက်မည် ဟုမျှော်လင့်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က သဝဏ်လွှာပေးပို့သည်။
ဖေဖော်ဝါရီ ၈ ရက်က စတင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ပေးပို့လာသည့် နိုင်ငံ တော်သမ္မတ၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ဥပဒေများပြင်ဆင် ပြဋ္ဌာန်းရေးနှင့် ပတ်သက်ပြီး ထိုသို့ ထည့်သွင်းဖော်ပြထားသည်။ပြည်ထောင်စုလွှတ်တော် ကိုယ် စားလှယ်များသည် နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေကို ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပဒေများကိုလည်း လိုက်နာပါမည် ဟု ကတိသစ္စာပြုထားသောကြောင့် ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင် ပြဋ္ဌာန်းခြင်း၊ ရုပ်သိမ်းခြင်းတို့ဆောင် ရွက်ရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ညီညွတ် မှုရှိစေရေး အလေးထားဆောင်ရွက် ကြမည်ဟု မျှော်လင့်ကြောင်း နိုင်ငံ တော်သမ္မတ၏ သဝဏ်လွှာတွင် ဖော် ပြထားသည်။

အဆိုပါသဝဏ်လွှာနှင့်ပတ်သက် ပြီး ဥပဒေကြမ်းကော်မတီဝင်၊ NLD ပါတီ ဃနဃ အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် က ''ဒါကတော့မှန်တာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်ရမှာ ပေါ့။ အန်ကယ်တို့ကလဲ ပြင်မယ်ဆို ရင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ခွင့်ပြု ချက်တွေအရပဲ လုပ်ရမှာ''ဟုဆိုသည်။
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အတားအဆီးဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ)ကို ပြင် ဆင်ရေးအတွက် တပ်မတော်အသိုင်း အဝိုင်းနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း NLD ပါတီဗဟို အလုပ်အမှုဆောင်များက ထုတ်ဖော် ပြောကြားထားသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ''ဒါက သမ္မတက ရော ပြည်ခိုင်ဖြိုးပါတီကပါ ၅၉(စ)ကို ပုဒ်မ -၄၃၆မှာပါတဲ့အတိုင်းပြင်ပါ လို့ သတိပေးစာပို့တာနဲ့ အတူတူပါ ပဲ''ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် NLD ပါတီအနေ ဖြင့် ပုဒ်မ-၅၉(စ)အား ဖွဲ့စည်းပုံအခြေ ခံပါ ပုဒ်မ-၄၃၆ အတိုင်းပြင်မည်ဆို ပါက အချိန်ကြန့်ကြာနိုင်ပြီး ဆိုင်းငံ့ သည့်လမ်းကြောင်းကို ရွေးချယ်သင့် သည်ဟု ၄င်းကအကြံပြုသည်။''အဓိကကတော့ တပ်မတော်က သဘောတူဖို့ပဲ။ အဲဒါကိုလဲ ညှိနှိုင်းပြီး ပြီလို့ထင်တယ်''ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

၁၉၅၈ခုနှစ်က ဗိုလ်ချုပ်ကြီးနေ ဝင်းအား အိမ်စောင့်အစိုးရအဖြစ်ခန့် အပ်ခြင်းသည် ၁၉၄၇ ဖွဲ့စည်းပုံအ ခြေခံဥပဒေအား ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအား ဆိုင်းငံ့ခြင်း သည် မြန်မာနိုင်ငံတွင် အစဉ်အလာ ရှိခဲ့သည်ဟု ¤င်းကထောက်ပြသည်။

Yangon Times Journal

0 comments:

Post a Comment