Wednesday, February 10, 2016

ဆရာတော်တစ်ပါးနှင့် လူခုနစ်ဦးကို TNLA သတ်ဖြတ်ခဲ့ကြောင်း SNLD ကိုယ်စားလှယ်တစ်ဦးဆို

RCSS/SSA မှ တအာင်းကျေးရွာသားများကို တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းနေကြောင်း အရပ်ဘက်အဖွဲ့အစည်းနှစ်ခုကပြောကျောက်မဲမြို့ တော့ ဆန်ကျေးရွာအနီးတွင် လူခုနစ် ဦးနှင့် ကျောင်းထိုင်ဆရာတော် တစ်ပါးကို RCSS နှင့်ပတ်သက် သည်ဟုစွပ်စွဲကာ တအာင်းအမျိုး သား လွတ်မြောက်ရေးတပ်မတော် (TNLA)တပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။လားရှိုးမြို့မှ ဆရာတော် တစ်ပါးဦးဆောင်ကာ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ဆောင်နေသည့် မေတ္တာစက်ဝန်းငွေစုငွေချေးအဖွဲ့ မှ ကျောက်မဲမြို့ တာဝန်ခံအမျိုး သားရှစ်ဦးကို TNLA က ဖေဖော် ၀ါရီ ၆ ရက်ညတွင် ဖမ်းဆီးသွား ပြီး ဖေဖော်ဝါရီ ၇ ရက်၌ ခုနစ်ဦး ကို သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေး အခြေအနေအရ အမည်မဖော်လို သည့် ယင်းလွှတ်တော်ကိုယ်စား လှယ်ကပြောကြားသည်။

‘‘၆ ရက်နေ့ညက ဒီဘက်မှာ မေတ္တာစက်ဝန်း ခေါ်တာပေါ့။ ငွေစုငွေချေး အဖွဲ့ဆိုတာရှိပါတယ်။ မေတ္တာစက်ဝန်းက တစ်ရွာဝင်တစ်ရွာထွက် ငွေစုငွေချေးစာရင်းရှင်းရင်း ည၈နာရီလောက်မှာဖမ်းချုပ်ခေါ်သွားတယ်။ အမျိုးသားရှစ်ယောက်၊ ကျောင်းသား သုံးယောက်နဲ့ဆိုရင် ၁၁ ယောက်။ ကျောင်းသားသုံးယောက်ကို ပြန် လွှတ်ပေးတယ်။ ကျန်တဲ့ခုနစ် ယောက်ကို RCSS နှင့်ပတ်သက် တယ်ဆိုပြီးတော့ ရှမ်းပြည်နယ်နေ့ (၇ ရက်နေ့)မှာ သတ်လိုက်တယ်’’ ဟု ၎င်းကပြောသည်။

ကျောင်းသားသုံးဦးမှာ အ လယ်တန်းကျောင်းသားများဖြစ် ကြပြီး ကျန်အမျိုးသားတစ်ဦးမှာမူ အသက်ရှင်လျက်ရှိနေသေးသည် ဟု သတင်းရကြောင်း ကျောက်မဲမြို့လူမှုရေးအဖွဲ့မှ ဦးဆောင် ဆရာတော်တစ်ပါးက မိန့်ကြားသည်။ အသတ်ခံရသူ အမျိုးသား ခုနစ်ဦးသည် ကျောက်မဲမြို့နယ် မင်းကုန်းကျေးရွာမှဖြစ်သည်။ အခြားကျေးရွာတစ်ရွာမှ ကျောင်းထိုင် ဆရာတော်တစ်ပါးကိုပါ ဖေဖော်ဝါရီ ၈ ရက်က ထပ်မံသတ်ဖြတ်ခဲ့ပြီး ကားနှစ်စီးနှင့် လူနေအိမ်လေးလုံးကိုလည်း မီးရှို့ဖျက်ဆီး သွားကြောင်း ကျောက်မဲမြို့ဒေသ ခံများကပြောသည်။

TNLA က အမျိုးသား ခုနစ် ဦးကိုသတ်ပြီးနောက် တော့ဆန် ရွာသားများကို သဂြုင်္ိဟ်ခိုင်းသော ကြောင့် သတင်းကိုအတည်ပြု နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ လွှတ်တော်ကိုယ်စားလှယ် ကပြောသည်။ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက လူရှစ်ဦးကို TNLA က သတ်လိုက်ကြောင်း သတင်းကြားသော်လည်းထိုဒေသ တွင် တိုက်ပွဲများဖြစ်ပွားနေသော ကြောင့် သီးသန့်အတည်မပြုနိုင် သေးကြောင်း ပြောကြားသည်။

TNLA ဌာနချုပ်သို့ ဖေဖော် ၀ါရီ ၁၀ ရက်က ဆက်သွယ်မေး မြန်းရာ ပြန်ကြားရေးတာဝန်ခံ မရှိ သေးသောကြောင့် နောက်ပိုင်းမှ ပြန်လည်ဆက်သွယ်ရန် ပြောကြား သည်။ နောက်တစ်ကြိမ် ပြန်ဆက် ရာ ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။ သို့ သော် BBC သတင်းဌာနသို့မူ အမျိုးသားခုနစ်ဦးလို ၎င်းတို့ မ သတ်ကြောင်း ဖြေကြားထားချက် တွေ့ရသည်။ TNLA အတွင်းရေးမှူး ဗိုလ်မှူးကြီးတာဘုန်းကျော်၏ ဖုန်းသို့ဆက်သွယ်ရာတွင်လည်း မရခဲ့ပေ။

အခြားသတင်းတစ်ရပ်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)က မိုင်းကိုင်မြို့ နယ်ရှိ ကျေးရွာပေါင်း ၂၅ ရွာမှ တပ်သားလေးရာကျော်ရရှိရန် တပ်သားသစ် စုဆောင်းခဲ့ကြောင်း တအာင်းအမျိုးသားအဖွဲ့အစည်း နှင့် တအာင်းကျောင်းသားနှင့်လူ ငယ်များအဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်စွဲဖြင့် သဘောထားထုတ်ပြန် သည်။ တပ်သားမပေးနိုင်ပါက တပ်သားတစ်ဦးလျှင် ကျပ်သိန်း သုံးဆယ်နှုန်းပေးရမည်ဟု ဒေသ ခံရွာသားများကို ပြောခဲ့ကြောင်း ဆိုသည်။ ထို့အပြင် ရှမ်းပြည် တောင်ပိုင်းရှိ တအာင်းရွာသူရွာ သား များကို မတရားဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်း၊ ကျေးရွာများ၊ အိုးအိမ်များ ဖျက် ဆီးခြင်းများပြုလုပ်နေပြီး ဖေဖော် ၀ါရီ ၈ ရက်က နမ့်ခမ်းမြို့နယ် လောနော်ကျေးရွာရှိ ရွာသားတစ် ဦးကို အကြောင်းပြချက်မရှိဘဲဖမ်း ဆီးပြီး ဖေဖော်ဝါရီ ၁၀ ရက်အထိ ရွာအတွင်း ကြိုးတုပ်ကာညှဉ်းပမ်း နှိပ်စက်နေသည်ဟု ကြေညာချက် ကဆိုသည်။ ထို့ကြောင့် အပြစ်မဲ့ ပြည်သူများကို ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပမ်းနှိပ်စက် ခြင်း၊ အတင်းအဓမ္မ ပစ္စည်းများ လုယက်ခြင်း၊ ဖျက်ဆီးခြင်းနှင့် အဓမ္မတပ်သားသစ် စုဆောင်း ခြင်းများမပြုလုပ်ရန် အထက်ပါ အဖွဲ့၏သဘောထား ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ကျောက်မဲမြို့ တော့ဆန် ကျေးရွာအနီးတွင် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (တောင် ပိုင်း) (RCSS/SSA)နှင့် TNLA တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ် ပွားနေပြီး အပြစ်မဲ့ရွာသားများ အ သတ်ခံနေရသည်ကို အစိုးရက ဖြေ ရှင်းပေးစေလိုကြောင်း စစ် ဘေးသင့်သူများအား ကယ်ဆယ် ရေးလုပ်ဆောင်ပေးနေသည့် ကျောက်မဲမြို့ ဒေသခံလူမှုရေး အ ဖွဲ့များက တိုက်တွန်းထားသည်။ တိုက်ပွဲများကြောင့် စစ်ဘေးသင့် နှစ်ထောင်မှ ငါးထောင်ကြားရှိနေ ကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment