Monday, February 1, 2016

ဒါရိုက်တာအသစ်တွေ ရိုက်ပေးတဲ့ အိုင်းရင်းဇင်မာမြင့်ရဲ့ ချစ်လို့အမ်တီဗီ


တစ်ကိုယ်တော်စီးရီး‘‘ချစ် လို့’’အမ်တီဗီအခွေကို ၎င်း၏မွေး နေ့အမီ သြဂုတ်တွင် ထွက်ရှိရန်စီ စဉ်နေသည်ဟု အဆိုတော် အိုင်း ရင်းဇင်မာမြင့်ကပြောသည်။

‘‘အခု အမ်တီဗီရိုက်ကူးပြီး တာ ခြောက်ပုဒ်လောက်ရှိပါပြီ။ ဒီအခွေမှာတော့ ဒါရိုက်တာအ သစ်တွေနဲ့ ရိုက်ထားတယ်။ လာ မယ့်ရှစ်လပိုင်းမှာ အိုင်းရင်းရဲ့မွေး နေ့ လည်းရှိတော့ အခွေပါတစ်ခါ တည်းထွက်နိုင်အောင် စီစဉ်နေပါ တယ်’’ဟု အိုင်းရင်းဇင်မာမြင့်က ပြောသည်။ အဆိုပါအခွေတွင် ဖရယ်ဒီ၊ဆန်းထွဋ် အပါအ၀င် ဒါရိုက်တာအသစ်များက ရိုက်ကူးပုံဖော်ပေးထားပြီး ၎င်း၏ ပထမတစ်ကိုယ်တော်အခွေ‘‘ယိမ်းလိုက်’’နှင့်မတူအောင် ဆန်းသစ်စွာကြိုးစားဖန်တီးမည်ဟုသိရသည်။‘‘ဒီအခွေမှာတော့ သီချင်းနဲ့ လိုက်ဖက်တဲ့ ပုံစံလေးတွေ စီစဉ် ထားတယ်။ တစ်ခုနဲ့တစ်ခုတော့ ပုံစံတွေချင်းမတူဘူးပေါ့။ ဒါရိုက် တာတွေကလည်း အသစ်တွေပါ တယ်ဆိုတော့ အရင်အခွေနဲ့မတူ အောင်လည်း အကောင်းဆုံးကြိုး စားစီစဉ်နေပါတယ်’’ဟု အိုင်းရင်း ဇင်မာမြင့်ကဆိုသည်။

ထို့အပြင် အဆိုတော်ကောင်း ကောင်းနှင့် စုံတွဲအခွေထွက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါအခွေ၌ သီချင်းအမျိုးအစား စုံလင်စွာ ထည့်ပေးထားကြောင်း၊ လက်ရှိ တွင် အဆိုတော် ဇော်ပိုင်စီစဉ် သည့် ZPNI အခွေ၌ ဇော်ပိုင်၊ ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော်တို့ နှင့်အတူ ပါဝင်သီဆိုပေးထားကာ ရန်ကုန်နှင့်နယ်ရှိုးများ သွား ရောက်ဖျော်ဖြေရန်ရှိကြောင်း သိရသည်။

7Day Daily

0 comments:

Post a Comment