Tuesday, December 3, 2019

အချုပ်သားသယ်ဆောင်လာသော အချုပ်ကားလမ်းဘေးသစ်ပင်တိုက်ပြီး ရပ်တန့်သွားရာမှ နောက်မှဆိုင်ကယ်က ထပ်တိုက်မှုဖြစ်ပွား

Image may contain: 1 person, standing and outdoor

ကျောက်ဆည်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် အချုပ်ကားသည် ဒီဇင်ဘာလ (၃)ရက်နေ့ (၉)နာရီချိန်ခန့်တွင် ၂၆ ဘီလမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား အရောက်တွင် လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး အချုပ် သား(၇)ဦး၊ ရဲတပ်ဖွဲ့ဝင်(၃)ဦးနှင့် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီး(၁)ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ပထမဆုံးရွှေတံဆိပ်ဆုကို အိန္ဒြေဖူး က ဆွတ်ခူးရရှိပြီး မြန်မာကို အဆင့်(၇)သို့ ရောက်ရှိစေခဲ့

Image may contain: 1 person, text
၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ဆုကို မြန်မာ Arnis အမျိုးသမီးကစားသမား အိန္ဒြေဖူးက ပြိုင်ဘက်အိမ်ရှင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားကစားသမားများကို ကျော်ကာ ရမှတ်အများဆုံးဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် မြန်မာကို အဆင့်(၇)သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

အနုပညာလောက အရှက်ရစေတဲ့နေ့

Image may contain: 2 people, people smiling, people standing

ခီဇနီးမောင်နှံက Now & Ever ဇာတ်ကားကနေရရှိတဲ့ ၀င်ငွေကို တရား၀င်ကြေငြာသွားတယ်။

ဖိလစ်ပိုင်နိုင်ငံတွင် ဝင်ရောက်တိုက်ခတ်လျက်ရှိသည့် Kammuri မုန်တိုင်းကြောင့် ဆီးဂိမ်းပြိုင်ပွဲမှ အားကစားနည်းအချို့ ရက်ရွှေ့ဆိုင်း


ဖိလစ်ပိုင်နိုင်ငံတွင် ဝင်ရောက်တိုက်ခတ်လျက်ရှိသည့် Kammuri မုန်တိုင်းကြောင့် ဆီးဂိမ်းစ်ပြိုင်ပွဲမှ အားကစားနည်းအချို့ကို ရက်ရွှေ့ဆိုင်းကျင်းပနေရပြီး ယင်းအထဲတွင် ဆူဘစ်မြို့၌ကျင်းပရန်စီစဉ်ထားသော မြန်မာအား ကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်း၊ ကနူးကယက်တို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

သားနှစ်ယောက်အား သက်သေအဖြစ်မှ ပယ်ဖျက်ပေးရန်တောင်ဆိုသော်လည်း တရားရုံးကလက်မခံဘဲ (၆) ကြိမ်မြောက်ရုံးချိန်းတွင် ကလေးနှစ်ဦးနှင့်အမှုစစ်အရာရှိတစ်ဦးကိုစစ်ဆေးမည်

Image may contain: one or more people, people standing and text

ရှေ့နေဒေါ်စုဒါလီအောင်ကို တရားစွဲဆိုထားတဲ့အမှုမှာ သက်သေအဖြစ်တင်သွင်းထားတဲ့ သားနှစ်ဦးကို သက်သေစာရင်းကနေ ပယ်ဖျက်ပေးဖို့ တရားလို Wisdom Hill ကျောင်းကြီး ကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ဥပဒေအရာရှိထံ လျှောက်ထားခဲ့ပေမယ့် ဥပဒေရုံးက လက်မခံခဲ့ကြောင်း သိရှိရသည်။

Monday, December 2, 2019

အစိုးရက ဖျက်ခိုင်းတဲ့အချိန်ကြရင် ဖျက်ပေးရမှာပါဆိုပြီး ဘယ်ချိန်မှာ ကျူးကျော်နေရာလေးကနေ ဖယ်ပေးရ မလဲဆိုတာ စိတ်ပူနေရတဲ့ လူကြမ်းသရုပ်ဆောင် ဇော်ကြီး


လူကြမ်းသရုပ်ဆောင် ဇော်ကြီးမှာ ကျူးကျော်ရပ်ကွက်ထဲမှာပဲ အိမ်သေးသေးလေး တစ်လုံးဆောက်လုပ်ပြီး မိသားစုနဲ့အတူတူ နေထိုင်ကာ သူ့ဘဝအသက်ရှင်သန်နိုင်ဖို့ ကြိုးစားရုန်းကန် ရင်း အနုပညာအလုပ်တွေကို ရတဲ့နေရာကနေ လုပ်ကိုင်ဖြစ်နေသလို ဘယ်အချိန်မှာ အိမ်ဖျက်ပြီးဖယ်ပေးရမလဲဆိုတာတွေးပူနေတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။

" ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီး ဝင်ငွေမှ နိုင်ငံတော်သို့ သိန်းပေါင်း ၁၈၀၀ နီးပါး အခွန်ဆောင်မည့် ဒါရိုက်တာ ခရစ္စတီးနားခီ"


ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးတဲ့ "ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြီးသည် ရုပ်ရှင်ချစ်ပြည်သူအများ၏ အားပေးချီးမြှောက်မှုကြောင့် ရုံတင်ဝင်ငွေ သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့တယ်လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် Fan Meeting မှာ တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

(၁၀) ကြိမ်မြောက်အောင်ဘာလေ ကျပ်သိန်း (၂၀၀၀ ) ဆုကို ချောက်မြို့ ပြည့်စုံကဖေးဆိုင်မှ ကိုငြိမ်းချမ်း ဆွတ်ခူး


၁၀ ကြိမ်မြောက်အောင်ဘာလေ ကျပ်သိန်း (၂၀၀၀ ) ဆုကို ချောက်မြို့ ရဲစခန်းတိုက်တန်း ချမ်းသာကြီး ထီဆိုင်ကနေ ပြည့်စုံကဖေးဆိုင်မှ ကိုငြိမ်းချမ်း ချောက်မြို့မှ ဆွတ်ခူးရရှိသွားခဲ့ကြောင်း သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နောင်တရားမြို့ ဒေသခံများအား တွေ့ဆုံ

Image may contain: 3 people, people standing, crowd, hat, wedding and outdoorImage may contain: 4 people

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

ဂျပန်နိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့အဆင့်ရှိ ကာရာတေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် ကချင်လူငယ် ကျို့ရှင်းကရာတေးအဖွဲ့ မြစ်ကြီးနားသို့ ပြန်လည်ရောက်ရှိ

Image may contain: 5 people, people smiling

ဂျပန်နိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့အဆင့်ရှိ ကရာတေး ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ဆုရရှိခဲ့သည့် ကချင်လူငယ် ကျို့ရှင်းကရာတေးအဖွဲ့တို့သည် ဒီဇင်ဘာ ၂ ရက်နေ့က ညနေ ၅ နာရီအချိန်တွင် ​ မြစ်ကြီးနားလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

ရုရှားထုတ် မစ်ဇိုင်း Zircon မှာ တရုတ်ထုတ် DF-17 ကို တုပထားဟု တရုတ်ဆို

Image may contain: outdoorImage may contain: ocean, sky, mountain, outdoor, nature and water

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားကျွမ်းကျင်ပညာရှင်တွေဟာ နောက်ဆုံးပေါ် အသံထက်မြန်တဲ့ ပဲ့ထိန်း မစ်ဇိုင်း Zircon ကို အောင်မြင်စွာတီထွင်ထုတ်လုပ်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပေမယ့် တရုတ်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ တရုတ်ထုတ် DF-17 အသံထက်မြန်တဲ့ မစ်ဇိုင်းကို ပုံစံတူကူးချထားတဲ့ ပုံစံငယ် ဖြစ်တယ်လို့ တရုတ်စစ်ဘက်ဆိုင်ရာမီဒီယာတစ်ခုဖြစ်တဲ့ Sina Military မှာ ဖော်ပြခဲ့ကြောင်း သိရှိရသည်။

(၆) ကြိမ်မြောက်( Ballon D' Or ) ဆုကို ဘာစီလိုနာကစားသမား မက်ဆီဆွတ်ခူး

Image may contain: 3 people
2019 ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး အမျိုးသား ဘောလုံးသမား ( Ballon D' Or ) ဆုကို ဘာစီလိုနာ အသင်းရဲ့ အိုင်ကွန်ကစားသမား မက်ဆီ မှ(၆) ကြိမ်မြောက် ဆွတ်ခူး ရရှိသွားခဲ့ပါပြီ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှလုံးဆေးကုသဆောင်ဖွင့်ပွဲ့ အခမ်းအနားသို့ တက်ရောက်

Image may contain: 3 people, people standing and indoor

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၊ နှလုံးဆေးကုသဆောင်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။

မော်လိုက်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၂)မိုင်ခန့် အကွာကို ဗဟိုပြု၍ မြေငလျင်လှုပ်ခတ်




၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၁၄)မိနစ်၊ (၅၉)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၅၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၂)မိုင်ခန့် အကွာ)၊ မြောက် လတ္တီတွဒ် (၂၃.၅၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၆)ဒီဂရီ၊ အနက် (၉၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

ရွှေဘိုမြို့နယ်တွင် ကာလပေါက်ဈေးငွေကျပ် သိန်း ၂၃၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီတွင် ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်နေ နေစိုးထက်(ခ)ရဲနောင် ၂၄ နှစ်နှင့် ဇနီးဖြစ်သူ မဇာခြည်ထိုက် ၃၆ နှစ်တို့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းတို့နှင့်အတူ ဝက်လက်မြို့နယ်၊ သရိုင်ကျေးရွာနေ နေဝင်းထက် ၃၅ နှစ်အားတွေ့ရှိပြီး နေအိမ်မှ ဆပ်ပြာခွက်များဖြင့်ထည့်ထား သည့် ဘိန်းဖြူအလေးချိန် ၅၆ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၆ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၅၁၁ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၇၅.၅၅ သိန်း)၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် မြန်မာငွေ ၄၅၀၀ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အမေရိကန်တွင် လေယာဉ်ငယ်တစ်စီးပျက်ကျပြီး လူ(၃)ဦးသေဆုံး

Image may contain: night and outdoor

အမေရိကန်နိုင်ငံ၊ တက္ကဆက် ပြည်နယ် ဆန်အန်တိုနီယို မြို့က နိုင်ငံတကာလေဆိပ်မှာ ယခုလ(၁)ရက်နေ့ညနေပိုင်းတွင် လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ(၃)ဦးသေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

မြန်မာ ယူ၂၂ အသင်းနှင့် မြန်မာ အမျိုးသမီး အသင်းအား ကျပ်သိန်း ၇၀၀ ဂုဏ်ပြုချီးမြှင့်

Image may contain: 2 people, people smiling, people standing and textImage may contain: 11 people, outdoor

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF အနေဖြင့် ဆီးဂိမ်းစ် ပြိုင်ပွဲမစတင်မီ ပြိုင်ပွဲ၀င် ကစားသမားများ စိတ်ဓာတ် တက်ကြွစေရန် လည်းကောင်း၊ ကြိုးစားမှုအား ဂုဏ်ပြုသည့် အနေဖြင့်လည်းကောင်း ပြိုင်ပွဲကာလ မစတင်မီကပင် ဆီမီးဖိုင်နယ် တက်ခဲ့ပါက ဆုကြေး ထိုက်တန်စွာချီးမြှင့်သွားမည် ဖြစ်ကြောင်း အသင်းများအား အသိပေးခဲ့ကြောင်း သိရှိရသည်။