Monday, December 2, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နောင်တရားမြို့ ဒေသခံများအား တွေ့ဆုံ

Image may contain: 3 people, people standing, crowd, hat, wedding and outdoorImage may contain: 4 people

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှ နောင်တရားမြို့ရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံစဉ် "မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လူသားအရင်းအမြစ်သည် အရေးအကြီးဆုံးဖြစ်သဖြင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် မျိုးဆက်သစ်များ မွေးထုတ်ပေးရန်အတွက် ပညာရေးကို အားပေးကြရန်လိုကြောင်း၊ မြေသယံဇာတများစွာရှိသည့် အတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မွေးမြူရေးလုပ်ငန်းကိုပါ ဆောင်ရွက်ကြစေလိုပြီး သမ္မာ အာဇီဝနည်းလမ်းများဖြင့် မိမိဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း" ပြောကြားခဲ့ကြောင်း သိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲပြုလုပ်မည့် နောင်တရားမြို့၊ ရတနာရန်နိုင်စေတီသို့ရောက်ရှိကြရာ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ခင်းကျင်း ပြသထားသည့် ဒေသထွက် သီးနှံများနှင့် သီးနှံထွက်ကုန်ပစ္စည်းများအား ကြည့်ရှုကြပြီး အပြန်အလှန်ဆွေးနွေးကြသည်။ ယင်းနောက် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာတွင် ပင်လောင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက် များနှင့် ဒေသအတွင်း စီးပွားရေးအခြေအနေများနှင့် ဒေသခံပြည်သူများက ဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက် များကိုအသီးသီး တင်ပြကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ "မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးကို အားပေးရန် လိုပြီး အသိပညာ၊ အတတ်ပညာများ ပြည့်စုံသော ပညာရှင်များပေါ်ထွက်စေရေး ကြိုးစားအားပေးကြစေလိုကြောင်း၊ တိုင်းပြည်အတွက်လည်း ကြိုးစားကြစေလိုကြောင်း၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာကို ထိန်းသိမ်းနိုင်မည်ဆိုပါက စည်းလုံးညီညွတ်မှု ရရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာမှုမရှိ၊ ဥပဒေကိုလေးစားလိုက်နာမှုမရှိပါက တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်မှုများသာ ဖြစ်လာနိုင်ကြောင်း " ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများအားပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဒေသထွက်သီးနှံများအား လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
Image may contain: 4 people, people standing and outdoor
Image may contain: 7 people, outdoor and food
Image may contain: 8 people, people standing and outdoor

<zawgyi>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နောင်တရားမြို့ ဒေသခံများအား တွေ့ဆုံ
Tuesday, December 3 , 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မှ နောင်တရားမြို့ရှိ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံစဉ် "မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လူသားအရင်းအမြစ်သည် အရေးအကြီးဆုံးဖြစ်သဖြင့် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် မျိုးဆက်သစ်များ မွေးထုတ်ပေးရန်အတွက် ပညာရေးကို အားပေးကြရန်လိုကြောင်း၊ မြေသယံဇာတများစွာရှိသည့် အတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲဖက်၍ မွေးမြူရေးလုပ်ငန်းကိုပါ ဆောင်ရွက်ကြစေလိုပြီး သမ္မာ အာဇီဝနည်းလမ်းများဖြင့် မိမိဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း" ပြောကြားခဲ့ကြောင်း သိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲပြုလုပ်မည့် နောင်တရားမြို့၊ ရတနာရန်နိုင်စေတီသို့ရောက်ရှိကြရာ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် ဒေသခံပြည်သူများက လှိုက်လှိုက်လှဲလှဲကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ခင်းကျင်း ပြသထားသည့် ဒေသထွက် သီးနှံများနှင့် သီးနှံထွက်ကုန်ပစ္စည်းများအား ကြည့်ရှုကြပြီး အပြန်အလှန်ဆွေးနွေးကြသည်။ ယင်းနောက် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာတွင် ပင်လောင်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးက ဒေသဆိုင်ရာအချက်အလက် များနှင့် ဒေသအတွင်း စီးပွားရေးအခြေအနေများနှင့် ဒေသခံပြည်သူများက ဒေသတွင်း စိုက်ပျိုးရေးဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက် များကိုအသီးသီး တင်ပြကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ "မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးကို အားပေးရန် လိုပြီး အသိပညာ၊ အတတ်ပညာများ ပြည့်စုံသော ပညာရှင်များပေါ်ထွက်စေရေး ကြိုးစားအားပေးကြစေလိုကြောင်း၊ တိုင်းပြည်အတွက်လည်း ကြိုးစားကြစေလိုကြောင်း၊ အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာကို ထိန်းသိမ်းနိုင်မည်ဆိုပါက စည်းလုံးညီညွတ်မှု ရရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာမှုမရှိ၊ ဥပဒေကိုလေးစားလိုက်နာမှုမရှိပါက တိုးတက်မှုမရှိဘဲ ဆုတ်ယုတ်မှုများသာ ဖြစ်လာနိုင်ကြောင်း " ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများအားပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဒေသထွက်သီးနှံများအား လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment