Monday, December 2, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှလုံးဆေးကုသဆောင်ဖွင့်ပွဲ့ အခမ်းအနားသို့ တက်ရောက်

Image may contain: 3 people, people standing and indoor

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၊ နှလုံးဆေးကုသဆောင်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး သက်ရှည်ကျန်းမာသည့်ဘဝကို ပိုင်ဆိုင်ရန် လူတိုင်း ဆန္ဒရှိကြကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ စားဝတ် နေရေး၊ ပညာရေး စသည်တို့ကိုအောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်သားမိသားစုများကိုသာမက တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုပါ အောင်မြင်စွာ ဆောင်ရွက် ပေးလျက်ရှိသည့်အတွက် ဝမ်းသာဂုဏ်ယူအသိအမှတ်ပြု ပါကြောင်းနှင့် ဆက်လက်၍ လည်း အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းသွားကြ စေလိုကြောင်းဖြင့် အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နှလုံးဆေးကုသဆောင်ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှလုံးဆေးကုသမှုဌာန ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဆေးကုမ္ပဏီများမှ ခင်းကျင်းပြသထားသော ဆေးနှင့်ဆေးပစ္စည်းများကို လှည့်လည် ကြည့်ရှု လေ့လာခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နှလုံးဆေးကုသမှုဌာနအား လှည့်လည်ကြည့်ရှုကြပြီး နှလုံးရောဂါဆိုင်ရာဆေးဝါးကုသမှုခံယူလျက်ရှိသည့် လူနာများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီး ဓာတ်ရောင်ခြည်ကုသမှုဆောင်နှင့် ကင်ဆာရောဂါခွဲစိတ် ကုသဆောင် ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။
Image may contain: one or more people
Image may contain: 10 people, people standing
Image may contain: 2 people, people smiling
<zawgyi>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှလုံးဆေးကုသဆောင်ဖွင့်ပွဲ့ အခမ်းအနားသို့ တက်ရောက်
Tuesday, December 3 , 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၊ နှလုံးဆေးကုသဆောင်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း တပ်မတော်မှ သိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး သက်ရှည်ကျန်းမာသည့်ဘဝကို ပိုင်ဆိုင်ရန် လူတိုင်း ဆန္ဒရှိကြကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ စားဝတ် နေရေး၊ ပညာရေး စသည်တို့ကိုအောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်သားမိသားစုများကိုသာမက တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုပါ အောင်မြင်စွာ ဆောင်ရွက် ပေးလျက်ရှိသည့်အတွက် ဝမ်းသာဂုဏ်ယူအသိအမှတ်ပြု ပါကြောင်းနှင့် ဆက်လက်၍ လည်း အစဉ်အလာကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းသွားကြ စေလိုကြောင်းဖြင့် အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နှလုံးဆေးကုသဆောင်ဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှလုံးဆေးကုသမှုဌာန ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး ဆေးကုမ္ပဏီများမှ ခင်းကျင်းပြသထားသော ဆေးနှင့်ဆေးပစ္စည်းများကို လှည့်လည် ကြည့်ရှု လေ့လာခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နှလုံးဆေးကုသမှုဌာနအား လှည့်လည်ကြည့်ရှုကြပြီး နှလုံးရောဂါဆိုင်ရာဆေးဝါးကုသမှုခံယူလျက်ရှိသည့် လူနာများအား တစ်ဦးချင်း ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီး ဓာတ်ရောင်ခြည်ကုသမှုဆောင်နှင့် ကင်ဆာရောဂါခွဲစိတ် ကုသဆောင် ဆောက်လုပ်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment