Tuesday, December 3, 2019

အချုပ်သားသယ်ဆောင်လာသော အချုပ်ကားလမ်းဘေးသစ်ပင်တိုက်ပြီး ရပ်တန့်သွားရာမှ နောက်မှဆိုင်ကယ်က ထပ်တိုက်မှုဖြစ်ပွား

Image may contain: 1 person, standing and outdoor

ကျောက်ဆည်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် အချုပ်ကားသည် ဒီဇင်ဘာလ (၃)ရက်နေ့ (၉)နာရီချိန်ခန့်တွင် ၂၆ ဘီလမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား အရောက်တွင် လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး အချုပ် သား(၇)ဦး၊ ရဲတပ်ဖွဲ့ဝင်(၃)ဦးနှင့် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီး(၁)ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
Image may contain: sky and outdoor
Image may contain: one or more people, sky and outdoor
<zawgyi>
အချုပ်သားသယ်ဆောင်လာသော အချုပ်ကားလမ်းဘေးသစ်ပင်တိုက်ပြီး ရပ်တန့်သွားရာမှ နောက်မှဆိုင်ကယ်က ထပ်တိုက်မှုဖြစ်ပွား
Tuesday, December 3 , 2019.

ကျောက်ဆည်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် အချုပ်ကားသည် ဒီဇင်ဘာလ (၃)ရက်နေ့ (၉)နာရီချိန်ခန့်တွင် ၂၆ ဘီလမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား အရောက်တွင် လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး အချုပ် သား(၇)ဦး၊ ရဲတပ်ဖွဲ့ဝင်(၃)ဦးနှင့် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီး(၁)ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

အချုပ်သား (၁၈) ဦးကို မန္တလေးအိုးဘို အကျဉ်းထောင်သို့ ပို့ဆောင်ရန် တင်ဆောင်လာစဉ် လမ်းဘေးသစ်ပင် ကိုတိုက်မိခဲ့ပြီး ကားရပ်တန့်သွားရာမှ ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး မောင်းနှင်လာသောဆိုင်ကယ်သည် အချုပ်ကားအား ဝင်တိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်နှင့်သစ်ပင် တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံပို့ဆောင်ထားကြောင်း သိရသည်။
ထိုယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

0 comments:

Post a Comment