Monday, December 2, 2019

ရုရှားထုတ် မစ်ဇိုင်း Zircon မှာ တရုတ်ထုတ် DF-17 ကို တုပထားဟု တရုတ်ဆို

Image may contain: outdoorImage may contain: ocean, sky, mountain, outdoor, nature and water

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားကျွမ်းကျင်ပညာရှင်တွေဟာ နောက်ဆုံးပေါ် အသံထက်မြန်တဲ့ ပဲ့ထိန်း မစ်ဇိုင်း Zircon ကို အောင်မြင်စွာတီထွင်ထုတ်လုပ်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပေမယ့် တရုတ်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ တရုတ်ထုတ် DF-17 အသံထက်မြန်တဲ့ မစ်ဇိုင်းကို ပုံစံတူကူးချထားတဲ့ ပုံစံငယ် ဖြစ်တယ်လို့ တရုတ်စစ်ဘက်ဆိုင်ရာမီဒီယာတစ်ခုဖြစ်တဲ့ Sina Military မှာ ဖော်ပြခဲ့ကြောင်း သိရှိရသည်။

ရုရှားကထုတ်လုပ်တဲ့ အသံထက်မြန်တဲ့ မစ်ဇိုင်း Zircon ကို နိုင်ငံတကာက ရုရှားဗားရှင်း DF-17 လို့ ထင်မှတ် ကြတယ်လို့လည်း Sina Military မှာ ဖော်ပြထားပါတယ်။ ဒါပေမယ် တရုတ်ထုတ် DF -17 တွေဟာ ရုရှား ထက်အများကြီးစောပြီး စစ်တပ်မှာ အသုံးပြုနေပြီဖြစ်ကြောင်း သိရှိရသည်။
ရုရှားအစိုးရပိုင်ရုပ်သံလိုင်းကအကွာအဝေးကီလိုမီတာ တစ်ထောင်ကျော်အထိရောက်ရှိတဲ့ အသံထက်မြန်သည့် မစ်ဇိုင်း Zircon ကို သမ္မတပူတင်အနေနဲ့ နျူကလီးစစ်ပွဲမှာ အမေရိကန်ရဲ့ မြို့တွေကို ဖျက်ဆီးဖို့အတွက် ရွေးချယ်အသုံးပြုနိုင်တယ်လို့ ဖော်ပြခဲ့ကြောင်း သိရှိရသည်။
Image may contain: one or more people

<zawgyi>
ရုရှားထုတ် မစ်ဇိုင်း Zircon မှာ တရုတ်ထုတ် DF-17 ကို တုပထားဟု တရုတ်ဆို
Tuesday, December 3 , 2019

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားကျွမ်းကျင်ပညာရှင်တွေဟာ နောက်ဆုံးပေါ် အသံထက်မြန်တဲ့ ပဲ့ထိန်း မစ်ဇိုင်း Zircon ကို အောင်မြင်စွာတီထွင်ထုတ်လုပ်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပေမယ့် တရုတ်စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ တရုတ်ထုတ် DF-17 အသံထက်မြန်တဲ့ မစ်ဇိုင်းကို ပုံစံတူကူးချထားတဲ့ ပုံစံငယ် ဖြစ်တယ်လို့ တရုတ်စစ်ဘက်ဆိုင်ရာမီဒီယာတစ်ခုဖြစ်တဲ့ Sina Military မှာ ဖော်ပြခဲ့ကြောင်း သိရှိရသည်။
ရုရှားကထုတ်လုပ်တဲ့ အသံထက်မြန်တဲ့ မစ်ဇိုင်း Zircon ကို နိုင်ငံတကာက ရုရှားဗားရှင်း DF-17 လို့ ထင်မှတ် ကြတယ်လို့လည်း Sina Military မှာ ဖော်ပြထားပါတယ်။ ဒါပေမယ် တရုတ်ထုတ် DF -17 တွေဟာ ရုရှား ထက်အများကြီးစောပြီး စစ်တပ်မှာ အသုံးပြုနေပြီဖြစ်ကြောင်း သိရှိရသည်။
ရုရှားအစိုးရပိုင်ရုပ်သံလိုင်းကအကွာအဝေးကီလိုမီတာ တစ်ထောင်ကျော်အထိရောက်ရှိတဲ့ အသံထက်မြန်သည့် မစ်ဇိုင်း Zircon ကို သမ္မတပူတင်အနေနဲ့ နျူကလီးစစ်ပွဲမှာ အမေရိကန်ရဲ့ မြို့တွေကို ဖျက်ဆီးဖို့အတွက် ရွေးချယ်အသုံးပြုနိုင်တယ်လို့ ဖော်ပြခဲ့ကြောင်း သိရှိရသည်။
#Myanmar_Online_News #Zircon #DF-17 #အသံထက်မြန်တဲ့မစ်ဇိုင်း

0 comments:

Post a Comment