Monday, December 2, 2019

ရွှေဘိုမြို့နယ်တွင် ကာလပေါက်ဈေးငွေကျပ် သိန်း ၂၃၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နိုဝင်ဘာလ ၃၀ ရက်နေ့ ည ၉ နာရီတွင် ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်နေ နေစိုးထက်(ခ)ရဲနောင် ၂၄ နှစ်နှင့် ဇနီးဖြစ်သူ မဇာခြည်ထိုက် ၃၆ နှစ်တို့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် ၎င်းတို့နှင့်အတူ ဝက်လက်မြို့နယ်၊ သရိုင်ကျေးရွာနေ နေဝင်းထက် ၃၅ နှစ်အားတွေ့ရှိပြီး နေအိမ်မှ ဆပ်ပြာခွက်များဖြင့်ထည့်ထား သည့် ဘိန်းဖြူအလေးချိန် ၅၆ ဂရမ်(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၅၆ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃၅၁၁ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၇၅.၅၅ သိန်း)၊ လက်ကိုင်ဖုန်း ၄ လုံးနှင့် မြန်မာငွေ ၄၅၀၀ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နေစိုးထက်(ခ)ရဲနောင် ၊ မဇာခြည်ထိုက် နှင့် နေဝင်းထက် တို့အား ရွှေဘိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
<zawgyi>

Monday , December 2 , 2019

#Myanmar_Online_News #CCDAC

0 comments:

Post a Comment