Tuesday, December 3, 2019

အနုပညာလောက အရှက်ရစေတဲ့နေ့

Image may contain: 2 people, people smiling, people standing

ခီဇနီးမောင်နှံက Now & Ever ဇာတ်ကားကနေရရှိတဲ့ ၀င်ငွေကို တရား၀င်ကြေငြာသွားတယ်။

အံ့အားသင့်စရာကတော့ ဒီတစ်ကားထဲအတွက်ပဲ နိုင်ငံတော်ကို အခွန်သိန်း ၁၁၀၀ ကျော်ပေးဆောင်မယ်တဲ့။ ရှေ့နှစ်ကားက သိန်း ၁၈၀၀ ဆောင်ခဲ့ပီးပြီတဲ့
အဲ့တော့ ပြန်စဉ်းစားမိတာက လွန်ခဲ့တဲ့ ၂၀၁၇ တုန်းက ကျုပ်တို့မြန်မာအနုပညာရှင်တွေရဲ့ အခွန်ဆောင်ခဲ့မှုတွေပါ . . .
တစ်နှစ်လုံးအတွက် သိန်း ၂၀ အထက်ဆောင်တာက အနုပညာလောက တစ်ခုလုံး(ရုပ်ရှင်ဂီတပေါင်း) မှ ၄ ဦးပဲရှိတယ်။
၁၀ သိန်းအထက်ဆောင်တာက ၂ ဦးပဲရှိတယ်
၁ သိန်းအောက် ၃ ဦးအပါအ၀င် စုစုပေါင်း အခွန်ဆောင်တာ ၁၆ ဦးပဲရှိတယ် .
ကျန်တဲ့သူတွေက လုံးလုံးကိုမဆောင်လို့ ဆောင်ပေးကြပါ တောင်းယူရတဲ့အဖြစ် . . .
၅ ရက်လောက်ရိုက်တဲ့ ရုပ်ရှင်ကားတစ်ကားက ထုတ်လုပ်သူက သိန်းသောင်းချီမြတ်တယ်
ဒါရိုက်တာနဲ့ သရုပ်ဆောင်မင်းသား မင်းသမီးတွေက ထိုင်ထလုပ်ယုံနဲ့ သိန်းရာချီ ထောင်ချီရကြတယ်
နာမည်ကြီး အဆိုတော်တွေ တီးဝိုင်းတွေ တစ်ပွဲ သိန်းထောင်ချီ၀င်ကြတယ်
ဒါပေမယ့် သူတို့တစ်သက်လုံးအခွန်ဆောင်လာတာက မနေ့တနေ့ကမှ ရုပ်ရှင်လောကထဲ၀င်လာတဲ့ ခီဇနီးမောင်နှံရဲ့ အစွန်းထွက်တောင်မရှိဘူး . . .
အခွန်ရှောင်ကြလို့ ရုပ်ရှင်လောကတိုးတက်လား ရုပ်ရှင်လောကသားတွေ တိုးတက်လားဆိုတော့ အရံတွေဘ၀က သူတောင်းစားသာသာဖြစ်နေကြရတဲ့ဘဝတွေ
ပေါကား အခြောက်ကား ဟာသကားတွေရိုက်ပြီး ပြည်သူကို ဂျင်းထည့် အခွန်ရှောင်ကြတဲ့ အနုပညာရှင်တွေ ရှက်ကြစမ်းဗျာ
အနုပညာလောကထဲမှာ ခုလို ဘယ်လောက်ရတယ် ဘယ်လိုအခွန်ဆောင်တယ် ဘယ်သူပြောရဲကြလဲ
ကျုပ်ကတော့ ခီဇနီးမောင်နှံရဲ့ ယခုလုပ်ရပ်ကိုတော့ တကယ်လေးစားသွားပြီ
ကျုပ်တို့အားလုံးလေးစား အတုယူကြရမယ်ဗျ . . .
လမ်းကြောင်းမှန်စွာ မယိုင်မလဲလျှောက်လှမ်းနိုင်ပါစေဗျာ . . .
<zawgyi>
အနုပညာလောက အရှက်ရစေတဲ့နေ့
Tuesday, December 3 , 2019.

ခီဇနီးမောင်နှံက Now & Ever ဇာတ်ကားကနေရရှိတဲ့ ဝင်ငွေကို တရားဝင်ကြေငြာသွားတယ်။
အံ့အားသင့်စရာကတော့ ဒီတစ်ကားထဲအတွက်ပဲ နိုင်ငံတော်ကို အခွန်သိန်း ၁၁၀၀ ကျော်ပေးဆောင်မယ်တဲ့။ ရှေ့နှစ်ကားက သိန်း ၁၈၀၀ ဆောင်ခဲ့ပီးပြီတဲ့
အဲ့တော့ ပြန်စဉ်းစားမိတာက လွန်ခဲ့တဲ့ ၂၀၁၇ တုန်းက ကျုပ်တို့မြန်မာအနုပညာရှင်တွေရဲ့ အခွန်ဆောင်ခဲ့မှုတွေပါ . . .
တစ်နှစ်လုံးအတွက် သိန်း ၂၀ အထက်ဆောင်တာက အနုပညာလောက တစ်ခုလုံး(ရုပ်ရှင်ဂီတပေါင်း) မှ ၄ ဦးပဲရှိတယ်။
၁၀ သိန်းအထက်ဆောင်တာက ၂ ဦးပဲရှိတယ်
၁ သိန်းအောက် ၃ ဦးအပါအဝင် စုစုပေါင်း အခွန်ဆောင်တာ ၁၆ ဦးပဲရှိတယ် .
ကျန်တဲ့သူတွေက လုံးလုံးကိုမဆောင်လို့ ဆောင်ပေးကြပါ တောင်းယူရတဲ့အဖြစ် . . .
၅ ရက်လောက်ရိုက်တဲ့ ရုပ်ရှင်ကားတစ်ကားက ထုတ်လုပ်သူက သိန်းသောင်းချီမြတ်တယ်
ဒါရိုက်တာနဲ့ သရုပ်ဆောင်မင်းသား မင်းသမီးတွေက ထိုင်ထလုပ်ယုံနဲ့ သိန်းရာချီ ထောင်ချီရကြတယ်
နာမည်ကြီး အဆိုတော်တွေ တီးဝိုင်းတွေ တစ်ပွဲ သိန်းထောင်ချီဝင်ကြတယ်
ဒါပေမယ့် သူတို့တစ်သက်လုံးအခွန်ဆောင်လာတာက မနေ့တနေ့ကမှ ရုပ်ရှင်လောကထဲဝင်လာတဲ့ ခီဇနီးမောင်နှံရဲ့ အစွန်းထွက်တောင်မရှိဘူး . . .
အခွန်ရှောင်ကြလို့ ရုပ်ရှင်လောကတိုးတက်လား ရုပ်ရှင်လောကသားတွေ တိုးတက်လားဆိုတော့ အရံတွေဘဝက သူတောင်းစားသာသာဖြစ်နေကြရတဲ့ဘဝတွေ
ပေါကား အခြောက်ကား ဟာသကားတွေရိုက်ပြီး ပြည်သူကို ဂျင်းထည့် အခွန်ရှောင်ကြတဲ့ အနုပညာရှင်တွေ ရှက်ကြစမ်းဗျာ
အနုပညာလောကထဲမှာ ခုလို ဘယ်လောက်ရတယ် ဘယ်လိုအခွန်ဆောင်တယ် ဘယ်သူပြောရဲကြလဲ
ကျုပ်ကတော့ ခီဇနီးမောင်နှံရဲ့ ယခုလုပ်ရပ်ကိုတော့ တကယ်လေးစားသွားပြီ
ကျုပ်တို့အားလုံးလေးစား အတုယူကြရမယ်ဗျ . . .
လမ်းကြောင်းမှန်စွာ မယိုင်မလဲလျှောက်လှမ်းနိုင်ပါစေဗျာ . . .
#ကျော်ကြီး(MDY) #Kyaw_Naing_Win

0 comments:

Post a Comment