(၂၀၁၉)ခုနှစ် (၁၀)လတာအတွင်း တိုင်ကြားစာပေါင်း(၈၇၀၀)ကျော် လက်ခံရရှိခဲ့တယ်လို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က သိရပါတယ်။(၂၀၁၉)ခုနှစ် ဇန်နဝါရီလကနေ အောက်တို ဘာလ အထိ စာရင်းအရ တိုင်ကြားစာပေါင်း (၈၇၈၂)စောင် လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ဒီတိုင်ကြားစာတွေထဲကမှ ကော်မရှင်က စိစစ် အရေးယူဆောင်ရွက်ပြီးမှုက (၈၀၀၀)ကျော်ရှိတယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် တိုင်ကြားစာရောက်ရှိမှုမှာတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ (၁၇၀၀) ကျော်ရှိပြီး၊ တိုင်ကြားမှု အများဆုံးဖြစ်ပါတယ်။ တိုင်ကြားမှု အနည်းဆုံးကတော့ ကယားပြည်နယ်ဖြစ်ကာ (၂၇) စောင်သာ ရှိတာဖြစ်ပါတယ်။