Monday, December 30, 2019

ပထမအကြိမ် ဇွဲကပင်တောင်တက်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်

No photo description available.Image may contain: 5 people, people sitting, table and indoor

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပထမအကြိမ် ဇွဲကပင်တောင်တက်ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဇွဲကပင်အရှေ့ခြမ်းတောင်ခြေသစ်ချရွာမှ စတင်ကျင်းပသွားမည်ရာ ပြိုင်ပွဲဝင် လူဦးရေ ၁၃၄၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း ယနေ့ မွန်းလွဲပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အပေါ်ထပ် အစည်းအဝေးခန်းမ-၂ ၌ ကျင်းပသည့် ဇွဲကပင်တောင်တက်ပြိုင်ပွဲကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

ကရင်ပြည်နယ်၏ ကျက်သရေဆောင်ဇွဲကပင်တောင်သည် အမြင့်ပေ ၂၃၇၂ ရှိပြီး မြင့်မား၍ မက်စောက်သော သဘာဝထုံးကျောက်တောင်ဖြစ်ရာ ပြိုင်ပွဲဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အဆင်ပြေချောမွေ့စွာ ယှဉ်ပြိုင်နိုင်ရေး အတွက် ယခုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးက ဇွဲကပင်တောင်တက်ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားကာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြိုင်ပွဲကျင်းပရေးဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော လူမှုရေးအသင်းအဖွဲ့များ၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ အား/ကာနှင့်ဌာနဆိုင်ရာများက ပြိုင်ပွဲနှင့်စပ်လျဉ်း၍ တောင်တက်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရေး၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကြိုတင် ဆောင်ရွက်ထားရမည့် အစီအမံများအား အကြံပြုဆွေးနွေးခဲ့ကြသည်။
ဇွဲကပင်တောင်တက်ပြိုင်ပွဲကို အသက်(၄၀)နှစ်အထက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ အသက်(၄၀)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား ၄ မျိုးခွဲ၍ ကျင်းပသွားမည်ဖြစ်ပြီး ဇွဲကပင်အရှေ့ခြမ်း တောင်ခြေနှင့် ၄ ဖာလုံအကွာ ခလောက်နို့၊ သစ်ချရွာတွင် စတင်တာလွှတ်မည်ဖြစ်ပြီး ဇွဲကပင်အနောက်ခြမ်း ဒုံရင်း၊ တော်ပုံကျေးရွာ လုံမ္ပနီဥယာဉ် ဈေးဆိုင်ခန်းရှေ့တွင် ပန်းဝင်မည်ဖြစ်ကာ ပြိုင်ပွဲအမျိုးအစား အတန်းအလိုက် ပထမဆု မှ ဒသမဆုထိ ဆုများကိုထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
<zawgyi>
ပထမအကြိမ် ဇွဲကပင်တောင်တက်ပြိုင်ပွဲကို ပြိုင်ပွဲဝင် ၁၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်
Monday , December 30 , 2019

0 comments:

Post a Comment