Tuesday, December 31, 2019

ထိုင်းနိုင်ငံ ၊ လိပ်ကျွန်းလူသတ်မှု ရင်ခွဲစစ်ဆေးတဲ့အပေါ် နိုင်ငံတကာ မီဒီယာများ၏ ဝေဖန်မှုကို ထိုင်းရဲငြင်းဆို

Image may contain: 4 people, textImage may contain: 2 people, people smiling, closeup

၂၀၁၄ ခုနှစ်၊ ခိုတောင်(လိပ်)ကျွန်းလူသတ်မှုမှာ ထိုင်းရဲတပ်ဖွဲ့ရင်ခွဲစစ်ဆေးတာကို နိုင်ငံတကာမီဒီယာတွေဝေဖန်နေတဲ့အပေါ် ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ပါတယ်။

ထိုင်းရဲရင်ခွဲစစ်ဆေးမှု နိုင်ငံတကာစံနှုန်းနဲ့မကိုက်ညီဘူးလို့ နိုင်ငံတကာမီဒီယာတွေမှာဝေဖန်နေကြတာပါ။ Fairfax သတင်းဌာနက အွန်လိုင်းမှာတင်ခဲ့တဲ့ သတင်းဆောင်းပါးတစ်ခုကိုကိုးကားပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ပြောခွင့်ရသူရဲဒုတိယဗိုလ်ချုပ်ကြီး ပီယာ အူသာယိုက ပြောပါတယ်။
ဇော်ဝင်းနဲ့ဝင်းဇော်ထွန်းတို့ကို လက်ရှိမှာ ထိုင်းထောင်မှာထိန်းသိမ်းထားပြီး ထိုင်းဘုရင်ဆီ အသနားခံစာတင်ထားပါတယ်။ ထိုင်းရဲတပ်ဖွဲ့ရဲ့ရင်ခွဲစစ်ဆေးမှုက FBIလိုက်နာတဲ့စံနှုန်းအတိုင်းလိုက်နာနေတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့ပြောခွင့်ရသူကပြောပါတယ်။ ရင်ခွဲစစ်ဆေးမှုတွေကို သေသေချာချာလုပ်ခဲ့တယ်လို့လည်းပြောပါတယ်။ နိုင်ငံတကာစံနှုန်းများအတိုင်း ထိုင်းရဲဆေးရုံ၊ ရင်ခွဲစစ်ဆေးမှုအင်စတီကျူ့နဲ့ထိုင်းရဲရင်ခွဲစစ်ဆေးမှုသိပ္ပံရုံးတို့မှာ DNAစစ်ဆေးခဲ့ပါတယ်။
စစ်ဆေးခဲ့တဲ့ရဲအရာရှိနှစ်ယောက်က တရားခွင်မှာသက်သေတွေအဖြစ်လည်း ထွက်ဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်၊ ဆူရတ်သာနီခရိုင်က ခိုတောင်ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသည်ဒေးဗစ် မိုင်လာနဲ့ ဟန်နာ ဝစ်သာရစ်ဂျ်တို့ ရက်ရက်စက်စက်သတ်ခံခဲ့ရပြီး မြန်မာနိုင်ငံသားဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ဖမ်းခံခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ သြဂုတ်မှာ ထိုင်းတရားရုံးချုပ်က အောက်ရုံးနဲ့အယူခံတရားရုံးတို့ကဆုံးဖြတ်ခဲ့တဲ့သေဒဏ်စီရင်ချက်ကို ဆက်ပြီးကိုင်ဆွဲခဲ့ပါတယ်။
မြန်မာနိုင်ငံသားနှစ်ဦးက အစပိုင်းမှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာ ငြင်းဆိုခဲ့ပြီး နှိပ်စက်ထွက်ဆိုခိုင်းလို့ ထွက်ဆိုခဲ့တာလို့ပြောပါတယ်။
Source-Chiang Rai Times
<zawgyi>
ထိုင်းနိုင်ငံ ၊ လိပ်ကျွန်းလူသတ်မှု ရင်ခွဲစစ်ဆေးတဲ့အပေါ် နိုင်ငံတကာ မီဒီယာများ၏ ဝေဖန်မှုကို ထိုင်းရဲငြင်းဆို
Tuesday , December 31 , 2019

၂၀၁၄ ခုနှစ်၊ ခိုတောင်(လိပ်)ကျွန်းလူသတ်မှုမှာ ထိုင်းရဲတပ်ဖွဲ့ရင်ခွဲစစ်ဆေးတာကို နိုင်ငံတကာမီဒီယာတွေဝေဖန်နေတဲ့အပေါ် ထိုင်းရဲတပ်ဖွဲ့က ငြင်းဆိုခဲ့ပါတယ်။
ထိုင်းရဲရင်ခွဲစစ်ဆေးမှု နိုင်ငံတကာစံနှုန်းနဲ့မကိုက်ညီဘူးလို့ နိုင်ငံတကာမီဒီယာတွေမှာဝေဖန်နေကြတာပါ။ Fairfax သတင်းဌာနက အွန်လိုင်းမှာတင်ခဲ့တဲ့ သတင်းဆောင်းပါးတစ်ခုကိုကိုးကားပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ပြောခွင့်ရသူရဲဒုတိယဗိုလ်ချုပ်ကြီး ပီယာ အူသာယိုက ပြောပါတယ်။
၂၀၁၆ ခုနှစ်က ထိုင်းနိုင်ငံကို နိုင်ငံခြားရင်ခွဲစစ်ဆေးမှုသက်သေခံအဖြစ်လာရောက်ခဲ့တဲ့ သြစတြေးလျနိုင်ငံသူ ရင်ခွဲစစ်ဆေးမှုကျွမ်းကျင်သူ ဂျိန်းတော်ပင်ကိုကိုးကားပြီး သတင်းဖော်ပြခဲ့တာပါ။ ထိုင်းရဲတပ်ဖွဲ့ရဲ့မှုခင်းရင်ခွဲစစ်ဆေးတဲ့ဓာတ်ခွဲခန်းဟာ မယုံကြည်ထိုက်ဘူးလို့ တော်ပင်က စွပ်စွဲခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ တရားပြိုင်နှစ်ဦးစလုံးရဲ့DNAကို တရားရုံးမျက်မှောက်မှာထုတ်ယူခဲ့တယ်လို့ ပီယာက အတည်ပြုပါတယ်။ မှုခင်းဖြစ်တဲ့နေရာမှာတွေ့ရြပီး မြန်မာရွှေ့ပြောင်းလုပ်သားဇော်ဝင်းနဲ့ဝင်းဇော်ထွန်းတို့ကို သေဒဏ်ပေးခဲ့တဲ့ DNA နဲ့ထပ်တူညီတယ်လို့လည်းပြောပါတယ်။
ဇော်ဝင်းနဲ့ဝင်းဇော်ထွန်းတို့ကို လက်ရှိမှာ ထိုင်းထောင်မှာထိန်းသိမ်းထားပြီး ထိုင်းဘုရင်ဆီ အသနားခံစာတင်ထားပါတယ်။ ထိုင်းရဲတပ်ဖွဲ့ရဲ့ရင်ခွဲစစ်ဆေးမှုက FBIလိုက်နာတဲ့စံနှုန်းအတိုင်းလိုက်နာနေတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့ပြောခွင့်ရသူကပြောပါတယ်။ ရင်ခွဲစစ်ဆေးမှုတွေကို သေသေချာချာလုပ်ခဲ့တယ်လို့လည်းပြောပါတယ်။ နိုင်ငံတကာစံနှုန်းများအတိုင်း ထိုင်းရဲဆေးရုံ၊ ရင်ခွဲစစ်ဆေးမှုအင်စတီကျူ့နဲ့ထိုင်းရဲရင်ခွဲစစ်ဆေးမှုသိပ္ပံရုံးတို့မှာ DNAစစ်ဆေးခဲ့ပါတယ်။
စစ်ဆေးခဲ့တဲ့ရဲအရာရှိနှစ်ယောက်က တရားခွင်မှာသက်သေတွေအဖြစ်လည်း ထွက်ဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်၊ ဆူရတ်သာနီခရိုင်က ခိုတောင်ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသည်ဒေးဗစ် မိုင်လာနဲ့ ဟန်နာ ဝစ်သာရစ်ဂျ်တို့ ရက်ရက်စက်စက်သတ်ခံခဲ့ရပြီး မြန်မာနိုင်ငံသားဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ဖမ်းခံခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ သြဂုတ်မှာ ထိုင်းတရားရုံးချုပ်က အောက်ရုံးနဲ့အယူခံတရားရုံးတို့ကဆုံးဖြတ်ခဲ့တဲ့သေဒဏ်စီရင်ချက်ကို ဆက်ပြီးကိုင်ဆွဲခဲ့ပါတယ်။
မြန်မာနိုင်ငံသားနှစ်ဦးက အစပိုင်းမှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာ ငြင်းဆိုခဲ့ပြီး နှိပ်စက်ထွက်ဆိုခိုင်းလို့ ထွက်ဆိုခဲ့တာလို့ပြောပါတယ်။

Source-Chiang Rai Times

0 comments:

Post a Comment