Monday, December 30, 2019

ထွက်ပေါ်လာတဲ့ ဝေဖန်မှု အဖြစ်အပျက်တွေအပေါ် ရင်ဖွင့်လာတဲ့ Myanmar Idol Season 4 Winner ဆုရှင် အက်စတာ

Image may contain: 1 person, smiling, foodImage may contain: 3 people, people smiling, people standing

Myanmar Idol Season 4 Winner ဆုရှင် အက်စတာ ကတော့ သူမကို ဝေဖန်တိုက်ခိုက်လာတဲ့ ပရိသတ်တွေသိအောင် အမှန်တရားတွေကို ထုတ်ဖော်ပြောပြလာပါတယ်။ သူမဟာ ဆင်းရဲတဲ့မိသားစုဝင်တစ်ဦးဖြစ်ပေမယ့် ဝါသနာပါတဲ့ ဂီတအလုပ်ကို အခက်အခဲတွေကြားက ကြိုးစားခဲ့ရတယ်လို့ဆိုပါတယ်။

သူမဟာ Myanmar idol ပြိုင်ပွဲဝင်တစ်ယောက်မဖြစ်ခင်က Chin Idol ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲမှာ winner ဆုရရှိခဲ့တာကြောင့် ပြည်ပမှာနေထိုင်တဲ့ ချင်းလူမျိုးတွေရဲ့အကူအညီကြောင့် နိုင်ငံခြားခရီးကို သွားခဲ့ရကြောင်းကို သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
"သမီးက 2017 မှာ Chin Idol မှာ winner ဆုရခဲ့တယ် အဲကနေတစ်ဆင့် winner ရတဲ့သူကို နိုင်ငံခြားမှာနေတဲ့ချင်းအဖွဲ့အစည်းကနေပြီးတော့ တဆင့် Gospel concert လုပ်ဖို့ခေါ်တယ်( သမီးတို့ချင်းလူမျိုးကဆင်းရဲတယ် ရှင့်။ သီချင်းဆိုပြီးတော့ ပိုက်ဆံအများကြီးရဖို့ အရမ်းခက်ခဲတယ်။ ဒါပေမယ့်ပြည်ပမှာ နေတဲ့နိုင်ငံအသီးသီးက ချင်းလူမျိုးတွေကနေတစ်ဆင့် သမီးတို့ ချင်းလူမျိုးထဲက Gospel singer ပဲဖြစ်ဖြစ်၊ love song singer ပဲဖြစ်ဖြစ် သူတို့ပံ့ပိုးမှုကနေတဆင့် အဆိုတော်တွေအရမ်းတော်လွန်းလို့ခေါ်တယ်ဆိုတာထက် ကိုယ့်လူမျိုးအချင်းချင်းသမီးတို့ရဲ့ ကြိုးစားမှုကိုအသိမှတ်ပြုပေးတဲ့ အနေနဲ့မြှင့်တင်ပြီးတော့ရိုင်းပင်းကူညီပေးခဲ့ကြတယ်။ အဲဒီလိုမြှင့်တင်ခံရတဲ့ထဲမှာ သမီးလည်းပါတယ်ပေါ့နော်) ဒီလိုနိုင်ငံခြားသွားတာ သမီးပိုက်ဆံတစ်ပြားတောင်မကုန်ခဲ့ပါဘူး ကိုယ့်ပိုက်ဆံနဲ့ဆိုရင်လည်းမသွားနိုင်ပါဘူးအဲဒီလောက်မချမ်းသာဘူးရှင့်" လို့ သူကဆိုပါတယ်။
ပြည်ပနိုင်ငံမှာရှိတဲ့ ချင်းလူမျိုးတွေဟာ အက်စတာရဲ့ ဂီတဖန်တီးမှုတွေအပေါ် အများကြီး အားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ပြည်ပက ပရိသတ်တွေပေးတဲ့ ဆုတွေကိုလည်း အမြတ်တနိုးထားပြီး လက်ခံခဲ့တာဖြစ်တယ်လို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
"ပြီးတော့ အနုပညာကြေးက မြန်မာနိုင်ငံကအနုပညာကြေးရသလိုမျိုးမရဘူးရှင့်။ ပြီးတော့အဲဒီတုန်းက အနုပညာကြေးကဘယ်လောက်ပါ ဆိုပြီးတော့မသတ်မှတ်ရဲခဲ့ဘူး။ သတ်မှတ်ရအောင်လည်းကိုယ်ကချွန်ထွက်ပြီးတော့တော်တာ၊တက်နေတာလည်းမဟုတ်ခဲ့ဘူး။ သမီးရဲ့ကြိုးစားမှုကို အသိမှတ်ပြုလို့သာ သမီးကိုမေတ္တာနဲ့ခေါ်တာဖြစ်တဲ့အတွက်သူတို့ပေးတဲ့လက်ဆောင်ကိုအမြဲတမ်းကျေကျေနပ်နပ်လက်ခံခဲ့တယ်။ ပျော်လည်းပျော်ခဲ့တယ်၊ လက်ဆောင်မပေးလည်း အဲဒီနိုင်ငံရောက်တာနဲ့တင်သမီးဘက်ကပြောပြလို့မရအောင်ကျေနပ်နေတယ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့အမြင်တွေကျယ်လာခဲ့တယ် အဲဒါဘာနဲ့မှဝယ်လို့မရတဲ့အရာမို့လို့ပါ"လို့ ဆိုပါတယ်။
အက်စတာဟာ နာမည်ကျော်အဆိုတော် တစ်ယောက်မဟုတ်လို့ ပြည်ပမှာ သွားရောက်ဖျော်ဖြေခဲ့စဉ်က အနုပညာကြေးအများကြီးမရပေမယ့်လည်း ရရှိတဲ့ငွေကြေးကို မိခင်ဖြစ်သူ နဲ့ မောင်လေးကို အဆင်ပြေပြေ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရည်မှန်းချက်အတွက် Myanmar idol မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ နေရာထိုင်ခင်းအတွက် အခက်အခဲတွေရှိခဲ့တာကြောင့် ဖခင်ဖြစ်သူကို အကူအညီတောင်းခဲ့ရတယ်လို့ ရင်ဖွင့်ထားပါသေးတယ်။ ဝါသနာပါတဲ့ ဂီတအလုပ်တွေလုပ်ရင်း တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းတက်နေရတဲ့ အက်စတာအတွက်ဒီလို ဝေဖန်မှုမျိုးတွေဟာ အရမ်းကို စိတ်မကောင်းဖြစ်ရတယ်လို့ သူက ဆိုထားပါသေးတယ်။
"လူတစ်ယောက်ရဲ့ဘဝအကြောင်းကို သေချာမသိဘဲနဲ့မပြောပါနဲ့အပူတွေ မယူကြပါနဲ့ ညီမကိုပြောတာအကြောင်းမဟုတ်ဘူး ခံနိုင်ပါတယ် ဒါပေမယ့်ပြောနေတဲ့ သူတွေ ဘဝသံသရာအဆက်ဆက်ဝဋ်ကြွေးတွေဆက်ရမှာစိုးလို့ပါ အားလုံးမေတ္တာနဲ့ပါပြီးတော့သမီးကို ဘာသာခြားအမျိုးတို့ အားလုံးကဘုရားမှာ အလှူတွေလုပ်ပေးတဲ့ သူအားလုံး အမျှ အမျှ အမျှပါ ကျန်းမာပါစေချမ်းသာကြပါစေ လို့ဆုတောင်းပေးပါတယ် နှစ်သစ်မှာဘုရားသခင်ငြိမ် သက်ခြင်းပေးကြပါစေရှင့်" ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါသေးတယ်။
အခုဆိုရင်တော့ Myanmar idol ရဲ့ ပထမဆုံး winner ဆုရှင် မိန်းကလေးတစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ Myanmar idol(Seasom-4) ယှဉ်ပြိုင်နေတဲ့ ပွဲစဉ်တစ်လျှောက်လုံးမှာလည်း သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်အများကြီးရဲ့ အချစ်တွေကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပါတယ်။
Image may contain: 5 people, people smiling, people standing and wedding
Image may contain: 6 people, people smiling, people standing, people on stage, wedding and suit
Source - Ester Dawt Chin Sung
<zawgyi>
ထွက်ပေါ်လာတဲ့ ဝေဖန်မှု အဖြစ်အပျက်တွေအပေါ် ရင်ဖွင့်လာတဲ့ Myanmar Idol Season 4 Winner ဆုရှင် အက်စတာ
Monday , December 30 , 2019

0 comments:

Post a Comment