Monday, December 30, 2019

မြင်းခြံထောင်အတွင်းမှာ အကျဉ်းသားများက ထောင်အာဏာပိုင်များကို အချက် ၁၂ ချက် တောင်းဆိုပြီး ဆူပူမှုဖြစ်ပွားခဲ့

Image may contain: 2 people, people sitting and indoorImage may contain: 2 people, people sitting

မြင်ခြံထောင်အတွင်း ဆန္ဒပြရာမှာ တောင်းဆိုရာမှာ တောင်းဆိုချက် (၁၂) ကို တောင်းဆိုခဲ့ပြီး တောင်းဆို ချက် (၁၂) (၁) ညအချိန် သံဆူးကြိုးကာပြီး နေ့အချိန် ဖြုတ်ထားပေးရန်၊ (၂) ဖျားနာ လျှင် သောက်သုံးရန် အကိုက်အခဲပျောက်ဆေး ယူဆောင်ခွင့်ပြုရန်၊ (၃) အနွေးထည်နှင့် စောင် ယူဆောင်ခွင့်ပြုရန်၊ (၄) ဈေးတန်းမှ အကျဉ်းသားများ ဝယ်သုံးသည့် ပစ္စည်းများ တစ်ထောင်တန်းအား တစ်ထောင်ငါးဆယ်ကျပ်သာ ရောင်းချရန်၊ (၅) ဘောလုံးကန်ခွင့်ပြုရန်၊ (၆) အဝေးမှလာရောက်သည့် မိသားစုအားလုံးအား တွေ့ခွင့်ပေးရန်၊ (၇) မုတ်ဆိတ်ရိတ်ဓား ယူဆောင်ခွင့်ပြုရန်၊ (၈) မိသားစုများ လာပေးသည့် ပစ္စည်းအားလုံး ယူဆောင်ခွင့်ပြုရန်၊ (၉) ဆောင်းရာသီတွင် နေ့လည် (၁၂) နာရီမှ နေ့ (၂)နာရီထိ အဆောင်ရှေ့ အဝတ်လှန်းခွင့်ပြုရန်၊(၁၀) ထောင်အတွင်း ဆေးရုံ လူနာမေးအား တစ်ပတ်လျှင် တစ်ရက်တွေ့ခွင့်ပြုရေး ရက်သတ်မှတ်ပေးရန်၊ (၁၁) ပရုတ်ဆီ/ဒဏ်ကြေလိမ်းဆေးများ ပုလင်းဖြင့် ပေးသွင်းရေး၊(၁၂)လျက်ဆား/အစာကြေဆေးပုလင်းများသွင်းခွင့်ပေးရေးတို့ကို မြင်းခြံထောင်အတွင်းက အကျဉ်းသားများကတောင်းဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံထောင်အတွင်းမှာ အကျဉ်းသားများက ထောင်အာဏာပိုင်များကို အချက် ၁၂ ချက် တောင်းဆိုပြီး ဆူပူမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ထောင်အတွင်း ဆူပူမှုဖြစ်ပွားရခြင်းမှာ အိပ်ဆောင်တံခါးများ ညဘက်ဖွင့်ရာမှာ တံခါးကြီးတစ်ချပ်လုံး ဖွင့်စရာမလိုပဲ (၂)လက်မ အရှည် သံကြိုးတပ်ဆင်ပြီး ဖွင့်ရန် အိပ်ဆောင် (၁)အောက်ခန်းအား စတင်တပ်ဆင်နေချိန်မှာ အိပ်ဆောင် (၁) က အကျဉ်းသားအချင်းချင်း ရန်ဖြစ်ရာကနေ အကြောင်းပြုကာ အိပ်ဆောင်(၁)၊ အိပ်ဆောင် (၂)က အကျဉ်းသားများ စုပေါင်ပြီး အော်ဟစ်ဆူပူ ဆန္ဒပြ ခဲ့ကြတာဖြစ်ပါတယ်။
တောင်းဆိုခဲ့မှုကို မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သက်ထွန်း၊ ထောင်တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်နိုင်‌ ဖေ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းဝင်းတို့မှ ဆူပူတောင်းဆိုမှုတွင် ဦးဆောင်ပါဝင်ခဲ့သော အကျဉ်းသား ခင်မောင်ကြည်၊ အောင်ချိုလတ်၊ ရဲမင်းထက်၊ ထန်းတန်၊ အေးချမ်းစိုး၊ စိုးမင်းညွန့် တို့ (၆) ဦးတို့ဖြင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး တောင်းဆိုချက် (၁၂) ချက်အား အကျဉ်းထောင် ဉပဒေနှင့်အညီ လိုက်လျောပေးခဲ့ပြီး တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
ထောင်အတွင်း ဆူပူမှုကို ဒီဇင်ဘာလ (၃၀) ရက်၊ နံနက် (၁၀) နာရီ အချိန်က စတင်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။
Ref ; Apanny Pyay
<zawgyi>
မြင်းခြံထောင်အတွင်းမှာ အကျဉ်းသားများက ထောင်အာဏာပိုင်များကို အချက် ၁၂ ချက် တောင်းဆိုပြီး ဆူပူမှုဖြစ်ပွားခဲ့
Monday , December 30 , 2019

0 comments:

Post a Comment