Monday, December 30, 2019

သက်ငယ်မုဒိမ်းမှု ကြံစည်ခဲ့တဲ့ရာအိမ်မှုးကို အရေးယူပေးဖို့ ကော့သောင်းမှာ ဆန္ဒထုတ်ဖော်

Image may contain: 3 people, people standing

ကော့သောင်းမြို့မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်သူ ရာအိမ်မှူးကို ရပ်ကွက်နေ ပြည်သူတွေက တိုင်ကြားခဲ့ပေမယ့် တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်ပေးခြင်းမရှိတာကြောင့် ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ကော့သောင်းဒေသခံ ၈၀ ကျော်ကဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ရွှေပြည်သာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ရာအိမ်မှူးဆိုသူက နေအိမ်မှာ သားမယား အဖြစ် ကျူးလွန်ဖို့ ကြံစည်ရာကနေ ရပ်ကွက်နေ ပြည်သူတွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သွားရောက် တန်ကြားခဲ့ပေမယ့် အရေးယူပေးတာမရှိဘူးလို့သိရပါတယ်။
ဆန္ဒထုတ်ဖော် ဦးဆောင်သူ ဦးခင်မောင်သန်းက“ဒီဇင်ဘာလ ၁၆ ရက်နေ့က ရွှေပြည်သာရပ်ကွက်မှာ အသက် ၁၆ နှစ်ရှိ အမျိုးသမီးငယ် တစ်ဦးကို သားမယား အဖြစ် ကြံစည်ဖို့ ဖြစ်စဉ် တစ်ခု ဖြစ်ပွား ခဲ့ပါတယ်၊ ရပ်ကွက်နေ ပြည်သူတွေက အရေးယူပေးဖို့ အုပ်ချုပ်ရေးမှူးကို သွားတိုင်တာ အရေးယူပေးခြင်း မရှိတာကြောင့် အခုလို ဆန္ဒ ထုတ်ဖော်တာ ဖြစ်တယ်”ဟု ပြောဆိုပါတယ်။
အခု ဆန္ဒထုတ်ဖော်ပွဲမှာ ပြည်သူတွေကို မောက်မာစွာ ဆက်ဆံပြီး တာဝန်ဝတ္တရား ပျက်ကွက်တဲ့ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှုးကို တာဝန်ကနေရပ်နား ပေးရေးနဲ့ သက်ငယ်မုဒိမ်းမှု တရားခံကို အမြန်ဆုံး ဖမ်းဆီး ပေးရေး၊ သက်ငယ် မုဒိမ်းမှု ကြံစည်သူ ရွှေပြည်သာရပ်ကွက် ရာအိမ်မှူးကို အမြန်ဆုံး ဖမ်းဆီး ပေးရေး အပါအဝင် အမျိုးသမီးဘ၀ လုံခြုံဖို့ မုဒိမ်းသမားတွေကို နှိမ်နင်းစို့
စတဲ့ ကြွေးကြော်သံတွေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။
Image may contain: 5 people, people standing
Image may contain: 4 people, people smiling, people standing
Image may contain: 5 people, people standing and outdoor
Image may contain: 6 people, crowd and text
Image may contain: 7 people, people standing and crowd
Ref ; Myat Htut - Myeik
<zawgyi>
သက်ငယ်မုဒိမ်းမှု ကြံစည်ခဲ့တဲ့ရာအိမ်မှုးကို အရေးယူပေးဖို့ ကော့သောင်းမှာ ဆန္ဒထုတ်ဖော်
Monday , December 30 , 2019

ကော့သောင်းမြို့မှာ သက်ငယ်မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်သူ ရာအိမ်မှူးကို ရပ်ကွက်နေ ပြည်သူတွေက တိုင်ကြားခဲ့ပေမယ့် တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်ပေးခြင်းမရှိတာကြောင့် ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ကော့သောင်းဒေသခံ ၈၀ ကျော်ကဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ရွှေပြည်သာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ရာအိမ်မှူးဆိုသူက နေအိမ်မှာ သားမယား အဖြစ် ကျူးလွန်ဖို့ ကြံစည်ရာကနေ ရပ်ကွက်နေ ပြည်သူတွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သွားရောက် တန်ကြားခဲ့ပေမယ့် အရေးယူပေးတာမရှိဘူးလို့သိရပါတယ်။
ဆန္ဒထုတ်ဖော် ဦးဆောင်သူ ဦးခင်မောင်သန်းက“ဒီဇင်ဘာလ ၁၆ ရက်နေ့က ရွှေပြည်သာရပ်ကွက်မှာ အသက် ၁၆ နှစ်ရှိ အမျိုးသမီးငယ် တစ်ဦးကို သားမယား အဖြစ် ကြံစည်ဖို့ ဖြစ်စဉ် တစ်ခု ဖြစ်ပွား ခဲ့ပါတယ်၊ ရပ်ကွက်နေ ပြည်သူတွေက အရေးယူပေးဖို့ အုပ်ချုပ်ရေးမှူးကို သွားတိုင်တာ အရေးယူပေးခြင်း မရှိတာကြောင့် အခုလို ဆန္ဒ ထုတ်ဖော်တာ ဖြစ်တယ်”ဟု ပြောဆိုပါတယ်။
အခု ဆန္ဒထုတ်ဖော်ပွဲမှာ ပြည်သူတွေကို မောက်မာစွာ ဆက်ဆံပြီး တာဝန်ဝတ္တရား ပျက်ကွက်တဲ့ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှုးကို တာဝန်ကနေရပ်နား ပေးရေးနဲ့ သက်ငယ်မုဒိမ်းမှု တရားခံကို အမြန်ဆုံး ဖမ်းဆီး ပေးရေး၊ သက်ငယ် မုဒိမ်းမှု ကြံစည်သူ ရွှေပြည်သာရပ်ကွက် ရာအိမ်မှူးကို အမြန်ဆုံး ဖမ်းဆီး ပေးရေး အပါအဝင် အမျိုးသမီးဘဝ လုံခြုံဖို့ မုဒိမ်းသမားတွေကို နှိမ်နင်းစို့
စတဲ့ ကြွေးကြော်သံတွေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်ပါတယ်။
Ref ; Myat Htut - Myeik

0 comments:

Post a Comment