Tuesday, December 31, 2019

တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

Image may contain: 4 people, people standing, child and indoor

ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လည်ပိုင်းတွင် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ (၂၂)ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထိန်လင်းနှင့် ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်ကျင်းပ ကြောင်းကြေငြာပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူ စေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်းများကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က သူနာပြုသိပ္ပံဘွဲ့ ၅၉ ဦး၊ ဆေးဝါးကျွမ်းကျင်မှု သိပ္ပံဘွဲ့သုံးဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာသိပ္ပံဘွဲ့ (ဓာတ်ခွဲနည်းပညာ လေးဦး၊ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ ငါးဦး၊ ခန္ဓာသန်စွမ်းမှုနည်းပညာ ` ငါးဦး) စုစုပေါင်း ၇၆ ဦးတို့ကို ဘွဲ့လက်မှတ်များအပ်နှင်းပြီးနောက် ကျောင်းအုပ်ကြီးက အဆောင် အယောင်အမှတ်လက္ခဏာ ဖြစ်သည့် ဝတ်ရုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ယင်းနောက် ကျောင်းအုပ်ကြီးက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းကြောင်းကြေငြာကာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်း သဘင်ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အနေဖြင့် ၂၀၀၃ ခုနှစ်မှ စတင်၍ ဘွဲ့နှင်းသဘင်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ယနေ့အထိ သူနာပြု ပါရဂူဘွဲ့ ၂၀ ဦး၊ ဆေးပညာသင်ကြားရေးဘွဲ့လွန်ဒီပလိုမာ ၂၁၁ ဦး၊ သူနာပြု မဟာ သိပ္ပံဘွဲ့ ၃၇၇ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ ၄၂ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာ မဟာသိပ္ပံဘွဲ့ ၁၂၁ ဦး၊ သူနာပြုသိပ္ပံဘွဲ့(ပေါင်းကူး) ၁၁၃ ဦး၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေခြင်းနည်းပညာ ဒီပလိုမာဘွဲ့ ၁၄ ဦး၊ အထူးကြပ်မတ် သူနာပြုစုမှု ဒီပလိုမာဘွဲ့ ၁၄ ဦး၊ ခွဲစိတ်ခန်းသူနာပြုစုမှု ဒီပလိုမာဘွဲ့ ၃၅ ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၃၁၀၄ ဦး၊ ဆေးဝါးကျွမ်းကျင်မှုသိပ္ပံဘွဲ့ ၂၀၇ ဦး၊ ဆေးဘက် ဆိုင်ရာ နည်းပညာသိပ္ပံဘွဲ့ ၅၈၇ ဦး၊ စုစုပေါင်း ၄၈၄၅ ဦးတို့အား ဘွဲ့များအပ်နှင်း ပေးခဲ့ပြီး ဖြစ်သည်။
တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ရှိ စာပေသင်ကြားရေးဆိုင်ရာ နည်းပြအရာရှိများ နိုင်ငံတကာအဆင့်မီ အတက်ပညာများရရှိရေးအတွက် ပြည်ပ သင်တန်းများတက်ရောက်စေလွှတ်ခဲ့ရာ ၁၉၉၈ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူ တစ်ဦး၊ ၁၉၉၉ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူနှစ်ဦး၊ ၂၀၀၁ ခုနှစ်တွင် သူနာပြုပါရဂူဘွဲ့အတွက် သင်တန်းသူနှစ်ဦးနှင့် သူနာပြု မဟာသိပ္ပံဘွဲ့ အတွက် သင်တန်းသူရှစ်ဦးတို့အား သြစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့ စေလွှတ်ပညာသင်ကြားစေခဲ့ပြီးအဆိုပါသင်တန်းသူ ၁၃ ဦးအား အဆိုပါတက္ကသိုလ်မှ ဘွဲ့အပ်နှင်းသည့်အခမ်းအနားကို ၂၀၀၄ ခုနှစ်တွင် တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့သည်။ အလားတူ ထိုင်းနိုင်ငံ Ching Mai University နှင့် Mahidol University တို့တွင် သူနာပြုမဟာသိပ္ပံဘွဲ့နှင့် ဆေးဝါးမဟာသိပ္ပံဘွဲ့ တက်ရောက် သင်ယူစေခဲ့ပြီး ခြောက်ဦး အောင်မြင်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် သြစတြေးလျနိုင်ငံ La Trobe တက္ကသိုလ်သို့ သူနာပြု ပါရဂူဘွဲ့လွန်သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသူငါးဦးကိုလည်းကောင်း၊ အင်ဒိုနီးရှား နိုင်ငံ University of AirlanggaMulyorejoSurabaတက္ကသိုလ်သို့ သူနာပြုနှင့် ဆေးဘက်ပညာသိပ္ပံဘွဲ့သင်တန်းအမှတ်စဉ် (၁၀) မှ ထူးချွန်သင်တန်းသား နှစ်ဦးကို လည်းကောင်းအဆင့်မြင့်ပညာရပ်များနှင့် ဘွဲ့လွန်သင်တန်း တက်ရောက်ပညာ သင်ကြားစေခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Source:တပ်မတော်ကာကီယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
<<Zawgyi>>
တပ္မေတာ်သူနာျပုနွင့်ဆေးဘက္ပညာတက္ကသိုလ်၏ (၂၂)ကြိမ်ေျမာက် ဘြဲ့နွင်းသဘင်အခမ်းအနားက်င်းပ
Tuesday , December 31 , 2019

0 comments:

Post a Comment