Tuesday, December 31, 2019

(၁၀)လအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားစာ(၈၇၀၀)ကျော် လက်ခံရရှိပြီး ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်နေ


(၂၀၁၉)ခုနှစ် (၁၀)လတာအတွင်း တိုင်ကြားစာပေါင်း(၈၇၀၀)ကျော် လက်ခံရရှိခဲ့တယ်လို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က သိရပါတယ်။(၂၀၁၉)ခုနှစ် ဇန်နဝါရီလကနေ အောက်တို ဘာလ အထိ စာရင်းအရ တိုင်ကြားစာပေါင်း (၈၇၈၂)စောင် လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ဒီတိုင်ကြားစာတွေထဲကမှ ကော်မရှင်က စိစစ် အရေးယူဆောင်ရွက်ပြီးမှုက (၈၀၀၀)ကျော်ရှိတယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် တိုင်ကြားစာရောက်ရှိမှုမှာတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ (၁၇၀၀) ကျော်ရှိပြီး၊ တိုင်ကြားမှု အများဆုံးဖြစ်ပါတယ်။ တိုင်ကြားမှု အနည်းဆုံးကတော့ ကယားပြည်နယ်ဖြစ်ကာ (၂၇) စောင်သာ ရှိတာဖြစ်ပါတယ်။

တိုင်ကြားလာတဲ့ အကြောင်းအရာတွေထဲမှာ ဌာန၊ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်တဲ့ကိစ္စ၊မြေယာကိစ္စ၊ တရားစီရင်ရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေက တိုင်ကြားမှု က အများဆုံးဖြစ်ပါတယ်။စုံစမ်းစစ်ဆေးခဲ့တဲ့ တိုင်ကြားစား တွေအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့အညီ တရားစွဲဆိုအရေးယူ ခဲ့သူ ဦးရေက (၁၃၀)ကျော်ရှိပါ တယ်။ဒါ့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွဆေီကိုလွှဲပြောင်းပေးပို့ခဲ့တဲ့ တိုင်ကြားစာတွေ ထဲက ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနဲ့ အညီအရေးယူ ထားသူ (၄၀၀)ကျော်ရှိတယ်လို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်စာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ - ACC
<zawgyi>
(၁၀)လအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားစာ(၈၇၀၀)ကျော် လက်ခံရရှိပြီး ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်နေ
Tuesday , December 31 , 2019

(၂၀၁၉)ခုနှစ် (၁၀)လတာအတွင်း တိုင်ကြားစာပေါင်း(၈၇၀၀)ကျော် လက်ခံရရှိခဲ့တယ်လို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က သိရပါတယ်။(၂၀၁၉)ခုနှစ် ဇန်နဝါရီလကနေ အောက်တို ဘာလ အထိ စာရင်းအရ တိုင်ကြားစာပေါင်း (၈၇၈၂)စောင် လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ဒီတိုင်ကြားစာတွေထဲကမှ ကော်မရှင်က စိစစ် အရေးယူဆောင်ရွက်ပြီးမှုက (၈၀၀၀)ကျော်ရှိတယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် တိုင်ကြားစာရောက်ရှိမှုမှာတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ (၁၇၀၀) ကျော်ရှိပြီး၊ တိုင်ကြားမှု အများဆုံးဖြစ်ပါတယ်။ တိုင်ကြားမှု အနည်းဆုံးကတော့ ကယားပြည်နယ်ဖြစ်ကာ (၂၇) စောင်သာ ရှိတာဖြစ်ပါတယ်။
တိုင်ကြားလာတဲ့ အကြောင်းအရာတွေထဲမှာ ဌာန၊ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်တဲ့ကိစ္စ၊မြေယာကိစ္စ၊ တရားစီရင်ရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေက တိုင်ကြားမှု က အများဆုံးဖြစ်ပါတယ်။စုံစမ်းစစ်ဆေးခဲ့တဲ့ တိုင်ကြားစား တွေအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့အညီ တရားစွဲဆိုအရေးယူ ခဲ့သူ ဦးရေက (၁၃၀)ကျော်ရှိပါ တယ်။ဒါ့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွဆေီကိုလွှဲပြောင်းပေးပို့ခဲ့တဲ့ တိုင်ကြားစာတွေ ထဲက ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနဲ့ အညီအရေးယူ ထားသူ (၄၀၀)ကျော်ရှိတယ်လို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်စာရင်းတွေအရ သိရပါတယ်။
ဓာတ္ပုံ - ACC

0 comments:

Post a Comment