Sunday, October 25, 2015

NCA လက်မှတ် မထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစည်းအဝေး UWSP ထိန်းချုပ်နယ်မြေတွင် ပြုလုပ်မည်

ဝဒေသ၏ မြို့တော် ပန်ဆန်းမြို့အ၀င် တစ်နေရာ (ဓာတ်ပုံ − ငြိမ်းငြိမ်းပြည့်)

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအဓိကတက်ရောက်မည့်ထိပ် သီးအစည်းအဝေးတစ်ခုကို ‘၀’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ထိန်းချုပ်နယ် မြေတွင် နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်ထိ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့လယ်ပေါက်ကွဲမှု လက်ပစ်ဗုံးဟု ရဲတပ်ဖွဲ့သုံးသပ်

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပျက်စီးနေသောကားနှင့် လမ်းကို တွေ့ရစဉ် (ဓာတ်ပုံ − MOI)

တောင်ကြီးမြို့ ကမ္ဘောဇဘဏ်အနီးတွင် ရပ်တန့် ထားသည့် ကားအောက်ဘက်၌ ပေါက်ကွဲမှုဖြစ်ပွားခြင်းမှာ ဖြတ် သန်းမောင်းနှင်သွားသည့် ဆိုင် ကယ်ပေါ်မှ လက်ပစ်ဗုံးဖြင့် ပစ်၍ ထွက်ပြေးခြင်းဖြစ်နိုင်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချုပ် အောင်အောင်ကပြောသည်။

Saturday, October 24, 2015

NLD တက်လျှင်

IF ဆိုသည်မှာ သမိုင်းတွင် အန္တရာယ်ကြီးသည်။ သို့သော် ထို ‘အကယ်၍’ ကို ကြိုပြီး စဉ်းစားထားမှလည်း အနာဂတ်ကို မှန်းဆနိုင်မည်။ လူအများ မျှော်လင့်တကြီးနှင့် ရေပန်းစားနေသော ‘NLD တက်လျှင်’ ဟူသည့် အနေအထား Scenario ကို စဉ်းစားကြည့်မိသည်။


NLD သည် အတိုက်အခံအဖြစ် နှစ် ၂၀ ကျော် စောင့်အပြီး အစိုးရအဖြစ်သို့ ရောက်ရှိမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် အတိုက်အခံအဖြစ် ကာလကြာရှည်စွာ လှုပ်ရှားခဲ့ပြီး အစိုးရနေရာ ရောက်သွားသည့် ပါတီအဖွဲ့အစည်းများ၏ ကံကြမ္မာမျိုးကို NLD ရင်ဆိုင်ရမည် ဖြစ်သည်။ Landslide မဲအပြတ်အသတ်ဖြင့် နိုင်လေလေ ပြည်သူတို့၏ မျှော်လင့်ချက် ပိုမြင့်လေဖြစ်မည်။ ‘ခုရေတွင်းတူး၊ ခုရေကြည်သောက်လိုသည့်’ ထိုမျှော်လင့်ချက်ကို စနစ်တကျ ကိုင်တွယ်နိုင်မှသာ။ သို့မဟုတ် ‘အချစ်ကြီးက အမျက်ကြီးနိုင်သည်’။

Friday, October 23, 2015

လှပချောမွေ့တဲ့ အသားအရေမျိုး ပိုင်ဆိုင်နိုင်ဖို့ဆိုရင်


သန့်ရှင်း ၊ ချောမွေ့ပြီး တောက်ပနေတဲ့ အသားအရေဆိုတာ ပန်းတိုင်တစ်ခုပါ။ ဒီလိုဖြစ်ဖို့အတွက် အသားအရေ အသွင်အပြင် ၊ မျက်နှာအနေအထားနဲ့ အပြစ်အနာအဆာလေးတွေကိုပါ ပြင်ဆင်နိုင်ဖို့ လိုပါတယ်။

ပျော်ရွှင်သော ချစ်သူစုံတွဲတိုင်း နေ့စဉ်ပြုမူကျင့်သုံးတဲ့ အချက်များ


ချစ်သူစုံတွဲဘဝက ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ်အပြည့်နဲ့ စတင်ပြီး တစ်ဖြည်းဖြည်းနဲ့ ပျင်းရိငြီးငွေ့ဖွယ်ဖြစ်ကာ အေးစက်သွားကြမြဲဆိုတာ ကြိုတင်တွက်ဆဖို့ မခဲယဉ်းပါဘူး။ ဒါတွေဟာ ချစ်သူစုံတွဲဘဝရဲ့ သဘောသဘာဝဖြစ်နေချိန်မှာ ရင်းနှီးဆက်ဆံမှုက ရိုးအီသွားလေ့ရှိပါတယ်။ ဒါပေမယ့် ချစ်သူချင်း ဆက်ဆံရေးကို အစပိုင်းကလို စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဆက်လက်ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ပြောရရင် အရာရာ စိတ်လှုပ်ရှားဖွယ်ရှိနေစေဖို့ နေ့စဉ်ပုံမှန်လုပ်ပေးရမယ့်အထဲ ဒီ အချက် (၁၀) ချက် ပါဝင်တယ်။

ဂြိုလ်စီးဂြိုလ်နင်းမကောင်းသောရွေးကောက်ပွဲနေ့နှင့် ဆင်ခြင်စရာများ

ဘဲလားလေဘာတီ

တစ်ကမ္ဘာလုံးတစ်နိုင်ငံလုံးစိတ်ဝင်စားနေခဲ့ကြသော နိုင်ငံတော် ရွေးကောက်ပွဲနေ့ကတော့ နိုဝင်ဘာ ၈ ရက် တနင်္ဂနွေနေ့မှာကျင်းပကြတော့မည် ဖြစ်သလို ပြည်သူတွေနဲ့ ကမ္ဘာ့မီဒီယာလောကကြီးတစ်ခုလုံးရွေးကောက်ပွဲကြီးက မျှမျှတတရှိပါ့မလားဆိုတဲ့ သံသယစိတ်များရှိနေကြပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာလစ်လပ်နေတဲ့ အမတ်နေရာအများဆုံးရရှိခဲ့တာမို့ ၂၀၁၂ မှာလည်း မျှတတဲ့ ကြားဖြတ် ရွေးကောက်ပွဲလို့ပဲမှတ်ချက်ပေးမယ်ဆိုလည်းမှားစရာမရှိပေ။ သို့ဖြစ်၍ ဒီမိုကရေစီဟေ့ လို့ဆိုပြီးရွေးကောက်ပွဲစတင်ကျင်းပကတည်းက မျှမျှတတရှိခဲ့တာမို့ ရွေးကောက်ပွဲအစဉ်အလာကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်သလိုလာမည့် နိုဝင်ဘာလရွေးကောက်ပွဲကြီးကလည်းအများပြည်သူတို့ သံသယကင်းလို့ မျှတတဲ့ ရွေးကောက်ပွဲကြီးပဲဧကံဖြစ်မှာပါလို့ မျှော်လင့်နိုင်ပါတယ်။

Thursday, October 22, 2015

ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်


ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP/ ALA)နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)တို့ အောက်တိုဘာ ၁၇ ရက်က နှစ်နိုင်ငံနယ်စပ် ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ALP ကပြောသည်။

Girl bids to challenge record for the world's longest legs










People always want to have long legs. Here is a lucky girl, Holly Burt, a 20-year-old American girl, who is believed to have the longest legs in the world at 49.5 inches. She is trying to challenge the current world record, held by model Lauren Williams, whose legs are 49 inches.

အသက် (၄၀) ကျော်လာပြီဆိုတာနဲ့ မှီဝဲသင့်တဲ့ဆေးဝါးခုနစ်မျိုး


ဗီတာမင်နဲ့အာဟာရဓာတ် တွေဟာ ခန္ဓာကိုယ်သန်စွမ်းကျန်း မာနေဖို့အတွက် ရောဂါဘယတွေ ကို စစ်တပ်သဖွယ်ကာကွယ်ပေး တဲ့အရာတွေဖြစ်ပါတယ်။ ခန္ဓာ ကိုယ်ဟာ အသက် (၄၀)အရွယ် ရောက်တာနဲ့ အသက် (၂၀) လောက်ကအလုပ်လုပ်ပုံနဲ့ လုံးဝ ကိုမတူညီနိုင်တော့ဘဲ ကြွက်သား ထုတွေလျော့ရဲယိုယွင်းလာသလို ကိုယ်အလေးချိန်တွေလည်းတက်၊အမျိုးသမီးတွေဆို မီးယပ်သွေး ဆုံးတာကြုံရ၊ ကင်ဆာ၊ နှလုံး ရောဂါ၊ ဆီးချိုရောဂါစတဲ့နာတာ ရှည်ရောဂါတွေဝင်လာနဲ့ အမျိုး မျိုးအဖုံဖုံ အပြောင်းအလဲတွေ စကြုံရပါပြီ။

မြန်မာ ၂ ဦးထံမှ ရွှေထည် ၁၂၀ ကျပ်သားခန့်နှင့် ဘတ်ငွေ ၂ သိန်း ဖမ်းမိ




ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်က ထိုင်း-မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်မှာ မြန်မာနိုင်ငံသား ၂ ဦးထံကနေ ရွှေထည်အလေးချိန် ၁၂၀ ဘတ် (၁၂၀ ကျပ်သားနီးပါး) နဲ့ ထိုင်းဘတ်ငွေ ၂ သိန်း စုစုပေါင်းတန်ဖိုး ဘတ် ၂ သန်းကျော် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ် ။

ပျော်ဘွယ်တွင် အန်အယ်လ်ဒီ ကို သံပုံးတီး မောင်းထုတ်

ဓာတ်ပုံ - ပျော်ဘွယ် အန်အယ်လ်ဒီပါတီ အောင်နိုင်ရေး

မန္တလးတိုင်း၊ ပျော်ဘွယ်မြို့နယ်အတွင်း အန်အယ်လ်ဒီပါတီ မဲဆွယ်စည်းရုံးရေးဆင်းတာကို သံပုံးတီး မောင်းထုတ်တဲ့ဖြစ်ရပ်တခု အောက်တိုဘာ ၂၁ ရက်က ဖြစ်ပွားခဲ့ပါတယ်။ပျော်ဘွယ်မြို့နယ်၊ ကျုတောဝကျေးရွာအုပ်စု၊ ကျုတောဝကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စည်းရုံးရေးခရီးစဉ်မှာ လိုက်ပါသွားတဲ့ ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးညီညီလွင်က ဖြစ်စဉ်ကို အခုလို ပြောပါတယ်။

နိုင်ငံရေးတိုက်ပွဲစတင်ချိန်

အောက်တိုဘာလ၁၅ရက်နေ့နံနက်ပိုင်း၏နေပြည်တော်လမ်းများပေါ်တွင်ယခင်ရက်များထက်ယာဉ်အသွားအလာပိုမိုများပြားနေပါသည်။တာဝန်ကျယာဉ်ထိန်းရဲများနှင့်နယ်မြေခံရဲတပ်ဖွဲ့များကတော့မိုးမလင်းခင်ကတည်းကသူတို့တာဝန်ကျရာနေရာ များတွင်ရောက်ရှိနေကြသည်။ နေပြည်တော်အစိုးရ၏အခမ်းနားဆုံးများမှတစ်ခုဖြစ်သည့်မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်းစင်တာ(အမှတ်နှစ်)ထဲတွင်ပြည်ထောင်စုဝန်ကြီးများ၊အဆင့်မြင့်အရာရှိများနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် များနှင့်နိုင်ငံတကာအသိသက်သေအချို့လည်း ရောက်ရှိနေသည်။ သူတို့ကတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရက်စဲရေးစာချုပ်ကိုလက်မှတ်ရေးထိုးရန်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုပါမှုနိုင်ငံရေးတိုက်ပွဲစတင်ရန်ခြေလှမ်းအစလည်းဖြစ်သည်။

Wednesday, October 21, 2015

NLD ကိုယ်စားလှယ်လောင်းများ ကိုကိုးကျွန်းသို့ မဲဆွယ်စည်းရုံးရန် ရောက်ရှိ


သွားရေးလာရေး အခက်အခဲကြောင့် မဲဆွယ်စည်းရုံး ခွင့်ပြုရက်ပေါင်း ၄၀ ကျော် ကြာမြင့်လာချိန်အထိ သွားရောက်နိုင်ခြင်း မရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်းများဟာ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီမှာတော့ ကိုကိုးကျွန်းသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ယင်းခရီးစဉ်တွင် လိုက်ပါသွားတဲ့ The Voice သတင်းထောက်က သတင်းပေးပို့ပါတယ်။

အပြောခံရမယ့်အတူတူ ဂရုမစိုက်တာ အကောင်းဆုံးပဲ - သင်ဇာဝင့်ကျော်




လတ်တလောမှာ facebook ပေါ်က ဓာတ်ပုံတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သင်ဇာဝင့်ကျော်က“သင်ဇာ့ကို ဝေဖန်ကြပါ။ ဝေဖန်မှုတွေကို လက်ခံနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ ဆိုတာ စိတ်ဝင်စားရင်တော့ ဝေဖန် ခံရမှာပဲလေ။ ပြီးတော့ သူများ အထင်ကြီးရင်လည်း ကဲ့ရဲ့ခံရမှာပဲ။ သူတို့က အထင်ကြီးလို့ ကိုယ့်ကို ကဲ့ရဲ့တာလေ။ အဲဒီအတွက်ကြောင့် သူတို့စိတ်ဝင်စားလို့၊ အထင်ကြီးလို့ ဝေဖန်တာ၊ ကဲ့ရဲ့တာကို ခံမယ်။

တပ်မတော်မှတိုက်ပွဲတံဆိပ် (ရွှေလင်းယုန်)နှင့် တိုက်ပွဲတံဆိပ် (လောက်ကိုင်)တို့ကိုပြဋ္ဌာန်း

 
တပ်မတော်သည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲကာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်သားများ၏ အသက်၊ သွေး၊ ချွေးနှင့်ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ပေးဆပ်ပြီး တိုက်ပွဲဝင်လျက်ရှိသည်။ ထိုသို့တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ရန်အတွက် တိုက်ပွဲတံဆိပ်(ရွှေလင်းယုန်)နှင့် တိုက်ပွဲတံဆိပ် (လောက်ကိုင်)တို့ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် ကာကွယ်ရေးဌာနကောင်စီ အထူးအမိန့် အမှတ်၊ ၁၇/အထူး/၂၀၁၅ ဖြင့် ပြဋ္ဌာန်းလိုက်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံရဲ့ကောင်းကင်မှာပေါ်လာတဲ့ လျို့ဝှက်ဆန်းကြယ် လွင့်မျောမြို့တော်ကြီး

(ကောင်းကင်ယံမှာ မြင်တွေ့နေရတဲ့ လွင့်မျောမြို့တော်ကြီး)

တရုတ်နိုင်ငံဂျင်ဇီမြို့နှင့် ဖိုရှမ်မြို့ရှိ ကောင်းကင်တိမ်တိုက်များမှာ လွင့်မျောနေတဲ့မြို့တော်ပုံသဏ္ဍာန်ရှိ အရာတစ်ခုကို မြင်တွေ့လိုက်ရတယ်လို့ ဒေသခံတရုတ်များက ဆိုလာပါတယ်။ ဒေသခံတွေကတော့ မြင်တွေ့လိုက်ရတဲ့ မြို့တော်ပုံစံလွင့်မျောနေတဲ့ ပုံသဏ္ဍာန်တစ်ခုဟာ သဘာဝလွန် အကြောင်းအရာ တစ်ခုဖြစ်တယ်လို့ ယုံကြည်လျက်ရှိပါတယ်။

မန္တလေး ရတနာပုံတက္ကသိုလ် အနီး လူသေလောင်းတွေ့

(ဓာတ်ပုံ – ဖိုးစမ်းချောင်း (GG))

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်ရပ်ကွက်ရှိ ရတနာပုံတက္ကသိုလ် အနီးတွင် သက်လတ်ပိုင်းအရွယ် ရှိ ခန္ဓာကိုယ် ပုပ်ပွနေပြီဖြစ်သော အမည်မသိ အမျိုးသား အလောင်းတလောင်း ယနေ့မနက်ပိုင်းက တွေ့ရှိထားကြောင်း သိရသည်။ အဆိုပါ အမျိုးသားသေဆုံးမှုဖြစ်စဉ်မှန် သိရှိနိုင်ရန် ဆေးစစ်ချက် ယူနေဆဲဖြစ်ကြောင်း၊ အလောင်းသည် ပုပ်ပွနေသည့် အနေအထားဖြစ်၍ ဒဏ်ရာဒဏ်ချက်များ ရှိမရှိ ခန့်မှန်းမရနိုင်သဖြင့် လတ်တလောတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း အမရပူရမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက ဧရာဝတီသို့ပြောသည်။

ဧရာဝတီ

၂၀၁၅ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲ နောက်ပိုင်း ကြုံတွေ့နိုင်သော ပြဿနာများ -လက်စောင်းထက်


၂၀၁၅ခုနှစ် အောက်တိုဘာလ ၆ရက်နေ့က နိုင်ငံတော် သမ္မတဟာ ရေဒီယိုကနေ မိန့်ခွန်းတစ်ခု ပြောကြားခဲ့ပါတယ်။ ထိုမိန့်ခွန်းထဲမှာ နိုင်ငံတော် သမ္မတက “လာမယ့် ၅နှစ် အတွင်းမှာ မြို့နယ်၊ မြို့ပြ အုပ်ချုပ်ရေးများကို အစိုးရ အုပ်ချုပ်ရေးကနေ ပြည်သူများက ရွေးချယ်ပေးတဲ့ ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းတဲ့ Twonship Council, City council များအဖြစ် ဖွဲ့စည်းပြီး ဌာနဆိုင်ရာများနှင့် အုပ်ချုပ်မှုအစား ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းနိုင်အောင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖြည့်စွက်ပြင်ဆင်သွားဖို့ ရည်ရွယ်ထားပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အကြီးအကျယ် အောင်ပွဲခံမယ့် အနေအထားကို လျစ်လျူရှုပြီး လက်ရှိ အာဏာရပါတီနဲ့ အစိုးရကပဲ နောက်၅နှစ်သက်တမ်း အုပ်ချုပ်ရေး ယန္တရား ပုံစံသစ်ကို ချပြသွားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ နောက်အစိုးရ သက်တမ်း ၅နှစ်ကို ဆက်လက်ကိုင်တွယ် အုပ်ချုပ်သွားမယ်လို့လည်း အဓိပ္ပာယ် သက်ရောက်နေပါတယ်။

ဒါက်တာ သိန်းမြင့်ထံသို့ အကြောင်းပြန်ကြားချက် - ဇော်သက်ထွေး



ဒေါက်တာသိန်းမြင့်ခင်ဗျာ………

၂၀၁၅ စက်တင်ဘာ ၁၆ ရက်နေ့နဲ့ ၁၉ရက်နေ့က ဆရာရေးသားခဲ့တဲ့ “သူတို့ လွဲနေကြပါတယ် (၁)နဲ့(၂)” ဆောင်းပါးတွေမှာ စာနယ်ဇင်း ကောင်စီ(ယာယီ) အဖွဲ့ဝင် အချို့ကို လည်းကောင်း၊ Tomorrow ဂျာနယ်ရဲ့ ဒါရိုက်တာ နှစ်ဦးဖြစ်တဲ့ ကျွန်တော်နဲ့ ဆရာမာဂျေကို လည်းကောင်း၊ ရုပ်ရှင်သရုပ်ဆောင် ငှက်ပျောကြော်ကို လည်းကောင်း ဝေဖန်စွပ်စွဲခဲ့တဲ့ အချက်အလက်တွေကို ဖတ်ရှုခဲ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆိုင်ရာပုဂိ္ဂုလ်တွေက လူသိရှင်ကြား မရှင်းလင်းသေးပေမယ့် ကျွန်တော်ကတော့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဖြစ်သလို Tomorrow ဂျာနယ်ရဲ့ တာဝန်ရှိသူလည်း ဖြစ်နေတဲ့အတွက် နိုင်ငံသားတွေ အထူးသဖြင့် စာဖတ်ပရိသတ်တွေ အထင်အမြင် လွဲမှားမသွားစေရန် တရားဝင် ရှင်းလင်းဖို့ တာဝန်ရှိလာပါတယ်။ ဒါကြောင့် ဂျာနယ်စာမျက်နှာ တချို့ကို အားနာစွာနဲ့ပဲ အသုံးပြုခဲ့ရပါတယ်။