Wednesday, October 21, 2015

မန္တလေး ရတနာပုံတက္ကသိုလ် အနီး လူသေလောင်းတွေ့

(ဓာတ်ပုံ – ဖိုးစမ်းချောင်း (GG))

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်ရပ်ကွက်ရှိ ရတနာပုံတက္ကသိုလ် အနီးတွင် သက်လတ်ပိုင်းအရွယ် ရှိ ခန္ဓာကိုယ် ပုပ်ပွနေပြီဖြစ်သော အမည်မသိ အမျိုးသား အလောင်းတလောင်း ယနေ့မနက်ပိုင်းက တွေ့ရှိထားကြောင်း သိရသည်။ အဆိုပါ အမျိုးသားသေဆုံးမှုဖြစ်စဉ်မှန် သိရှိနိုင်ရန် ဆေးစစ်ချက် ယူနေဆဲဖြစ်ကြောင်း၊ အလောင်းသည် ပုပ်ပွနေသည့် အနေအထားဖြစ်၍ ဒဏ်ရာဒဏ်ချက်များ ရှိမရှိ ခန့်မှန်းမရနိုင်သဖြင့် လတ်တလောတွင် သေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း အမရပူရမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက ဧရာဝတီသို့ပြောသည်။

ဧရာဝတီ

0 comments:

Post a Comment