Sunday, October 25, 2015

တောင်ကြီးမြို့လယ်ပေါက်ကွဲမှု လက်ပစ်ဗုံးဟု ရဲတပ်ဖွဲ့သုံးသပ်

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ပျက်စီးနေသောကားနှင့် လမ်းကို တွေ့ရစဉ် (ဓာတ်ပုံ − MOI)

တောင်ကြီးမြို့ ကမ္ဘောဇဘဏ်အနီးတွင် ရပ်တန့် ထားသည့် ကားအောက်ဘက်၌ ပေါက်ကွဲမှုဖြစ်ပွားခြင်းမှာ ဖြတ် သန်းမောင်းနှင်သွားသည့် ဆိုင် ကယ်ပေါ်မှ လက်ပစ်ဗုံးဖြင့် ပစ်၍ ထွက်ပြေးခြင်းဖြစ်နိုင်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချုပ် အောင်အောင်ကပြောသည်။အောက်တိုဘာ ၂၅ ရက် ည ၈ နာရီက တောင်ကြီးမြို့၊ ဗိုလ် ချုပ်လမ်း၊ လမ်းမတော်ရပ်ကွက်၊ ကမ္ဘောဇဘဏ်အနီးတွင် ရပ်ထား သည့် တိုယိုတာ အပ်ဆမ်ကား အောက်ဘက်တွင် ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သောကြောင့် ကားအနီးဖြတ်သန်းသွားသည့် ဆိုင်ကယ်ပေါ်မှ လူငယ်နှစ်ဦးနှင့် လမ်းလျှောက်သော ဈေးသည် အမျိုးသားတစ်ဦး စုစုပေါင်း သုံးဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။

‘‘တပ်မတော် ဂျီအီးပူးပေါင်း အဖွဲ့ အားလုံးပေါင်းစစ်ဆေး တယ်။ လက်ပစ်ဗုံးနဲ့ပစ်ပြီးပြေး သွားတာလို့ သုံးသပ်ထားတယ်။ သက်သေခံသဲလွန်စအချို့လည်း ကျွန်တော်တို့ ရထားပါပြီ။ နောက် နေ့ ထပ်ထုတ်ပြန်ပေးသွားမှာပါ’’ ဟု ရဲမှူးချုပ် အောင်အောင်က ပြောသည်။ ပေါက်ကွဲမှုကြောင့် ကား၏အောက် ကားလမ်းပေါ် တွင် ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်ခဲ့ သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးကို စပ်စံထွန်းဆေးရုံအရေးပေါ်ဌာန သို့ တင်ဆောင်ကုသလျက်ရှိ သည်။ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ကြီးမြို့ရှိ တည်းခိုခန်းဟို တယ်မြို့အ၀င်အထွက်များကို ပိုက်စိပ်တိုက်ရှာဖွေနေပြီး ပေါက် ကွဲ ၃ ဖြင့် ကနဦးအမှုဖွင့်ထား ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment