Wednesday, October 31, 2018

လူမျိုးရေးခွဲခြားမှုဝေဖန်ချက် မြန်မာကိုယ်စားလှယ် ကုလမှာ တုန့်ပြန်


(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအတွက် မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းကိုအဓိကရေးဆွဲမယ့် တတိယကော်မတီမှာ အင်္ဂါနေ့က ကျင်းပတဲ့လူမျိုးရေးအရ အစွန်းရောက်မှု၊ ခွဲခြားမှု ပပျောက်ရေးဆိုင်ရာဆွေးနွေးပွဲမှာ မြန်မာကိုယ်စားလှယ်က ရိုဟင်ဂျာ ပြဿနာ အကြပ်အတည်းနဲ့ပတ်သက်လို့ ကာကွယ်ပြောဆိုသွားပါတယ်။

နှစ်နိုင်ငံ သဘောတူညီမှုအရ ဘင်္ဂါလီ ၂၀၀၀ ကျော်အား နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြန်လည်လက်ခံမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုအရ ဘင်္ဂါလီ ၂၀၀၀ ကျော်အား နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြန်လည်လက်ခံမည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဌာနေပြန်ရိုဟင်ဂျာတွေ လုံခြုံရေး ကန်ဘာသာရေးကော်မရှင် စိုးရိမ်


ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နိုဝင်ဘာလထဲမှာ စပြီးဌာနေပြန်ပို့တော့မယ်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ နေရပ်ပြန် ရိုဟင်ဂျာတွေအတွက် လုံခြုံမှုမရှိဘူးလို့ USCIRF - အမေရိကန် ပြည်ထောင်စု ဘာသာရေးလွတ်လပ်မှု ကော်မရှင်က အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်သတိပေးလိုက်ပါတယ်။ 

ဆော်ဒီသတင်းထောက် လည်ညှစ် အသတ်ခံရ


ဆော်ဒီသတင်းထောက် Jamal Khashoggi ဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာရှိတဲ့ ဆော်ဒီသံရုံးထဲ ဝင်သွားပြီးပြီးချင်း လည်ပင်းညှစ်ပြီး အသတ်ခံခဲ့ရ ပြီးမှ သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ဖြတ်တာ ခံခဲ့ရတယ်လို့ တူရကီအစိုးရရှေ့နေချုပ်က ပြောပါတယ်။ 

ကျော်နီမော်ကျေးရွာ နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးမှု ပြန်လည်စီစစ်နေ


ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျော်နီမော်ကျေးရွာမှာ ကမန်တိုင်းရင်းသားအဖြစ် နိုင်ငံသားမှတ်ပုံတင် ထုတ်ပေးခဲ့တာအပေါ် ပြန်လည် စီစစ်နေတဲ့ အကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ ပြောကြားသွားပါတယ်။ တဖက်နိုင်ငံက တရားမ၀င်ဝင်လာတဲ့ မွတ်ဆလင်တွေကို ကန်မန်တိုင်းရင်းသားအဖြစ် မှတ်ပုံတင်ထုတ်ပေးနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ပတ်သက်လို့ ရှင်းလင်းသွားတာဖြစ်ပါတယ်။ VOA သတင်းထောက် ကိုစည်သူက သတင်းပေးပို့ပါတယ်။ 

အတည်ပြုပြီးဒုက္ခသည် ၆ ထောင်ထဲ နှစ်ထောင်ကျော် စတင်ခေါ်ယူမည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်သွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ဘယ်လိုပဲရှိရှိ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ အညီ အောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးက VOA ကို ပြောပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ပထမအသုတ် ပြန်ပို့ရေး နိုဝင်ဘာ လလယ်မှာ စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူ ထားပေမယ့်၊ အချိန်မတန်သေးဘူးလို့ ယူဆတဲ့အကြောင်း ကုသလမဂ္ဂဘက်က ပြောဆိုဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို တုံ့ပြန်ပြော ဆိုတာပါ။ VOA သတင်းထောက် မမေခက သတင်းပေးပို့ပါတယ်။ 

ကမ္ဘာ့ဘဏ် စီးပွားရေးစစ်တမ်း


မရေရာမသေချာမှုတွေ ရှိနေပေမယ့် မြန်မာ့စီးပွားရေး တိုးတက်လာပုံကို လွန်ခဲ့တဲ့ မေလထုတ် ကမ္ဘာ့ဘဏ်အုပ်စုရဲ့  (၈၈) စာမျက်နှာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တိုင်းပြည်ရဲ့  GDP အသားတင်ထုတ်လုပ်မှု တိုးပွားတဲ့နှုန်းဟာ NLD အစိုးရသက်တမ်း ပထမနှစ်မှာ (၅.၉) ရာခိုင်နှုန်းရှိရာက ဒုတိယနှစ်မှာ (၆.၄) ရာခိုင်နှုန်းအထိ တိုးပွားလာတယ်လို့ ဆိုပါတယ်။ လက်ရှိဘဏ္ဍာရေးနှစ်မှာ (၆.၈) ရာခိုင်နှုန်းအထိ တိုးပွားနိုင်တယ်လို့ ခန့်မှန်းပါတယ်။ နောင် (၂) နှစ်ကြာရင် စီးပွားရေး တိုးတက်မှုနှုန်းဟာ (၇) ရာခိုင်နှုန်း ကျော်သွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်အုပ်စုက မျှော်လင့်နေပါတယ်။ 

ပျက်ကျသွားတဲ့ အင်ဒိုလေယာဉ်ပျက်ရှိရာနေရာ ရှာတွေ့


အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျာကာတာကနေ တနလာင်္နေ့ မနက်ပိုင်းမှာ ပျံတက်သွားပြီးနောက် မိနစ်ပိုင်း အကြာမှာ ပင်လယ်ထဲ ပျက်ကျခဲ့တဲ့ လေယာဉ် ရှိရာနေရာကို ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့တွေ တွေ့ရှိထားပြီလို့ ယူဆရပါတယ်။ 

ဂျပန်နိုင်ငံ နိုင်ငံခြားသားအလုပ်သမားခေါ်ယူမှု ဥပဒေ ပြင်ဆင်မည်



ဂျပန်နိုင်ငံမှာ ရှေ့လာမယ့်နှစ်ကစလို့ ၆ နှစ်တာကာလအတွင်း နိုင်ငံခြားသားအလုပ်သမား (၅)သိန်းကို တရားဝင်ခေါ်ယူဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ထားပြီး၊ မြန်မာလူငယ်တွေအတွက် အခွင့်လမ်းကောင်းတွေ ပေါ်လာမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံမှာ နှစ်ရှည်ကြာနေလာတဲ့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေကို ဆက်ပြီးထိန်းထားနိုင်ဖို့ဆိုရင် နိုင်ငံခြားသား အလုပ်သမားတွေ ငှားရမ်းဖို့လိုတယ်ဆိုပြီး ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့အစိုးရကို ဖိအားပေးတိုက်တွန်းခဲ့ပြီးနောက် အခုလို အလုပ်သမားခေါ်ယူဖို့ ဖြစ်လာတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။ 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ ဗင်နီဇွဲလားဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံ မြန်မာနိုင်ငံဆိုင်ရာ ဗင်နီဇွဲလားဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဟိုလ်ဟေ ရွမ်ဒမ် ဥဇ်ကတယ်ဂီ သည် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

ငွေကြေး အခက်အခဲကြောင့် မဲဆန္ဒနယ်အားလုံးတွင် မဲမဆွယ်နိုင်ဟု SNLD ပြော



ငွေကြေးအခက်အခဲရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်အားလုံးတွင် မဲဆွယ်နိုင်ခဲ့ခြင်း မရှိဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) ကိုယ်စားလှယ်လောင်း ဒေါ်နန်းထွေးမှုံက ပြောကြားသည်။

မြန်မာ့ရွှေဈေးနှုန်း သီတင်းကျွတ်ကာလ အပြီး တွင် တစ်ကျပ်သား ကျပ်၁,၀၃၉,၀၀၀ အထိမြင့်တက်လာ



သီတင်းကျွတ်ကာလ အပြီး တွင် ဒေါ်လာဈေးအမြင့်ဈေးသို့ ပြန်လည်ရောက်ရှိလာသလိုပင် မြန်မာ့ရွှေဈေးနှုန်းကလည်း ရွှေတစ်ကျပ်သား ပေါက်ဈေးသည် ကျပ်၁,၀၂၄,၀၀၀ မှ ကျပ် ၁,၀၃၉,၀၀၀ အထိ ၅ရက်အတွင်း ကျပ်၁၅,၀၀၀ဈေးမြင့်လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ မိုးကုတ်မြို့မှ ထွက်ရှိသော ဂင်းနစ်စံချိန်တင် မှတ်တမ်းဝင်မည့် နီလာလုံးချော တစ်လုံးကို နယူးယောက်တွင်ပြသ


နယူးယောက်မြို့တွင်ရှိသော ခရစ်စတင်းလေလံရုံတွင် ကမ္ဘာ့လက်ဝတ်ရတနာသမိုင်း၌ မှတ်တမ်းတင်ရလောက်သည့် ရောင်းချမှုဖြစ်လာမည့် ဂင်းနစ်စံချိန်တင် နီလာလုံးချောတစ်လုံးကို ခင်းကျင်းပြသထားကြောင်းသိရသည်။ အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက် အထိ ယင်းနီလာလုံးချောကို ရော့ခ်ဖဲလာပလာဇာဌာနချုပ်တွင် ခင်းကျင်းပြသထားပြီး လာမည့်နိုဝင်ဘာ ၂၇ ရက်၊ ဟောင် ကောင်တွင်ပြုလုပ်မည့် လေလံပွဲတွင် ရောင်းချရန်စီစဉ်ထားသည်။

ဒုံးကျည်ကာကွယ်ရေးစနစ် အောင်မြင်စွာ စမ်းသပ်ခဲ့ဟု အမေရိကန်ပြော


အဓိက ဒုံးကျည် ကာကွယ်ရေးစနစ်ကို အောက်တိုဘာ ၂၆ ရက်က အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ပြီးပြီလို့ အမေရိကန်စစ်တပ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။

ကမ္ဘာ့အမြင့်ဆုံး ရုပ်တု အိန္ဒိယနိုင်ငံတွင် ဖွင့်လှစ်


ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ယနေ့ အောက်တိုဘာလ ၃၁ ရက်၌ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အမေရိကန်မှာ ‘စိတ်ဝမ်းကွဲမှုနဲ့ မုန်းတီးမှု’ တွေဖြစ်တာ မီဒီယာတွေကြောင့်လို့ ထရမ့် အပြစ်တင်


ဝတ်ပြုသူ ၁၁ ဦးကိုသတ်ခဲ့တဲ့ ပစ္စဘတ်ရဟူဒီဘုရားရှိခိုးကျောင်းတစ်ခုက သေနတ်သမားတစ်ဦးရဲ့ တိုက်ခိုက်မှုအကြောင်း အမေရိကန်ပြည်သူတွေ ဆင်ခြင်သုံးသပ်နေစဉ်မှာပဲ တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုင်းပြည်အတွင်းမှာ "စိတ်ဝမ်းကွဲမှုနဲ့ မုန်းတီးမှု" တွေဖြစ်ပေါ်စေတာ မီဒီယာတွေကြောင့်လို့ မီဒီယာတွေ ကို ထပ်မံထိုးနှက်ခဲ့ပါတယ်။ 

တိုက်ပွဲတွေ လက်တွေ့လျော့ချနိုင်ရေး ကူမင်းမှာ ဆွေးနွေး


မြောက်ပိုင်းဒေသမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လက်တွေ့ကျကျ လျော့ချနိုင်ရေးနဲ့ နောက်ပိုင်းမှာ KIA အပါအ၀င် မြောက်ပိုင်းက ၄ ဖွဲ့လုံးနဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ TNLA၊ AA နဲ့ ကိုးကန့် MNDAA အဖွဲ့တို့ ဒီနေ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ရခဲ့ပါတယ်

ရန်ကုန်မြို့တွင် ကုန်စည်စီးဆင်းမှု လျှင်မြန်စေရေး မြစ်တွင်း ကုန်သေတ္တာ ပို့ဆောင်ရေး လုပ်ငန်းတွင် ရေယာဉ်တိုးချဲ့ပြေးဆွဲ


ရန်ကုန်မြို့ ယာဉ်ကြောကြပ်တည်းမှု လျော့ချစေရေး၊ ကုန်စည် စီးဆင်းမှု လျှင်မြန် စေရေးနှင့် သယ်ယူပို့ဆောင်မှုစရိတ်များ သက်သာစေရေးတို့ကို ရည်ရွယ်၍ မြစ်တွင်းကုန်သေတ္တာ ပို့ဆောင်ရေး လုပ်ငန်းတွင် ရေယာဉ်များ တိုးချဲ့ပြေးဆွဲလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက သတင်းထုတ်ပြန်သည်။

ဖိလစ်ပိုင် ယူတုမုန်တိုင်း လူ ၆ ဦးသေဆုံး


ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းသို့ ယူတုအမည်ရှိ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယနေ့ ဝင်ရောက်တိုက် ခတ် ရာ မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၆ဦးထက်မနဲ သေဆုံးကာ လူပေါင်းထောင်ချီ၍ ထိခိုက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်တွင် အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးကို နေအိမ်တွင်းဝင်၍ ဓါးဖြင့်ခုတ်၊ တူမီးသေနတ်ဖြင့် ပစ်ခတ်


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဂျောပကျေးရွာတွင် အသက်(၅၀)အရွယ် အမျိုးသားတစ်ဦး နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေသူက နေအိမ်ထဲဝင်လာပြီး ဓါးဖြင့်ခုတ်၊ တူမီးသေနတ်ဖြင့်ပစ်သဖြင့် ဒဏ်ရာအပြင်းအထန်ရသွားကြောင်း သိရသည်။