မြောက်ပိုင်းဒေသမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လက်တွေ့ကျကျ လျော့ချနိုင်ရေးနဲ့ နောက်ပိုင်းမှာ KIA အပါအ၀င် မြောက်ပိုင်းက ၄ ဖွဲ့လုံးနဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ TNLA၊ AA နဲ့ ကိုးကန့် MNDAA အဖွဲ့တို့ ဒီနေ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ရခဲ့ပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ ကျင်းပတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင
တဆက်တည်းမှာပဲ နိုင်ငံရေးဆွေးနွေးပွဲတွေ တစ်ဆင့်မြှင့်တက်လှမ်းနိုင်
ဒီဆွေးနွေးပွဲမှာ နောက်ထပ်တဆင့် နားလည်မှု ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အခြေခံ သဘော တူညီချက်တချို့ ရခဲ့တဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်
လက်ရှိငြိမ်းချမ်းရေးဖြစ်စဥ
ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ TNLA အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်၊ အတွင်းရေးမှူး ၂ တာပန်လှ၊ AA အဖွဲ့က ဒေါက်တာ ညိုထွန်းအောင်၊ ကိုးကန့်က ဒု ဥက္ကဋ္ဌ ရန်ဝေကျုံး တို့ ဦးဆောင်တက်ရောက်ကြပါတယ်။
ဒါ့အပြင် UWSA "၀" နဲ့ KIA အဖွဲ့က ကိုယ်စားလှယ်တွေလည်း သက်သေအဖြစ် တက်ရောက်ခဲ့တယ်လို့ တာဘုန်းကျော်က ပြောပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
RFA
 







 
 
 
 
 
0 comments:
Post a Comment