ငွေကြေးအခက်အခဲရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်အားလုံးတွင် မဲဆွယ်နိုင်ခဲ့ခြင်း မရှိဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(S
မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် ၇ ခု ရှိသည့်အနက် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်တွင်သာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နိုင်ကြောင်း ၎င်းက ဆိုသည်။
" ကော်မရှင်က ရွေးကောက်ပွဲအသုံးစရိတ်ကို ကျပ်သိန်းတစ်ရာ သတ်မှတ်ပေးထားတယ်။ ဒါကြောင့် နေရာအကုန်လုံးကို မသွားနိုင်ဘူး။ ကျောက်ဆည်တို့ဘာတို့ဆို ရှမ်းတွေ ရှိပေမဲ့လည်း သူတို့က တစ်စုတစ်စည်းတည်း ရှိနေတာ မဟုတ်ဘူး။ တစ်နေရာနဲ့တစ်နေရာ သွားဖို့က ခက်ခဲတယ် " ဟု ၎င်းက ပြောဆိုသည်။
ဒေါ်နန်းထွေးမှုံသည် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား လူမျိုးများ လွှတ်တော်ကိုယ်စားလှယ်လောင်း
မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် ၇ မှ မြို့နယ် ၂၈ မြို့နယ်အနက် ၂၅ မြို့နယ်တွင် ရှမ်းလူမျိုးများ နေထိုင်ကြပြီး မိုးကုတ်၊ ပြင်ဦးလွင်နှင့် မန္တလေးတွင် အများဆုံး နေထိုင်သည်။
တိုင်းဒေသကြီးအတွင်း မဲပေးပိုင်ခွင့်ရှိသည့် ရှမ်းတိုင်းသား ၄၂၄၇၄ ဦးရှိကာ မဲရုံ ၃၇၄ ရုံ ထားရှိပေးသွားမည်ဖြစ်ကြောင်
The Voice Journal
 







 
 
 
 
 
0 comments:
Post a Comment