Wednesday, October 31, 2018

ရန်ကုန်မြို့တွင် ကုန်စည်စီးဆင်းမှု လျှင်မြန်စေရေး မြစ်တွင်း ကုန်သေတ္တာ ပို့ဆောင်ရေး လုပ်ငန်းတွင် ရေယာဉ်တိုးချဲ့ပြေးဆွဲ


ရန်ကုန်မြို့ ယာဉ်ကြောကြပ်တည်းမှု လျော့ချစေရေး၊ ကုန်စည် စီးဆင်းမှု လျှင်မြန် စေရေးနှင့် သယ်ယူပို့ဆောင်မှုစရိတ်များ သက်သာစေရေးတို့ကို ရည်ရွယ်၍ မြစ်တွင်းကုန်သေတ္တာ ပို့ဆောင်ရေး လုပ်ငန်းတွင် ရေယာဉ်များ တိုးချဲ့ပြေးဆွဲလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက သတင်းထုတ်ပြန်သည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မြစ်တွင်း ကုန်သေတ္တာ ပို့ဆောင်ရေး လုပ်ငန်းကို တိုးချဲ့ ပြေးဆွဲနိုင်ရန် အတွက် ဒလသင်္ဘောကျင်း တွင် ဘ-၈၀၉ တွဲယာဉ်ကို ကုန်သေတ္တာတင် တွဲယာဉ်အဖြစ် ပုံစံပြုပြင်ပြောင်းလဲ တည်ဆောက်ခဲ့ရာ ပြီးစီးသွားပြီဖြစ်သဖြင့် (၄.၁၀.၂၀၁၈) ရက်နေ့မှ စတင်၍ တွန်းရေယာဉ် ဆင်ဟိုင်း-၁ နှင့်အတူ ကုန်သေတ္တာတင် တွဲယာဉ် တ-၁၅၀၂ ဖြင့် (၁)စုံ၊ တွန်းရေယာဉ် ဆင်ဟိုင်း-၆ နှင့်အတူ ကုန်သေတ္တာတင် တွဲယာဉ် ဘ-၈၀၉ ဖြင့် (၁)စုံ၊ စုစုပေါင်း ကုန်သေတ္တာ သယ်ယူပို့ဆောင်ရေး ရေယာဉ် (၂)စုံဖြင့် ထပ်မံ အားဖြည့်၍ သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာ ဆိပ်ကမ်း ခရီးစဉ်တွင် ပြေးဆွဲလျှက်ရှိပါသည်။ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလ အတွင်း (၁၉)ခေါက် ပြေးဆွဲနိုင်ခဲ့ပြီး၊ ကုန်သေတ္တာ (၁၈၄၈)လုံး၊ တန်ချိန်အားဖြင့် (၁၈၄၈၀)တန် ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မြစ်တွင်း ကုန်သေတ္တာ ပို့ဆောင်ရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ရာ ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုကို အထိုက် အလျောက် လျော့ချပေးလျက်ရှိပြီး၊ ကုန်သေတ္တာပိုင်ရှင်များ အနေဖြင့်လည်း ရေကြောင်းမှ သယ်ယူ ပို့ဆောင်ရခြင်း အတွက် ယခင်ကထက် အကုန်အကျ ပိုမိုသက်သာလာပြီး အချိန်အားဖြင့်လည်း ပိုမိုမြန်ဆန်လာကြောင်း လည်း ဖော်ပြထားသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ ကုန်စည်ပို့ဆောင်ရေးစံနစ်အား သမားရိုးကျပို့ဆောင် မှုစံနစ်မှ ကုန်သေတ္တာဖြင့် ပို့ဆောင်သည့် Containerization အဖြစ် ပြောင်းလဲ ဆောင်ရွက်လျှက် ရှိသည်။

ပထမအဆင့် ခြေလှမ်းအနေဖြင့် ခရီးတိုစတင် စမ်းသပ် ဆောင်ရွက် သည့်အနေဖြင့် ရန်ကုန်မြစ်အတွင်း သီလဝါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာဆိပ်ကမ်း တံတားများသို့ မြစ်တွင်း ကုန်သေတ္တာ ပို့ဆောင်ရေးလုပ်ငန်းကို (၉.၃.၂၀၁၇)ရက်နေ့မှ စတင်၍ တွန်းရေယာဉ် ဆင်ဟိုင်း-၆၊ တွန်းရေယာဉ် စောနန္ဒာ နှင့် ကုန်သေတ္တာတင် တွဲယာဉ် တ-၁၅၀၂ တို့ကို အသုံးပြု၍ ဆောင်ရွက် လျှက်ရှိရာ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် (၈)ခေါက် ပြေးဆွဲပြီး၊ ကုန်သေတ္တာ (၆၄၀)လုံး၊ တန်ချိန်အားဖြင့် (၆၄၀ဝ) တန်၊ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် (၂၁)ခေါက်၊ ကုန်သေတ္တာ (၁၇၄၂)လုံး၊ တန်ချိန်အားဖြင့် (၁၇၄၂၀) တန်၊ ၂၀၁၈ ခု ဘဏ္ဍာရေးနှစ် (ကာလတို) (၆)လတွင် (၅၄)ခေါက်၊ ကုန်သေတ္တာ (၅၂၂၄)လုံး၊ တန်ချိန်အားဖြင့် (၅၂၂၄၀)တန်ကို ပို့ဆောင်ပေးနိုင်ခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Ladies News



0 comments:

Post a Comment