Wednesday, October 31, 2018

မြန်မာနိုင်ငံ မိုးကုတ်မြို့မှ ထွက်ရှိသော ဂင်းနစ်စံချိန်တင် မှတ်တမ်းဝင်မည့် နီလာလုံးချော တစ်လုံးကို နယူးယောက်တွင်ပြသ


နယူးယောက်မြို့တွင်ရှိသော ခရစ်စတင်းလေလံရုံတွင် ကမ္ဘာ့လက်ဝတ်ရတနာသမိုင်း၌ မှတ်တမ်းတင်ရလောက်သည့် ရောင်းချမှုဖြစ်လာမည့် ဂင်းနစ်စံချိန်တင် နီလာလုံးချောတစ်လုံးကို ခင်းကျင်းပြသထားကြောင်းသိရသည်။ အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက် အထိ ယင်းနီလာလုံးချောကို ရော့ခ်ဖဲလာပလာဇာဌာနချုပ်တွင် ခင်းကျင်းပြသထားပြီး လာမည့်နိုဝင်ဘာ ၂၇ ရက်၊ ဟောင် ကောင်တွင်ပြုလုပ်မည့် လေလံပွဲတွင် ရောင်းချရန်စီစဉ်ထားသည်။

ပတ္တမြား၊ နီလာအကြောင်း ဂန္တဝင်စာအုပ်ရေးသားသူနှင့် Lotus Gemology Co.,Ltd ထူထောင်သူရစ်ချက်ဟုခ်ျက ''ခင်ဗျားတို့ရဲ့လက်ထဲမှာ ဒီရတနာကို ကိုင်လိုက်တဲ့အခါ တန်ခိုးရှိတဲ့ သိဒ္ဓိမြောက် ပစ္စည်းတစ်ခုကို ကိုင်ထားရသလိုဖြစ်နေပါလိမ့်မယ်'' ဟု ကျောက်မျက်ရတနာအစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

၁၉၉ဝ ပြည့်လွန်နှစ်နှောင်းပိုင်းတွင် ဖော်ထုတ်တွေ့ရှိခဲ့ရသော ယင်းနီလာလုံး ချောသည် cornflower ပန်းပြာရောင်ရှိ ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်မှတ်တမ်းတွင် အရိုင်းတုံးအနေဖြင့် ကာရက် ၃၉၇ဝ၉၅ ဖြင့်မှတ်တမ်းဝင်ထားသည်။ အပြာရောင် ပင်လယ်ကမ်းစပ်ဟု အမည်ပေးခဲ့ပြီးနောက် ပြန်သွေးခဲ့ရာတွင် ကာရက် ၃၉၆၈၉ ရှိခဲ့ သည်။ ယင်းနီလာကို ရှာဖွေတွေ့ရှိခဲ့ရာ မြန်မာနိုင်ငံမိုးကုတ်မြို့ကိုအစွဲပြုပြီး The Ultimate Mogok Blue Treasure ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။

Etcetera က ဒီဇိုင်းပြန်ဆင်ထား သော ယင်းနီလာလုံးချောပါဝင်သည့်လည်ဆွဲသည် မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့လေလံတင်စံချိန်မှတ်တမ်းများကို တိုးတက်သွားစေမည်ဟုဆိုသည်။ အဆို ပါနီလာလုံးချောကို နှင်းဆီပွင့်ပုံစံနီလာနှင့် စိန်အကွပ်ဖြင့် ကွပ်ထားသည်ကိုတွေ့ ရသည်။ နယူးယောက်မြို့တွင် ယင်းနီလာ လုံးချောကိုပြသပြီးနောက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ စင်ကာပူနှင့် ဘန်ကောက်၊ ဟောင် ကောင်တို့တွင် မရောင်းချမီအထိ ပြသဦး မည်ဖြစ်သည်။

democracytoday

0 comments:

Post a Comment