Wednesday, October 30, 2019

ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သဘောထားထုတ်ပြန်ကြေညာချက်


ရခိုင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သဘောထားထုတ်ပြန်ကြေညာချက်

TNLA အဖွဲ့၏ဖမ်းဆီးနှိပ်စက်ခြင်းခံရသဖြင့် ခိုလုံလီရှောလူမျိုး နမ့်ခမ်းဒေသခံတစ်ဦး သေဆုံးကာ အလောင်းကို ၇ သိန်းဖြင့် ရွေးယူရ

No photo description available.
တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) မှ ဖမ်ဆီးထားသည့် နမ့်ခမ်းဒေသခံ တစ်ဦး သေဆုံးကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းကို ၇ သိန်းဖြင့် ပြန်လည် ရွေးယူခဲ့ရသည်ဟု ခိုလုံလီရှော ပြန်ကြားရေး လူငယ်အဖွဲ့မှပြောကြားခဲ့သည်။

ဒုတိယအကြိမ်မြောက် မိတ္ထီလာတောင်ကန်ပေါင် အဘမြင်းဖြူရှင်နတ်နန်းမှ အလှူခံပုံး ဖောက်ထွင်းခံရ

Image may contain: 1 person, standing, food and indoor
အောက်တိုဘာလ ၂၉ ရက်နေ့ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဆိုင်းတန်းရပ်နယ်မြေရှိ မိတ္ထီလာတောင်ကန်ပေါင် အဘမြင်းဖြူရှင်နတ်နန်းမှ သော့ပိတ်ထားသော နတ်နန်းစတီးတံခါးအတွင်းရှိ အလှူခံပုံးကို ဒုတိယအကြိမ်မြောက် ရိုက်ချိုးဖျက်ဆီးပြီး အလှူငွေများ ခိုးယူသွားကြောင်း အနီးပတ်ဝန်းကျင်ရှိ ရပ်မိရပ်ဖများထံမှ သိရသည်။

ခေါင်းအုံးနောက်က သင်ဇာရဲ့အလှ

Image may contain: one or more people, people sitting and indoorImage may contain: 1 person, sitting, phone and indoor
ခေါင်းအုံးနောက်က သင်ဇာရဲ့အလှ

ဝန်ကြီးများရုံးဟောင်း ကျန်းမာရေးစင်တာကို ယခုလကုန်ပိတ်သိမ်းရန် ညွှန်ကြားထားပြီးလုပ်ကိုင်ခွင့်ရသည့်ကုမ္မဏီအား နိုဝင်ဘာလပထမပတ်တွင် ကြားနာမည်

Image may contain: 1 person, outdoorImage may contain: living room and indoor

နိုင်ငံ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့သော ဝန်ကြီးများရုံးဟောင်းတွင် ဖွင့်လှစ်ထားသည့် DE Beau အဆင့်မြင့် ကျန်းမာရေးစင်တာကို အောက်တိုဘာ ၃၁ ရက် လကုန် တွင် ပိတ်သိမ်းရန် ဗိုလ်တထောင်မြို့နယ် စည်ပင်က စာထုတ် ညွှန်ကြားထားပြီဖြစ်ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့စ်ဘဇားဒေသတွင် ကန်ဒေါ်လာ ၅ သန်းခန့် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


အမေရိကန်ဒေါ်လာ ၅သန်းခန့် တန်ဖိုးရှိသော မက်သာမ်ဖက်တမင်းဆေးတောင့်များကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့စ်ဘဇားဒေသတွင် ဖမ်းဆီးရမိခဲ့ပြီး၊ ယင်းမူးယစ်ဆေးများနှင့်ဆက်နွယ်ပတ်သက်သည့် ဘင်္ဂါလီတစ်ဦးကိုလည်း ဖမ်းဆီးထားသည်ဟု ဘင်္ဂလားဒေ့ရ်ှရဲတပ်ဖွဲ့က တနင်္လာနေ့က သတင်းထုတ်ပြန်ထားပြီး ၎င်းသည် ယခုနှစ်အတွင်းဝယ် တစ်ချီထဲဖြင့် အများဆုံးဖမ်းမိသော မူးယစ်ဆေးဝါဒ ပမာဏဖြစ်ကြောင်း သိရှိရသည်။

IS အကြမ်းဖက်ခေါင်းဆောင် အဘူဘာအယ်ဘက်ဒါဒီ နေထိုင်သောနေရာ ဂြိုတ်တုဓာတ်ပုံထွက်ပေါ်

No photo description available.

ဆီးရီးယားအနောက်မြောက်ပိုင်းက IS အကြမ်းဖက်ခေါင်းဆောင် အဘူဘာအယ်ဘက်ဒါဒီနေထိုင်တယ်လို့ ယုံကြည်ရတဲ့ နေရာကို ရိုက်ကူး ထားတဲ့ ဂြိုလ်တုဓာတ်ပုံကို အောက်တိုဘာ ၂၇ ရက်နေ့မှာ အာကာသနည်း ပညာကုမ္ပဏီ Maxar Technologies က ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

လက်ဘနွန်ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပြီးနောက် ဆန္ဒပြသူများ အောင်ပွဲခံ

Image may contain: 1 person, nightImage may contain: 1 person, closeup

လက်ဘနွန်နိုင်ငံမှာအကျင့်ပျက်ခြစားမှုနဲ့ ဂိုဏ်းဂဏစွဲ ဝါဒတို့အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတစ်ဝန်း မကြုံစဖူး ဆန္ဒပြပွဲများ အကြီးအကျယ် ပေါ်ပေါက်နေခဲ့တာ သီတင်းပတ်နှစ်ပတ်နီးပါးကြာမြင့်ခဲ့ပြီး လက်ဘနွန် ဝန်ကြီးချုပ် ဆက်ဒ် ဟာရီရီက ရာထူးမှ နုတ်ထွက်ကြောင်း အောက်တိုဘာ ၂၉ ရက်မှာ ကြေညာခဲ့ကြောင်း သိရှိရသည်။

ဖိလစ်ပိုင်တွင်ငလျင်လှုပ်ခတ်မှုကြောင့် ၇ ဦးသေဆုံး ပြီး ၁၀၀ နီးပါးထိခိုက်ဒဏ်ရာရရှိ

ဖိလစ်ပိုင်နိုင်ငံအရှေ့တောင်ဘက် Davao နှင့်အနောက်ဘက် Cotabato ခိုတာဘာတိုပြည်နယ်၏အရှေ့ဘက် ၂၅ ကီလိုမီတာအကွာ တို့ကိုဗဟိုပြု၍ TuLuNan တူလူနန်မြို့နယ် Mabini တောင်ပေါ်မြို့အနီးတွင် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၀၈:၀၄ မိနစ်ချိန်ခန့်က အင်းအားပြင်းမြေငလျင် ၆.၆ မဂ္ဂနီကျူ့ အဆင့် ၊ မြေအောက်နက် ၇ ကီလိုမီတာအထိလှုပ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသူ ၇ ဦးနှင့် လူပေါင်း ၁၀၀ နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရ သည်။

တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပနအခမ်းအနားကျင်းပမည့် မြို့မသုသာန်သစ်သို့ပင့်ဆောင်

Image may contain: one or more people and outdoor
ယနေ့ အောက်တိုဘာလ ၃၀ရက်နေ့ နေ့လယ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ ရုပ်ကလာပ်ကို မဟာမြတ်မုနိကျောင်းတိုက်မှနေ၍ ပုံလို့ရှိ မြို့မသုသာန်သစ်သို့ စတင်ပင့်ဆောင်နေပြီဖြစ်သည်။

ရှမ်းပြည်နယ်ရှိ ဘိန်းခင်း ၄၉ ဧကခန့် အား ဖျက်ဆီး

Image may contain: 1 person, sky, grass, cloud, flower, tree, outdoor and nature
တပ်မတော်သားများ၊ ဖယ်ခုံအထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၆)ပင်လောင်းမှတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြေစာရင်းဦးစီးဌာနနှင့်သစ်တောဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကျေးရွာနေပြည်သူများပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၈ ရက်နေ့ တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စုနှင့် လုံရီကန်ကျေးရွာအုပ်စုတို့ရှိကျေးရွာများတွင်စိုက်ပျိုးထားရှိသော စုစုပေါင်းဘိန်းစိုက်ခင်း (၁၀) ဧကခန့် ၊ အောက်တိုဘာလ ၂၉ ရက်နေ့ ၌ ပူးပေါင်းအဖွဲ့သည် ပင်းလောင်းမြို့ နယ်၊ ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ကာလရွာ၏ အရှေ့မြောက်ဘက်တွင်စိုက်ပျိုးထားရှိသော ဘိန်းခင်း (၂၄) ဧကခန့် နှင့် ဖယ်ခုံမြို့နယ်၊ ရီနွဲ့ကျေးရွာအုပ်စု၊ ဘလပလိုကျေးရွာ အနောက်တောင်ဘက်နှင့်လိအိကျေးရွာ အရှေ့တောင်ဘက်တို့တွင်စိုက်ပျိုးထားသော ဘိန်းခင်း စုစုပေါင်း (၁၅) ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်အောင်းဆန်းတံတားပေါ်မှ အမျိုးသမီးတစ်ဦး သံလွင်မြစ်ထဲ ခုန်ချမှုဖြစ်ပွား

Image may contain: one or more people and indoorImage may contain: sky, ocean, bridge, outdoor, water and nature

30-10-2019 ရက် ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) RP -2 ရေလည်တိုင်မှ အမျိုးသမီး သက်လတ်ပိုင်းတစ်ဦး ဆိုင်ကယ် အမဲရောင်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ကယ်ရပ်ကာ တံတားပေါ်မှ သံလွင်မြစ်ထဲသို့ ခုန်ချခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အောင်သူ နဲ့ ပိုးအိအိခန့်တို့ရဲ့ သား မောင်သွင်ဦးဟန်ရဲ့ ရက်၁၀၀ပြည့်မွေးနေ့ အလှူ

Image may contain: 5 people, people smiling, people sitting and indoorImage may contain: 1 person, baby and closeup

ဖေဖေ အောင်သူ နဲ့ မေမေ ပိုးအိအိခန့်တို့ရဲ့ သား မောင်သွင်ဦးဟန်ရဲ့ ရက်၁၀၀ပြည့်မွေးနေ့ အလှူကို ဒီနေ့ ၈မိုင်ရှိ ပေါက်စေတီကျောင်းတိုက်မှာ ပြုလုပ်ခဲ့တဲ့ ပုံရိပ်များ...

ချင်းအမျိုးသားနေ့တွင် ခိုက်ရန်ဖြစ်ပွားခဲ့သည့် လူငယ်ခြောက်ဦးကို ထောင်ဒဏ် ၄ နှစ်နဲ့ ၆ လအမိန်ချမှတ်မှုနှင့်ပတ်သက်၍ မတူပီ၌ဆန္ဒထုတ်ဖော်

Image may contain: 4 people, outdoor

ချင်းအမျိုးသားနေ့တွင် ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် မကျေနပ်၍ လူအင်အား ၁၅၀ ခန့်ဖြင့် အောက်တိုဘာ ၂၉ ရက်နေ့ နံနက်၈နာရီခွဲတွင် မတူပီမြို့ ရှစ်လမ်းဆုံ၌ စုဝေးခဲ့ပြီး ခရစ်ယာန်ဓမ္မဆရာတစ်ဦးက ဆုတောင်းပေးခြင်းပြုလုပ်၍ နံနက်၉နာရီခွဲမှ စတင်ကာ ရှစ်လမ်းဆုံမှ ဗိုလ်ချုပ်လမ်းအတိုင်း၊ စန်ဘောင်လမ်းဆုံအထိ၊ စန်ဘောင်လမ်းဆုံမှပြန်ကွေ့ပြီး ပလက်ဝလမ်းအတိုင်း ဗိုလ်တိုက်ချွန်းအားကစားကွင်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့အ.လ.က(ခွဲ)ကျောင်းရှိ သောက်ရေအိုးအတွင်း ပိုးသတ်ဆေး အဆိပ်ခပ်ခံရပြီး (၆) ရက်အကြာမှ အမှုဖွင့်တိုင်ကြားရန် ပညာရေးဌာန ခွင့်ပြု

Image may contain: outdoor

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့၊ရန်မနိုင်တိုက်နယ်၊လင်းဒိုင်းလက်ပန်ကျေးရွာရှိအ.လ.က (ခွဲ) ကျောင်း၌ကျောင်းသား/သူများသောက်သုံသည့်ကျောင်းသောက်ရေအိုးအတွင်းသို့ပိုးသတ်ဆေးအဆိပ်ခပ်ခံရပြီး(၆)ရက်အကြာ၌အမှုဖွင့်တိုင်ကြားရန် ပညာရေးဌာနခွင့်ပြု ကြောင်းကျောင်းအကျိုးတော်ဆောင်များနှင့်ကျေးရွာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ဝင်များကပြောသည်။

နိုဝင်ဘာထီဖွင့်ပွဲမှာ လာမထုတ်တဲ့ဆုငွေကျပ်သန်း၂၅၀ပါ တစ်ပါတည်းထည့်သွင်း ချီးမြှင့်မည်

No photo description available.

နိုဝင်ဘာလ ၁ရက်နေ့မှာကျင်းပမယ့် ၉ ကြိမ်မြောက် ၁၀၀၀တန် အောင်ဘာလေထီဖွင့်ပွဲမှာ ထီလက်မှတ်စောင်ရေ သိန်း၃၃၀ကျော် ရောင်းချခဲ့ပြီး ထီဆုငွေအနေနဲ့ သန်းပေါင်း ၁၈၀၀၀ကျော်ချီးမြှင့်သွားမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။

Tuesday, October 29, 2019

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော ကျောက်မီးသွေးစက်ရုံနှင့် မိုင်းတွင်းပိတ်သိမ်းရေး ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ပြည်သူများ ဆန္ဒထုတ်ဖော်

Image may contain: one or more people and outdoor
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော ကျောက်မီးသွေးစက်ရုံနှင့် မိုင်းတွင်းပိတ်သိမ်းရေး ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ပြည်သူများ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

ဖုန်းဂိမ်းကစားလွန်း၍ ကြောင်နေသည့် လူငယ်တစ်ဦးကို မလေးရှားမှ မြန်မာ သို့ ပြန်ပို့

Image may contain: 3 people, people standingImage may contain: 6 people

မလေးရှားနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်ရာမှ ဖုန်းဂိမ်းကစားမှု့များပြားလွန်း၍ ကြောင်တောင်တောင်ဖြစ်နေသည့် မြန်မာလူငယ်တစ်ဦးကိုကူညီကာ မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့ရကြောင်း သိရှိရသည်။

YUPT ကုမ္ပဏီလီမိတက် ရဲ့(၃)နှစ်တာ ကာလအတွင်း အကျိုးအမြတ်မရရှိတာနဲ့ ပတ်သက်လို့ အခြေအတင်ဖြစ်နေတဲ့ YUPT(YBS) ဒါရိုက်တာရွေးချယ်ပွဲ

Image may contain: 7 people, people standing and indoor

YUPT ကုမ္ပဏီလီမိတက် ရဲ့(၃)နှစ်တာ ကာလအတွင်း အကျိုးအမြတ်မရရှိတာနဲ့ ပတ်သက်လို့ အစုရှယ်ယာရှင်တွေက ဒီနေ့ ပြုလုပ်တဲ့နှစ်ပတ်လည်အစည်းအဝေးမှာ ဥက္ကဌဖြစ်တဲ့ ဦးဇော်ထွန်းကို အလိုမရှိကြောင်းနဲ့ နှုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။

ပြင်ဦးလွင် Mobile X.Ray စစ်ဆေးရေးဂိတ်တွင် ဖောက်ခွဲရေးလုပ်ငန်းများတွင် အသုံးပြုသည့် (ဒီတိုနေတာများ) ဖမ်းဆီးရမိ

No photo description available.
၂၀၁၉ အောက်တိုဘာ ၂၈ ရက် ၁ နာရီ ၂၅ မိနစ်တွင် ပြင်ဦးလွင် Mobile X.Ray စစ်ဆေးရေးဂိတ်တွင် ယာဉ်အမှတ် MDY 7L/....အား စစ်ဆေးရာ ဒီတိုနေတာ(ဖောက်ခွဲရာတွင် အသုံသည့်ပစ္စည်း) များကို တွေ့ရှိခဲ့ကြောင်း သိရသည်။ တွေ့ရှိမှုတွင် ဒီတိုနီတာ ၂၀ ချောင်းပါ အစည်းရေ ၁၅၀ ပါ ပီနံအိတ် ၄ အိတ် ၊ အစည်းရေ ၁၂၅ စည်းပါ ပီနံအိတ် ၁ အိတ် ၊ စုစုပေါင်း ပီနံအိတ် ၅ အိတ်၊အစည်းရေ ၇၂၅ စည်း ၊ဒီတိုနီတာ စုစုပေါင်း အချောင်း ၁၄၅၀၀ ဖြစ်ကြောင်း သိရသည်။