Tuesday, October 29, 2019

ပြင်ဦးလွင် Mobile X.Ray စစ်ဆေးရေးဂိတ်တွင် ဖောက်ခွဲရေးလုပ်ငန်းများတွင် အသုံးပြုသည့် (ဒီတိုနေတာများ) ဖမ်းဆီးရမိ

No photo description available.
၂၀၁၉ အောက်တိုဘာ ၂၈ ရက် ၁ နာရီ ၂၅ မိနစ်တွင် ပြင်ဦးလွင် Mobile X.Ray စစ်ဆေးရေးဂိတ်တွင် ယာဉ်အမှတ် MDY 7L/....အား စစ်ဆေးရာ ဒီတိုနေတာ(ဖောက်ခွဲရာတွင် အသုံသည့်ပစ္စည်း) များကို တွေ့ရှိခဲ့ကြောင်း သိရသည်။ တွေ့ရှိမှုတွင် ဒီတိုနီတာ ၂၀ ချောင်းပါ အစည်းရေ ၁၅၀ ပါ ပီနံအိတ် ၄ အိတ် ၊ အစည်းရေ ၁၂၅ စည်းပါ ပီနံအိတ် ၁ အိတ် ၊ စုစုပေါင်း ပီနံအိတ် ၅ အိတ်၊အစည်းရေ ၇၂၅ စည်း ၊ဒီတိုနီတာ စုစုပေါင်း အချောင်း ၁၄၅၀၀ ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်အား ယာဉ်မောင်းဖြိုးကိုကိုမောင်(ခ) ကိုဖြိုးနှင့်ယာဉ်နောက်လိုက်ဖြိုးကိုကိုငယ်(ခ)ပြူးလေးတို့မှမောင်းနှင်လာခြင်းဖြစ်ကြောင်း၊ယာဉ်ပေါ်ပါ ဒီတိုနီတာများအား ယာဉ်ပိုင်ရှင်ဖြစ်သူ လေးမင်း၏ ချိတ်ဆက်ပေးမှုဖြင့် လားရိူးမြို့ရှောင်လမ်း၌ အမည်မသိအမျိုးသား ၃ ဦးမှ 4 Wheel အဖြူရောင်ယာဉ်ဖြင့်လာရောက်ပို့ဆောင်သဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။
၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက်အရ စေခိုင်းသူ လေးမင်းအား ဖုန်းဖြင့်ဆက်သွယ်၍ X-Ray စက်နေရာကိုဖြတ်သန်းပြီးဖြစ်ကြောင်း ပြောကြားခေါ်ဆောင်ခဲ့သဖြင့် အောက်တိုဘာ ၂၉ ရက် ၉ နာရီချိန်တွင် လေးမင်း ရောက်ရှိလာခဲ့သောကြောင့် ရဲမှူးကိုကိုနိုင် ဦးစီးအဖွဲ့ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားခံ ၃ ဦးအား စစ်ဆေးလျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံများဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
<<Zawgyi>>
ပြင်ဦးလွင် Mobile X.Ray စစ်ဆေးရေးဂိတ်တွင် ဖောက်ခွဲရေးလုပ်ငန်းများတွင် အသုံးပြုသည့် (ဒီတိုနေတာများ) ဖမ်းဆီးရမိ
Wednesday , October 30 , 2019

၂၀၁၉ အောက်တိုဘာ ၂၈ ရက် ၁ နာရီ ၂၅ မိနစ်တွင် ပြင်ဦးလွင် Mobile X.Ray စစ်ဆေးရေးဂိတ်တွင် ယာဉ်အမှတ် MDY 7L/....အား စစ်ဆေးရာ ဒီတိုနေတာ(ဖောက်ခွဲရာတွင် အသုံသည့်ပစ္စည်း) များကို တွေ့ရှိခဲ့ကြောင်း သိရသည်။ တွေ့ရှိမှုတွင် ဒီတိုနီတာ ၂၀ ချောင်းပါ အစည်းရေ ၁၅၀ ပါ ပီနံအိတ် ၄ အိတ် ၊ အစည်းရေ ၁၂၅ စည်းပါ ပီနံအိတ် ၁ အိတ် ၊ စုစုပေါင်း ပီနံအိတ် ၅ အိတ်၊အစည်းရေ ၇၂၅ စည်း ၊ဒီတိုနီတာ စုစုပေါင်း အချောင်း ၁၄၅၀၀ ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်အား ယာဉ်မောင်းဖြိုးကိုကိုမောင်(ခ) ကိုဖြိုးနှင့်ယာဉ်နောက်လိုက်ဖြိုးကိုကိုငယ်(ခ)ပြူးလေးတို့မှမောင်းနှင်လာခြင်းဖြစ်ကြောင်း၊ယာဉ်ပေါ်ပါ ဒီတိုနီတာများအား ယာဉ်ပိုင်ရှင်ဖြစ်သူ လေးမင်း၏ ချိတ်ဆက်ပေးမှုဖြင့် လားရိူးမြို့ရှောင်လမ်း၌ အမည်မသိအမျိုးသား ၃ ဦးမှ 4 Wheel အဖြူရောင်ယာဉ်ဖြင့်လာရောက်ပို့ဆောင်သဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်းသိရသည်။
၎င်းတို့နှစ်ဦး၏ ထွက်ဆိုချက်အရ စေခိုင်းသူ လေးမင်းအား ဖုန်းဖြင့်ဆက်သွယ်၍ X-Ray စက်နေရာကိုဖြတ်သန်းပြီးဖြစ်ကြောင်း ပြောကြားခေါ်ဆောင်ခဲ့သဖြင့် အောက်တိုဘာ ၂၉ ရက် ၉ နာရီချိန်တွင် လေးမင်း ရောက်ရှိလာခဲ့သောကြောင့် ရဲမှူးကိုကိုနိုင် ဦးစီးအဖွဲ့ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားခံ ၃ ဦးအား စစ်ဆေးလျက်ရှိကြောင်းနှင့် ကွင်းဆက်တရားခံများဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

0 comments:

Post a Comment