Wednesday, October 30, 2019

TNLA အဖွဲ့၏ဖမ်းဆီးနှိပ်စက်ခြင်းခံရသဖြင့် ခိုလုံလီရှောလူမျိုး နမ့်ခမ်းဒေသခံတစ်ဦး သေဆုံးကာ အလောင်းကို ၇ သိန်းဖြင့် ရွေးယူရ

No photo description available.
တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) မှ ဖမ်ဆီးထားသည့် နမ့်ခမ်းဒေသခံ တစ်ဦး သေဆုံးကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းကို ၇ သိန်းဖြင့် ပြန်လည် ရွေးယူခဲ့ရသည်ဟု ခိုလုံလီရှော ပြန်ကြားရေး လူငယ်အဖွဲ့မှပြောကြားခဲ့သည်။

သေဆုံးသူ ဦးလောက်လူ အသက် ၄၉ နှစ်အား TNLA အဖွဲ့က ဧပြီလအတွင်းက ၄င်နေထိုင်သည့် နမ့်ခမ်းမြို့၊ အောင်မေတ္တာ ၁၄ ရပ်ကွက်ရှိ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးထားစဉ် ကာလတွင် နှိပ်စက်မှုများလည်း ပြုလုပ်ကြောင်း ဦးလောက်လူ ဇနီး၏ ပြောပြချက်အရ သိရသည်ဟု ဆိုသည်။
ဦးလောက်လူနှင့် ဇနီးဖြစ်သူ နောက်ဆုံးအကြိမ် ဖုန်းဆက်စဉ်တွင် သူ့အား သိန်း ၂၆၀ ဖြင့် လာရွေးရန် ပြောကြားသည်ဟု သိရသည်။
သေဆုံးသူ ဦးလောက်လူမှာ ပလောင်လူမျိုးဖြစ်ပြီး ဇနီးဖြစ်သူကတော့ ခိုလုံလီရှောလူမျိုး ဖြစ်သည်။ သေဆုံးသူတွင် တစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် သားသမီး ငါးဦး ကျန်ရစ်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင်လည်း TNLA ဖမ်းဆီးထားသည့် ခိုလုံလီရှော လူမျိုး ၁၀ ဦးကျော်ခန့် ရှိသည်ဟု ခိုလုံလီရှော ပြန်ကြားရေးလူငယ်အဖွဲ့မှ တာဝန်ခံက ပြောကြားသည်။
ခိုလုံလီရှောလူမျိုးများသည် ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်များတွင် နေထိုင်ကြပြီး လူဦးရေ အားဖြင့် သုံးသောင်းကျော်ခန့်သာ ရှိကြောင်း သိရသည်။
<<Zawgyi>>
TNLA အဖွဲ့၏ဖမ်းဆီးနှိပ်စက်ခြင်းခံရသဖြင့် ခိုလုံလီရှောလူမျိုး နမ့်ခမ်းဒေသခံတစ်ဦး သေဆုံးကာ အလောင်းကို ၇ သိန်းဖြင့် ရွေးယူရ
Thursday , October 31 , 2019

တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) မှ ဖမ်ဆီးထားသည့် နမ့်ခမ်းဒေသခံ တစ်ဦး သေဆုံးကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းကို ၇ သိန်းဖြင့် ပြန်လည် ရွေးယူခဲ့ရသည်ဟု ခိုလုံလီရှော ပြန်ကြားရေး လူငယ်အဖွဲ့မှပြောကြားခဲ့သည်။
သေဆုံးသူ ဦးလောက်လူ အသက် ၄၉ နှစ်အား TNLA အဖွဲ့က ဧပြီလအတွင်းက ၄င်နေထိုင်သည့် နမ့်ခမ်းမြို့၊ အောင်မေတ္တာ ၁၄ ရပ်ကွက်ရှိ နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးထားစဉ် ကာလတွင် နှိပ်စက်မှုများလည်း ပြုလုပ်ကြောင်း ဦးလောက်လူ ဇနီး၏ ပြောပြချက်အရ သိရသည်ဟု ဆိုသည်။
ဦးလောက်လူနှင့် ဇနီးဖြစ်သူ နောက်ဆုံးအကြိမ် ဖုန်းဆက်စဉ်တွင် သူ့အား သိန်း ၂၆၀ ဖြင့် လာရွေးရန် ပြောကြားသည်ဟု သိရသည်။
သေဆုံးသူ ဦးလောက်လူမှာ ပလောင်လူမျိုးဖြစ်ပြီး ဇနီးဖြစ်သူကတော့ ခိုလုံလီရှောလူမျိုး ဖြစ်သည်။ သေဆုံးသူတွင် တစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် သားသမီး ငါးဦး ကျန်ရစ်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင်လည်း TNLA ဖမ်းဆီးထားသည့် ခိုလုံလီရှော လူမျိုး ၁၀ ဦးကျော်ခန့် ရှိသည်ဟု ခိုလုံလီရှော ပြန်ကြားရေးလူငယ်အဖွဲ့မှ တာဝန်ခံက ပြောကြားသည်။
ခိုလုံလီရှောလူမျိုးများသည် ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်များတွင် နေထိုင်ကြပြီး လူဦးရေ အားဖြင့် သုံးသောင်းကျော်ခန့်သာ ရှိကြောင်း သိရသည်။
#the_Ladies #Myanmar_Online_News #ခိုလုံလီရှော #နမ့်ခမ်း #TNLA

0 comments:

Post a Comment