Wednesday, October 30, 2019

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့စ်ဘဇားဒေသတွင် ကန်ဒေါ်လာ ၅ သန်းခန့် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


အမေရိကန်ဒေါ်လာ ၅သန်းခန့် တန်ဖိုးရှိသော မက်သာမ်ဖက်တမင်းဆေးတောင့်များကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့စ်ဘဇားဒေသတွင် ဖမ်းဆီးရမိခဲ့ပြီး၊ ယင်းမူးယစ်ဆေးများနှင့်ဆက်နွယ်ပတ်သက်သည့် ဘင်္ဂါလီတစ်ဦးကိုလည်း ဖမ်းဆီးထားသည်ဟု ဘင်္ဂလားဒေ့ရ်ှရဲတပ်ဖွဲ့က တနင်္လာနေ့က သတင်းထုတ်ပြန်ထားပြီး ၎င်းသည် ယခုနှစ်အတွင်းဝယ် တစ်ချီထဲဖြင့် အများဆုံးဖမ်းမိသော မူးယစ်ဆေးဝါဒ ပမာဏဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကော့စ်ဘဇားခရိုင်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ် ကမ်းခြေတစ်ခုကို တနင်္ဂနွေနေ့တွင် အထူးရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းရာမှ သတင်းအရ လက်တွန်းလှည်းထဲတွင် အိပ်များဖြင့်ထည့်၍ သယ်ဆောင်လာသော မက်သာမ်ဖက်တမင်းဆေးတောင့် ၈သိန်းကိုဖမ်းဆီးရမိခဲ့ပြီး ဘင်္ဂါလီတစ်ဦးကိုဖမ်းဆီးနိုင်ခဲ့ကာ လူအချို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။
<<zawgyi>>
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့စ်ဘဇားဒေသတွင် ကန်ဒေါ်လာ ၅ သန်းခန့် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Wednesday , October 30 , 2019

အမေရိကန်ဒေါ်လာ ၅သန်းခန့် တန်ဖိုးရှိသော မက်သာမ်ဖက်တမင်းဆေးတောင့်များကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့စ်ဘဇားဒေသတွင် ဖမ်းဆီးရမိခဲ့ပြီး၊ ယင်းမူးယစ်ဆေးများနှင့်ဆက်နွယ်ပတ်သက်သည့် ဘင်္ဂါလီတစ်ဦးကိုလည်း ဖမ်းဆီးထားသည်ဟု ဘင်္ဂလားဒေ့ရ်ှရဲတပ်ဖွဲ့က တနင်္လာနေ့က သတင်းထုတ်ပြန်ထားပြီး ၎င်းသည် ယခုနှစ်အတွင်းဝယ် တစ်ချီထဲဖြင့် အများဆုံးဖမ်းမိသော မူးယစ်ဆေးဝါဒ ပမာဏဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကော့စ်ဘဇားခရိုင်ရှိ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ် ကမ်းခြေတစ်ခုကို တနင်္ဂနွေနေ့တွင် အထူးရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှ သတင်းအရ လက်တွန်းလှည်းထဲတွင် အိပ်များဖြင့်ထည့်၍ သယ်ဆောင်လာသော မက်သာမ်ဖက်တမင်းဆေးတောင့် ၈သိန်းကိုဖမ်းဆီးရမိခဲ့ပြီး ဘင်္ဂါလီတစ်ဦးကိုဖမ်းဆီးနိုင်ခဲ့ကာ လူအချို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။
#Myanmar_Online_News #AFP

0 comments:

Post a Comment