Wednesday, October 30, 2019

ဝန်ကြီးများရုံးဟောင်း ကျန်းမာရေးစင်တာကို ယခုလကုန်ပိတ်သိမ်းရန် ညွှန်ကြားထားပြီးလုပ်ကိုင်ခွင့်ရသည့်ကုမ္မဏီအား နိုဝင်ဘာလပထမပတ်တွင် ကြားနာမည်

Image may contain: 1 person, outdoorImage may contain: living room and indoor

နိုင်ငံ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့သော ဝန်ကြီးများရုံးဟောင်းတွင် ဖွင့်လှစ်ထားသည့် DE Beau အဆင့်မြင့် ကျန်းမာရေးစင်တာကို အောက်တိုဘာ ၃၁ ရက် လကုန် တွင် ပိတ်သိမ်းရန် ဗိုလ်တထောင်မြို့နယ် စည်ပင်က စာထုတ် ညွှန်ကြားထားပြီဖြစ်ကြောင်း သိရှိရသည်။

ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ထားသော ကျန်းမာရေးစင်တာ အပါအဝင် ဈေးဆိုင်ခန်းများနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်ရရှိခဲ့သည့် အနော်မာကုမ္မဏီနှင့် ဌာနဆိုင်ရာအချို့ကို ငှားရမ်းစဉ်က သဘောတူညီထားသည့် အချက်အလက်များ၊ လက်ရှိလုပ်ကိုင်နေသည့် အဆောက်အအုံနှင့်ဆိုင်များသည် ဥပဒေနှင့်ညီညွတ်မှုရှိ၊ မရှိ စသည့်အချက်များကို လာမည့် နိုဝင်ဘာလ ပထမပတ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်လူမှုရေးနှင့် စီမံခန့်ခွဲမှု ကော်မတီက ကြားနာမည်ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းထောင့်နှင့် အနော်ရထာလမ်းထောင့် ရှိ ဝန်ကြီးများရုံးတွင်De' Be' an Wellness အမည်ဖြင့် ကျန်းမာရေးစင်တာကို အောက်တိုဘာ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ စင်တာဖွင့်ပွဲကျင်းပသည့်ပုံများကို လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများရှိခဲ့ကြောင်း သိရှိရသည်။

<<zawgyi>>
ဝန်ကြီးများရုံးဟောင်း ကျန်းမာရေးစင်တာကို ယခုလကုန်ပိတ်သိမ်းရန် ညွှန်ကြားထားပြီးလုပ်ကိုင်ခွင့်ရသည့်ကုမ္မဏီအား နိုဝင်ဘာလပထမပတ်တွင် ကြားနာမည်
Wednesday , October 30 , 2019

နိုင်ငံ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့သော ဝန်ကြီးများရုံးဟောင်းတွင် ဖွင့်လှစ်ထားသည့် DE Beau အဆင့်မြင့် ကျန်းမာရေးစင်တာကို အောက်တိုဘာ ၃၁ ရက် လကုန် တွင် ပိတ်သိမ်းရန် ဗိုလ်တထောင်မြို့နယ် စည်ပင်က စာထုတ် ညွှန်ကြားထားပြီဖြစ်ကြောင်း သိရှိရသည်။
ဝန်ကြီးများရုံးတွင် ဖွင့်လှစ်ထားသော ကျန်းမာရေးစင်တာ အပါအဝင် ဈေးဆိုင်ခန်းများနှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်ရရှိခဲ့သည့် အနော်မာကုမ္မဏီနှင့် ဌာနဆိုင်ရာအချို့ကို ငှားရမ်းစဉ်က သဘောတူညီထားသည့် အချက်အလက်များ၊ လက်ရှိလုပ်ကိုင်နေသည့် အဆောက်အအုံနှင့်ဆိုင်များသည် ဥပဒေနှင့်ညီညွတ်မှုရှိ၊ မရှိ စသည့်အချက်များကို လာမည့် နိုဝင်ဘာလ ပထမပတ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်လူမှုရေးနှင့် စီမံခန့်ခွဲမှု ကော်မတီက ကြားနာမည်ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းထောင့်နှင့် အနော်ရထာလမ်းထောင့် ရှိ ဝန်ကြီးများရုံးတွင်De' Be' an Wellness အမည်ဖြင့် ကျန်းမာရေးစင်တာကို အောက်တိုဘာ၂၆ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ စင်တာဖွင့်ပွဲကျင်းပသည့်ပုံများကို လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများရှိခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment