Wednesday, October 30, 2019

ဒုတိယအကြိမ်မြောက် မိတ္ထီလာတောင်ကန်ပေါင် အဘမြင်းဖြူရှင်နတ်နန်းမှ အလှူခံပုံး ဖောက်ထွင်းခံရ

Image may contain: 1 person, standing, food and indoor
အောက်တိုဘာလ ၂၉ ရက်နေ့ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဆိုင်းတန်းရပ်နယ်မြေရှိ မိတ္ထီလာတောင်ကန်ပေါင် အဘမြင်းဖြူရှင်နတ်နန်းမှ သော့ပိတ်ထားသော နတ်နန်းစတီးတံခါးအတွင်းရှိ အလှူခံပုံးကို ဒုတိယအကြိမ်မြောက် ရိုက်ချိုးဖျက်ဆီးပြီး အလှူငွေများ ခိုးယူသွားကြောင်း အနီးပတ်ဝန်းကျင်ရှိ ရပ်မိရပ်ဖများထံမှ သိရသည်။

နတ်နန်းအလှူခံပုံးထဲတွင် အလှုငွေများလာပါက ရပ်မိရပ်ဖနှစ်ဦးက ရေတွက်ပြီး နတ်နန်းအနီးရှိ ရေလယ်အနောက်ကျောင်း ဆရာတော်ထံတွင် အပ်နှံလေ့ရှိပြီး အလှူငွေများမလာမီ ယခုကဲ့သို့ ခိုးယူခံရခြင်းဖြစ်ကြောင်း၊ အမှုမဖွင့်ဘဲ ရဲစခန်းသို့သာ အကြောင်းကြားထားကြောင်း သိရသည်။
လွန်ခဲ့သော စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းကလည်း အဘမြင်းဖြူရှင်နန်းမှ မှန်အလှူခံပုံးကို ဝါးလုံး၊ အုတ်ခဲတို့ဖြင့် ရိုက်ခွဲဖျက်ဆီး၍ အလှူငွေများခိုးယူမှုဖြစ်ပွားခဲ့ဖူးကြောင်း သိရှိရသည်။

<<Zawgyi>>
ဒုတိယအကြိမ်မြောက် မိတ္ထီလာတောင်ကန်ပေါင် အဘမြင်းဖြူရှင်နတ်နန်းမှ အလှူခံပုံး ဖောက်ထွင်းခံရ
Thursday , October 31 , 2019

အောက်တိုဘာလ ၂၉ ရက်နေ့ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ဆိုင်းတန်းရပ်နယ်မြေရှိ မိတ္ထီလာတောင်ကန်ပေါင် အဘမြင်းဖြူရှင်နတ်နန်းမှ သော့ပိတ်ထားသော နတ်နန်းစတီးတံခါးအတွင်းရှိ အလှူခံပုံးကို ဒုတိယအကြိမ်မြောက် ရိုက်ချိုးဖျက်ဆီးပြီး အလှူငွေများ ခိုးယူသွားကြောင်း အနီးပတ်ဝန်းကျင်ရှိ ရပ်မိရပ်ဖများထံမှ သိရသည်။
နတ်နန်းအလှူခံပုံးထဲတွင် အလှုငွေများလာပါက ရပ်မိရပ်ဖနှစ်ဦးက ရေတွက်ပြီး နတ်နန်းအနီးရှိ ရေလယ်အနောက်ကျောင်း ဆရာတော်ထံတွင် အပ်နှံလေ့ရှိပြီး အလှူငွေများမလာမီ ယခုကဲ့သို့ ခိုးယူခံရခြင်းဖြစ်ကြောင်း၊ အမှုမဖွင့်ဘဲ ရဲစခန်းသို့သာ အကြောင်းကြားထားကြောင်း သိရသည်။
လွန်ခဲ့သော စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်းကလည်း အဘမြင်းဖြူရှင်နန်းမှ မှန်အလှူခံပုံးကို ဝါးလုံး၊ အုတ်ခဲတို့ဖြင့် ရိုက်ခွဲဖျက်ဆီး၍ အလှူငွေများခိုးယူမှုဖြစ်ပွားခဲ့ဖူးကြောင်း သိရှိရသည်။
photo-#Kyaw_Soe_Moe

0 comments:

Post a Comment