Wednesday, October 30, 2019

ချင်းအမျိုးသားနေ့တွင် ခိုက်ရန်ဖြစ်ပွားခဲ့သည့် လူငယ်ခြောက်ဦးကို ထောင်ဒဏ် ၄ နှစ်နဲ့ ၆ လအမိန်ချမှတ်မှုနှင့်ပတ်သက်၍ မတူပီ၌ဆန္ဒထုတ်ဖော်

Image may contain: 4 people, outdoor

ချင်းအမျိုးသားနေ့တွင် ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထောင်ဒဏ်ချမှတ်ခံရသည့်အပေါ် မကျေနပ်၍ လူအင်အား ၁၅၀ ခန့်ဖြင့် အောက်တိုဘာ ၂၉ ရက်နေ့ နံနက်၈နာရီခွဲတွင် မတူပီမြို့ ရှစ်လမ်းဆုံ၌ စုဝေးခဲ့ပြီး ခရစ်ယာန်ဓမ္မဆရာတစ်ဦးက ဆုတောင်းပေးခြင်းပြုလုပ်၍ နံနက်၉နာရီခွဲမှ စတင်ကာ ရှစ်လမ်းဆုံမှ ဗိုလ်ချုပ်လမ်းအတိုင်း၊ စန်ဘောင်လမ်းဆုံအထိ၊ စန်ဘောင်လမ်းဆုံမှပြန်ကွေ့ပြီး ပလက်ဝလမ်းအတိုင်း ဗိုလ်တိုက်ချွန်းအားကစားကွင်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ရက် ညပိုင်းက မတူပီမြို့ ဗိုလ်တိုက်ချွန်းအားကစားကွင်းအတွင်း ချင်းအမျိုး သားနေ့ပွဲတော် ကျင်းပပြီးခါနီးအချိန် ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလွန်အကျွံ အင်အားသုံးဖြေရှင်းမှုကို ချင်းလူငယ်များက မကျေမနပ်ဖြစ်ပြီး အပြန် အလှန်ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်ဆန်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်နှိမ်နင်းခဲ့ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ကြောင်း၊ ရဲကားတစ်စီးနှင့် အရပ်ကားနှစ်စီးလည်း ပျက်စီးခဲ့ကြောင်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေစဉ်အတွင်း လက်ပူးလက်ကြပ်ဖမ်းဆီးခဲ့ခြင်းမရှိဘဲ နောက်နေ့များတွင် ချင်းလူငယ်ခြောက်ဉီးကို ဖမ်းဆီးချုပ်နှောင်ကာ အာမခံမပေးဘဲ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်ထပ်ချင်းလူငယ်သုံးဦးမှာလည်း ယခုအချိန်အထိ တရားခံပြေးဘဝဖြင့်ရှိနေကြောင်း၊ လူငယ်ခြောက်ဦး၏ အုပ်ထိန်းသူများက ထိခိုက်ပျက်စီးသည့် မော်တော်ယာဉ်များကို ပြုပြင်ပေးပြီး ချင်းအမျိုးသားနေ့ဖြစ်မြောက်ရေး ကော်မတီဝင်များမှ တစ်ဆင့်ညှိနှိုင်းခဲ့ကြသော်လည်း ပြေလည်မှုမရရှိခဲ့ဘဲ ချင်းတိုင်းရင်းသား လူငယ်များကို ရုံးတင်တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။
ပရိသတ်အများအပြားနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာတွင် ၎င်းလူငယ် ကိုးဦးကိုသာ ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကျူးလွန်ကြောင်းထွက်ဆိုသည့် အရပ်သား သက်သေလည်းမရှိခဲ့ကြောင်း၊ သို့သော် ဖမ်းဆီးပြီး တရားလိုပြုလုပ်သည့်ရဲများကို သက်သေအဖြစ်သဘောထားကာ ချင်းလူငယ်ခြောက်ဦးကိုပြည်သူပိုင်ပစ္စည်းကာကွယ် စောင့်ရှောက်မှု ဥပဒေပုဒ်မ-၆(၁)အပြင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၃၃၂/ ၃၂၃/ ၄၂၇/ ၃၄တို့ဖြင့် စွဲချက်တင်ပြီး အောက်တိုဘာ ၁၀ ရက်တွင် မတူပီမြို့နယ်တရားရုံးက ၎င်းတို့ခြောက်ဦးစလုံးကို ပပက-၆(၁)အတွက် ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ-၃၃၂ အတွက်ထောင်ဒဏ်တစ်နှစ်၊ ပုဒ်မ-၃၂၃နှင့် ပုဒ်မ-၄၂၇ အတွက် ထောင်ဒဏ်သုံးလစီဖြင့် တစ်ဦးလျှင် စုစုပေါင်းထောင်ဒဏ် လေးနှစ်နှင့် ခြောက်လစီအမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
"ရဲဝန်ထမ်းတွေရော လူငယ်များပါ အပျော်လွန်မူးယစ်သောက်စားပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြတယ်။ အခင်းဖြစ်ပွားပုံ၊ တင်ပြမှု၊ တရားစွဲဆိုပုံ၊ သက်သေထွက်ဆိုပုံတွေက တစ်ဖက်စောင်းနင်း ဖြစ်နေတယ်၊ ချတဲ့ပြစ်ဒဏ်ကလည်း ကြီးမားလွန်းတယ်လို့ ထင်မြင်ယူဆတယ်။ ဒါ ကြောင့် ကာယကံရှင်မိသားစုများနဲ့ အတူ မတူပီမြို့သူ၊ မြို့သား၊ မိဘပြည်သူများပါ ပူးပေါင်းပြီးအခုလို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်"ဟု ဒေသခံတစ်ဦးက ပြောဆိုခဲ့ကြောင်း သိရှိရသည်။
<<zawgyi>>
ချင်းအမျိုးသားနေ့တွင် ခိုက်ရန်ဖြစ်ပွားခဲ့သည့် လူငယ်ခြောက်ဦးကို ထောင်ဒဏ် ၄ နှစ်နဲ့ ၆ လအမိန်ချမှတ်မှုနှင့်ပတ်သက်၍ မတူပီ၌ဆန္ဒထုတ်ဖော်
Wednesday , October 30 , 2019

#Myanmar_Online_News #မတူပီ #ချင်း #လူငယ်ခြောက်ဦး

0 comments:

Post a Comment