Wednesday, October 30, 2019

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့အ.လ.က(ခွဲ)ကျောင်းရှိ သောက်ရေအိုးအတွင်း ပိုးသတ်ဆေး အဆိပ်ခပ်ခံရပြီး (၆) ရက်အကြာမှ အမှုဖွင့်တိုင်ကြားရန် ပညာရေးဌာန ခွင့်ပြု

Image may contain: outdoor

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့၊ရန်မနိုင်တိုက်နယ်၊လင်းဒိုင်းလက်ပန်ကျေးရွာရှိအ.လ.က (ခွဲ) ကျောင်း၌ကျောင်းသား/သူများသောက်သုံသည့်ကျောင်းသောက်ရေအိုးအတွင်းသို့ပိုးသတ်ဆေးအဆိပ်ခပ်ခံရပြီး(၆)ရက်အကြာ၌အမှုဖွင့်တိုင်ကြားရန် ပညာရေးဌာနခွင့်ပြု ကြောင်းကျောင်းအကျိုးတော်ဆောင်များနှင့်ကျေးရွာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ဝင်များကပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ကျောင်းအုပ်နှင့်တကွကျောင်းကော်မတီများမှအမှုဖွင့်တိုင်ကြားရန် ခွင့်ပြု့ထားပြီးဖြစ်ကြောင်းကျေးရွာကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တစ်ဦးဖြစ်သူဦးရွှေဝါထွန်းကပြောသည်။
ဖြစ်စဉ်မှာအောက်တိုဘာလ(၂၄)ရက်နေ့၌(ဖြူရာဒန်-3G)အဆိပ်ခပ်ခံရမှုကြောင့် သောက်ရေသောက်သုံးခဲ့သောကျောင်းသား/သူများနှင့်ကျောင်းသားမိဘများစုစုပေါင်း၁၀၀ဦးခန့်သည်အားစကားမြားတိုက်နယ်ဆေးရုံးတွင် ဆေးဝါးကုသခဲ့ကြသည်။အဆိုပါ ဖြစ်စဉ် ဖြစ်ပေါ်ပြီး (၆)ရက်အကြာ၌ သက်ဆိုင်ရာထံ အမှုဖွင့်တိုင်ကြားရန် ပညာရေးဌာနက အမှုဖွင့်ရန် ခွင့်ပြု့ခဲ့သည်။
"အမှုဖွင့်ထားတာကလောလောဆယ်မရှိသေးပါဘူး။သက်ဆိုင်ရာကလမ်းညွန်မှုအတိုင်းလုပ်မှာပါ။ လောလောဆယ်တော့ဌာနဆိုင်ရာတွေကစစ်ဆေးမေးမြန်းတာတွေမရှိပါဘူး။ဒီကနေ့အထိပါ ။ဒီနေ့မှမြို့နယ်နဲ့ခရိုင်ကလာမှာမို့ကျောင်းအုပ်ကကျွန်တော်တို့ကိုခေါ်ထားတာပါ။ ဖြစ်ဖြစ်ခြင်းမှာရန်မနိုင်စခန်းကလာရောက်မေးမြန်းစစ်ဆေးတာကလွဲလို့မရှိပါဘူး"ဟုအဆိုပါအလကခွဲကျောင်း၏ကျောင်းအကျိုးတော်ဆောင်ဥက္ကဌမန်းစန်းဝင်းကပြောသည်။
ယခုအခါတွင်အဆိပ်သင့်ဝေဒနာခံစားခဲ့ကြသောကျောင်းသူ/သားများနှင့်မိဘများမှာကျန်းမာရေးကောင်းမွန်စွာဖြင့်အားလုံးဆေးရုံမှပြန်ဆင်းလာပြီဖြစ်ပြီးကျေးရွာရှိပြည်သူများအနေဖြင့်ယခုဖြစ်စဉ်အားကျူးလွန်ခဲ့သူများကိုသက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများကထိထိရောက်ရောက်အရေးယူဖော်ထုတ်ပေးစေလိုကြောင်းတောင်းဆိုလျက်ရှိသည်။
<zawgyi>
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့အ.လ.က(ခွဲ)ကျောင်းရှိ သောက်ရေအိုးအတွင်း ပိုးသတ်ဆေး အဆိပ်ခပ်ခံရပြီး (၆) ရက်အကြာမှ အမှုဖွင့်တိုင်ကြားရန် ပညာရေးဌာန ခွင့်ပြု
Wednesday , October 30 , 2019

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြမြို့၊ရန်မနိုင်တိုက်နယ်၊လင်းဒိုင်းလက်ပန်ကျေးရွာရှိအ.လ.က (ခွဲ) ကျောင်း၌ကျောင်းသား/သူများသောက်သုံသည့်ကျောင်းသောက်ရေအိုးအတွင်းသို့ပိုးသတ်ဆေးအဆိပ်ခပ်ခံရပြီး(၆)ရက်အကြာ၌အမှုဖွင့်တိုင်ကြားရန် ပညာရေးဌာနခွင့်ပြု ကြောင်းကျောင်းအကျိုးတော်ဆောင်များနှင့်ကျေးရွာ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ဝင်များကပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ကျောင်းအုပ်နှင့်တကွကျောင်းကော်မတီများမှအမှုဖွင့်တိုင်ကြားရန် ခွင့်ပြု့ထားပြီးဖြစ်ကြောင်းကျေးရွာကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တစ်ဦးဖြစ်သူဦးရွှေဝါထွန်းကပြောသည်။
ဖြစ်စဉ်မှာအောက်တိုဘာလ(၂၄)ရက်နေ့၌(ဖြူရာဒန်-3G)အဆိပ်ခပ်ခံရမှုကြောင့် သောက်ရေသောက်သုံးခဲ့သောကျောင်းသား/သူများနှင့်ကျောင်းသားမိဘများစုစုပေါင်း၁၀၀ဦးခန့်သည်အားစကားမြားတိုက်နယ်ဆေးရုံးတွင် ဆေးဝါးကုသခဲ့ကြသည်။အဆိုပါ ဖြစ်စဉ် ဖြစ်ပေါ်ပြီး (၆)ရက်အကြာ၌ သက်ဆိုင်ရာထံ အမှုဖွင့်တိုင်ကြားရန် ပညာရေးဌာနက အမှုဖွင့်ရန် ခွင့်ပြု့ခဲ့သည်။
"အမှုဖွင့်ထားတာကလောလောဆယ်မရှိသေးပါဘူး။သက်ဆိုင်ရာကလမ်းညွန်မှုအတိုင်းလုပ်မှာပါ။ လောလောဆယ်တော့ဌာနဆိုင်ရာတွေကစစ်ဆေးမေးမြန်းတာတွေမရှိပါဘူး။ဒီကနေ့အထိပါ ။ဒီနေ့မှမြို့နယ်နဲ့ခရိုင်ကလာမှာမို့ကျောင်းအုပ်ကကျွန်တော်တို့ကိုခေါ်ထားတာပါ။ ဖြစ်ဖြစ်ခြင်းမှာရန်မနိုင်စခန်းကလာရောက်မေးမြန်းစစ်ဆေးတာကလွဲလို့မရှိပါဘူး"ဟုအဆိုပါအလကခွဲကျောင်း၏ကျောင်းအကျိုးတော်ဆောင်ဥက္ကဌမန်းစန်းဝင်းကပြောသည်။
ယခုအခါတွင်အဆိပ်သင့်ဝေဒနာခံစားခဲ့ကြသောကျောင်းသူ/သားများနှင့်မိဘများမှာကျန်းမာရေးကောင်းမွန်စွာဖြင့်အားလုံးဆေးရုံမှပြန်ဆင်းလာပြီဖြစ်ပြီးကျေးရွာရှိပြည်သူများအနေဖြင့်ယခုဖြစ်စဉ်အားကျူးလွန်ခဲ့သူများကိုသက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများကထိထိရောက်ရောက်အရေးယူဖော်ထုတ်ပေးစေလိုကြောင်းတောင်းဆိုလျက်ရှိသည်။

0 comments:

Post a Comment