Wednesday, January 1, 2014

မျက်နှာသစ်နည်း အမှားတွေ သုံးမိနေလား


မျက်နှာဆိုတာ လူ့ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပိုင်းတွေ ဖြစ်တာကြောင့် အထူးဂရုစိုက်ဖို့လိုပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားရာမှာ မှန်ကန်တဲ့ နည်းလမ်းမျိုး သုံးဖို့လည်းလိုအပ်ပါတယ်။

(၁)     တအားမြန်မြန် ဆေးကြောခြင်း


          ညတိုင်း ညတိုင်းနဲ့ မနက်ဘက်တွေ မျက်နှာသစ်တဲ့အခါ အရမ်းမြန်မြန်သစ်နေတယ်ဆိုပါစို့။ ပြီးပြည့်စုံတဲ့ မျက်နှာသစ်နည်းကတော့ မိနစ်အနည်းငယ် အချိန်ကုန်ခံပြီး အရေပြားထဲက အညစ်အကြေးတွေ ပြောင်စင်သွားတဲ့အထိ ခပ်ဖြည်းဖြည်း ပွတ်တိုက် ဆေးကြောပေးဖို့ပါပဲ။ မျက်နှာတစ်ပြင်လုံး အနှံ့ သေချာပွတ်မိအောင်ကြိုးစားပါ။ မျက်လုံးနားတ၀ိုက်ကိုလည်း မမေ့ပါနဲ့။ စက်ဝိုင်းငယ်သဏ္ဍန် လက်နဲ့လှည်လည်ဆေးကြောခြင်းက မိတ်ကပ်တွေ ကုန်စင်သွားစေပါတယ်။ ပြီးရင်တော့ ရေခပ်နွေးနွေးနဲ့ ဆေးကြောပစ်လိုက်ပါ။

(၂)     လိုအပ်တာထက်ပိုပူတဲ့ ရေနွေးနဲ့သစ်ခြင်း

          မျက်နှာသစ်ရာမှာ အသုံးပြုတဲ့ ရေဟာ ချိုးတဲ့ရေလောက် မပူသင့်ပါဘူး။ မနွေးတနွေး လောက်ကိုသာ သုံးသင့်ပါတယ်။ ပူတဲ့ ဘယ်အရာမဆို သင့်မျက်နှာရဲ့ အရေပြားကို ခြောက်ခန်းစေပါတယ်။

(၃)     မျက်နှာသုတ် စက္ကူတွေကို အလွန်အကျွံ သုံးမိနေခြင်း


          မျက်နှာသန့်စင်ပုဝါတွေနဲ့ တစ်ခါသုံးစက္ကူတွေဟာ ပိုးမွှားတွေနဲ့ အညစ်အကြေးတွေကို အလွယ်တကူ သန့်စင်နိုင်တာမှန်ပေမယ့် ဓါတုပစ္စည်းတွေပါဝင်တာကြောင့် ရေရှည်မှာ သင့်အသား အရေကို မကျန်းမာစေနိုင်ပါဘူး။ မိတ်ကပ်တွေဖျက်ဖို့ အလွယ်ကူဆုံးနဲ့ အသက်သာဆုံး နည်းလမ်းဖြစ် တာတော့ မှန်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့အချိန်မှာ သုံးပြီးခဲ့ရင်တောင် အိမ်ပြန်ရောက် တဲ့အခါမှာတော့ တကယ့်ရေနဲ့ တကယ့်မျက်နှာသစ်ဆပ်ပြာနဲ့ ပြန်လည်ဆေးကြောပေးသင့် ပါတယ်။ 

Ref:seventeen
Trend Myanmar

0 comments:

Post a Comment