Monday, January 27, 2014

first date မှာ ဘာဝတ်ရင်ကောင်းမလဲ




   First date အတွက် အားလုံး နေရာတကျ ဖြစ်ပါ့မလား ၊ အဆင်ပြေပြေမှ စကားပြောနိုင်ပါ့မလား စသဖြင့် တွေးပူနေရချိန်မှာ အ၀တ်အစားအတွက်ကလည်း တစ်မျိုးပူနေရမယ်ဆိုရင်တော့ တော်တော် စိတ်မသက်သာရမယ့် ကိစ္စပါပဲ။
          ဒီတော့ ပျိုမေတွေကို တစ်ဖက်တစ်လမ်းက ကူညီချင်တာကြောင့် အ၀တ်အစားအတွက်ကတော့ မပူပါနဲ့တော့လို့ ပြောပါရစေ။ အခုရွေးချယ် ပေးထားတဲ့ ဒီဇိုင်းတွေကတော့ First Dateအတွက် သီးသန့်ဖြစ်ပြီး အတော်များများနဲ့ အဆင်ပြေမှာပါ။
(၁)     Classic
          သင့်ရဲ့ဒီဇိုင်းက အနည်းငယ် ကလေးဆန်နေလို့မကြိုက်ဘူးဆိုရင်တော့ အခုလို classic ဒီဇိုင်းမျိုးနဲ့ သွားသင့်ပါတယ်။ အစင်းကြီးတွေပါတဲ့အင်္ကျံက သင့်ကိုရိုးရှင်းပြီး ကြည့်ကောင်းစေပါတယ်။ မီနီစကတ် အတိုလေးတွေအစား ပိုပြီးသက်သောင့်သက်သာ ရှိစေမယ့် ဒီလိုစကတ်အကားမျိုးရွေးချယ်ပါ။ ပုံတုံးတုံးကြီး ဖြစ်မနေစေဖို့အတွက် သားရေရှူး ဖိနပ်အနက်ရောင်ကို ရွေးချယ်ပါမယ်။
(၂)     Indie Rocker
          ခေတ်ဆန်တဲ့အသွင်ကို ပြဖို့ဆိုရင်တော့ ဒီလို ခပ်ရွတ်ရွတ် စာတန်းမျိုးပါတဲ့ T-shirt ကိုရွေးချယ်ပါ။ ရောင်စုံအကွက်နဲ့ ရှပ်အင်္ကျံကတော့ သင့်ကိုပိုပြီး သွက်လက်စေနိုင်ပါတယ်။ အနက်ရောင် အပြောင်သား ဂျင်းန်နဲ့ ငွေရောင်ရှူးဖိနပ်တို့က ပုံမှန်ဝတ်နေကျ ဂျင်းတွေထက်တော့ ပိုပြီး အထာကျစေနိုင်ပါတယ်။
(၃)     Girly
          မိန်းကလေးငယ်လေးလို ဒီဇိုင်းမျိုးနဲ့သွားမယ်ဆုံးဖြတ်ထားရင်တော့ ဂါဝန်ဗြောင် အတိုလေးတွေကို ရွေးချယ်ပါ။ ခါးပတ်အသေးလေးတစ်ခုလည်း ပတ်ရပါဦးမယ်။ ဒါမှ သင့်ရဲ့ကောက်ကြောင်းလေးကို ထင်ရှားစေမှာပါ။ အဖြူရောင် high heels လေးကတော့ မင်းသမီးလေးအသွင်ကို ရစေနိုင်ပြီး ပိုပြီး ရှင်းသန့်တဲ့အသွင်ကိုပေးပါတယ်။ အနက်ရောင် ဘေးလွယ်အိတ်ကတော့ သင့်ကို အဆင့်အတန်းရှိစေ နိုင်ပါတယ်။
(၄)     Sporty
          ခပ်မြူးမြူးလေးသွားချင်တာလား။ သက်သောင့်သက်သာရှိမယ့် အားကစားစတိုင်ဝတ်စုံမျိုးနဲ့ First Date ကိုသွားလို့မရဘူးလို့ ဘယ်သူများပြောထားလဲ။ အားကစားဝတ်စုံပွလေးနဲ့ ဘောင်းဘီတိုလေးတွေဟာ အလွန်လိုက်တဲ့ အတွဲပါ။ ဒါမှမဟုတ်လဲ အားကစားဘောင်းဘီပွလေးတွေကို အဖျားမှာ စည်းထားတဲ့ စတိုင်မျိုး နဲ့ တွဲဝတ်ကြည်ပါ။ နောက်ဆုံး အားကစားစတိုင် အပြည့်ရှိတဲ့ ဒီလို ဖိနပ်မျိုးနဲ့ဆို အလွန်သွက်လက်ပြီး အထာကျတဲ့ပုံစံကို ရနိုင်ပါပြီ။
          ကဲ First Date မှာ အ၀တ်အစားနဲ့ပတ်သက်ပြီး First Impression တွေ ရရှိနိုင်ပါစေ။
Ref:seventeen.com
ထက်ဆု
Trend Myanmar

0 comments:

Post a Comment