Thursday, January 2, 2014

ရေကာတာ တည်ဆောက်မှု၏ နောက်ဆက်တွဲ ပြဿနာများ


တရုတ်နိုင်ငံသည် လူ့သမိုင်းတွင် မကြုံစဖူး များပြားလှသော အရေ အတွက်ရှိသည့် ရေကာတာများကို တည်ဆောက်လျက်ရှိသည်။ ယင်းရေ ကာတာများနှင့် အ တူ ပေါ်ပေါက်လာ သော ရေအားလျှပ်စစ်စက်ရုံများသည် အခြားစက်ရုံများကဲ့သို့ လေထုကို မထိ ခိုက် မညစ်ညမ်းစေနိုင်ဟု တရုတ်တို့က ဆိုသည်။ သို့သော် ယင်းရေ ကာ တာ များသည် တရုတ်အပါအဝင် အရှေ့ တောင်အာရှ မြစ်ကြီးအချို့၏ ရေစီးရေ လာနှင့် ဂေဟစနစ်ကိုမူ သိသာစွာ ထိ ခိုက်စေလျက်ရှိသည်။

တရုတ်နိုင်ငံသည် ၂ဝ၂ဝ ခုနှစ် တွင် ပြန်ပြည့်မြဲစွမ်းအင်များမှ ဓာတ် အား ၁၂ဝဝဝဝ မဂ္ဂါဝပ်ထုတ်ရန် ရည်မှန်းလုပ်ဆောင်နေရာ အများစုကို ရေအားလျှပ်စစ်စက်ရုံများဖြင့် ရယူမည် ဖြစ်သည်။ ရေကာတာများသည် စိတ်ချ ရသည်။ လေထုညစ်ညမ်းမှု မဖြစ်၊ ရေ စီးရေလာကို လိုသလို ထိန်းချုပ်နိုင်သ ဖြင့် လူနေမှုဘဝကို တိုးမြင့်စေနိုင်သည် ဟု တရုတ်အစိုးရက ဆိုနေသည်။
သို့သော် သဘာဝပတ်ဝန်းကျင် ပညာရှင်များကမူ နိုင်ငံ့စီးပွား တိုးတက် စေရန် ရေကာတာများကို အလွန်အကျွံ ဆောက်လုပ်ခြင်းသည် မိစ္ဆာတို့နှင့် အပေးအယူ လုပ်ေ နခြင်းဖြစ်သည်ဟု ဆိုသည်။ မိစ္ဆာတို့နှင့် အပေးအယူလုပ် လျှင် ရေတိုတွင် အကျိုးအချို့ ရ ကောင်းရနိုင်သော်လည်း ရေရှည်တွင် ပျက်စီးရသကဲ့သို့ ရေကာတာများ အလွန်အကျွံ ဆောက်လုပ်ခြင်းဖြင့်  သဘာဝတရားကို ဖျက်ဆီးရာရောက် ကာ ရေရှည်တွင် ဆိုးကျိုးများ ထိန်းမနိုင် သိမ်းမရ ပေါ်လာမည်သာ ဖြစ်သည်။
ရေကာတာများကြောင့်ငလျင် လှုပ်နိုင်သည်၊ ရေကာတာနောက်ရှိ ဆည်ရေမျက်နှာပြင် တက်လိုက် ကျ လိုက်ဖြစ်ခြင်းကြောင့် အောက်ခံမြေလွှာ များတွင် ဒဏ် အား ပေါ်လာကာ ငလျင် လှုပ်နိုင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ မင်း မြစ်ပေါ်ရှိ ဇီပင်းပူ ရေကာတာကြောင့် ယင်းရေကာတာနှင့် တစ်မိုင်မျှပင် မဝေး သော မြေ လွှာပြတ်ရွေ့ တွင် ဒဏ်ဖြစ်ကာ ငလျင်လှုပ်နိုင်ကြောင်း တရုတ်ငလျင် ပညာရှင်တို့က ရေကာတာ စမဆောက် မီက ကြိုတင်သတိပေးခဲ့သည်။ သို့ သော် အဆိုပါ သတိပေးချက်ကို လျစ် လျူရှုကာ ဇီပင်းပူရေကာတာကို ဆက် လက် ဆောက်လုပ်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ရေအပြည့်သိုလှောင်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် ရေကာတာနှင့် သုံးမိုင် မျှသာ ကွာသော အရပ်တွင် ၇ ဒသမ ၉ ပြင်းအားရှိ ငလျင်ကြီးလှုပ်ပြီး လူ ၈ဝဝဝဝ ခန့် သေဆုံးခဲ့သည်။
ရေအားလျှပ်စစ်သည် လေထု ညစ်ညမ်းမှုကို မဖြစ်ပေါ်စေနိုင်ဆိုသော အချက်မှာ အပြည့်အဝ မှန်ကန်မှု မရှိ ပေ။ ရေကာတာကြီး ပေါ်လာ၍ ရေ အောက်နစ်မြုပ်သွားသော သစ်ပင်ကြီး ငယ်တို့ ရေအောက်တွင် သေဆုံးပုပ်သိုး သွားရာမှ ထွက်လာသော ကာဘွန်ဒိုင် အောက်ဆိုဒ်နှင့် မီသိန်းဓာတ်ငွေ့တို့ သည် ရေမျက်နှာပြင်မှ တစ်ဆင့် လေထု ထဲ ဝင်ရောက်ပြီး ကမ္ဘာကြီးပူနွေးမှုကို ပိုမိုဆိုးရွားစေနိုင်သည်။ ဆည်ထဲမှ ရေ ဖောက်ထုတ်၍ ရေမျက်နှာပြင် ကျဆင်း လာသောအခါ ဆွေးမြည့်ပုပ်သိုးနေ သော သစ်ပင်များသည် လေထုနှင့်ထိ တွေ့ကာ ဓာတ်ပြုကြ၍ မီသိန်းဓာတ်ငွေ့ များ ပိုထွက်လာပြန်သည်။ သမပိုင်းဒေ သ ပျမ်းမျှအရွယ် ရေကာတာတစ်ခု၏ နောက်ရှိ ဆည်ထဲ မှ ယင်းနည်းဖြင့် ထွက်သော ဓာတ်ငွေ့များ၏ ပမာဏ သည် သဘာဝဓာတ်ငွေ့ စက်ရုံတစ်ရုံမှ ထွက်သော ဓာတ်ငွေ့ပမာဏ၏ သုံးပုံ တစ်ပုံမှ သုံးပုံနှစ်ပုံအထိ ရှိသည်။ အပူ ပိုင်းဒေသ ဆည်များမှ ယင်းထက် ပို ထွက်သည်။
မဟာရေကာတာကြီးများ၏ ရေ လွှမ်းမိုးမှု ထိန်းချုပ်နိုင်စွမ်းသည် အငြင်း ပွားဖွယ်ရာ ဖြစ်နေသည်။ ရေကာတာ တို့သည် မိုးများချိန် ရေစီးများချိန်တွင် ရေပိုများကို သိုေ လှာင်ထားပြီး ခြောက် သွေ့ရာသီရောက်၍ ရေနည်းချိန်တွင် ရေလွှတ်ချရာ မြစ်များ၏ သဘာဝရေစီး ခြင်းဖြစ်စဉ်နှင့် ပြောင်းပြန်ပင် ဖြစ် သည်။ ရေကာ တာ များကြောင့် ရေလွှမ်း မိုးခြင်း မဖြစ်တော့သည်မှာ ကောင်းကျိုး တစ်ရပ် ဖြစ်သော်လည်း ရေလွှမ်းနေကျ မြေပြင်များ၊ ရေတိမ်ဒေသများ၊ ရွှံ့ညွန် ဒေသများ သည် ရေ အလွှမ်း မခံရတော့ ၍ ခြောက်သွေ့မာကျစ်သွားကာ ရေစုပ် ယူနိုင်စွမ်း လျော့နည်းပျောက်ဆုံးသွား သည်။ တရုတ်နိုင်ငံရှိ ချိုင့်ဝှမ်းသုံးသွယ် မဟာရေကာတာကြီး ပြီးစီးချိန်မှစ၍ ယန်စီမြစ်ရေ လွှမ်းနေကျဖြစ်သော ဟူနန်နယ်ရှိ ဒေါင်တင်းကန်၊ ဂျီယင်းစီ နယ်ရှိ ပိုယန်းကန်တို့သည် သိသာစွာ ရေနည်းကျုံ့ဝင်သွားခဲ့ပြီး ရေကန်ငယ် အများ အပြား ပျောက်ကွယ်သွားခဲ့သည်။ ၂ဝ၁ဝ ခုနှစ် နွေရာသီတွင် ရေလွှမ်း သောအခါ ချိုင့်ဝှမ်းသုံးသွယ် မဟာရေ ကာတာကြီး၏ ရေပြင်သိသာစွာ မြင့် တက်လာခဲ့ကာ စိုးရိမ်ေ ရမှတ်ထက် ၁ဝ မီတာခန့်မျှ ပို၍ ရေကာတာနောက်တွင် ရေများ စုမိသွားခဲ့သည်။
ရေကာတာ မကျိုးပေါက်စေရန် ရေပိုများကိုလွှတ်ချလိုက်ရာ ရေကာ တာ အောက်ပိုင်းရှိ မြေပြင်များသည် ရေနှင့် ထိတွေ့မှု မရှိသည်မှာ ကြာပြီဖြစ် ၍ မာကျစ်နေပြီး ခါတိုင်းကဲ့သို့ ရေမစုပ် နိုင်တော့သဖြင့် ရေအကြီးအကျယ် လွှမ်း၍ လူ ၁ဝဝဝ နီးပါး သေဆုံးကာ အမေရိကန် ဒေါ်လာ ၂၆ ဘီလျံဖိုးမျှ အပျက်အစီး များ ဖြစ်ပေါ်ခဲ့ သည်။မြစ်ေ ရနည်းတော့မည် ဖြစ်လာ သောအခါ ရေအားလျှပ်စစ်ထုတ်လုပ် မှု လျော့ကျမသွားရန် ရေကာတာနောက် တွင် ရေပိုရှိနေဖို့ အားထုတ်ကြ သည်။ ရေ ကိုပို၍ လှောင်ကြ သည်။ ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီမှ ဧပြီလအတွင်း မိုး နည်း၍ ရေကာတာနောက်တွင် ရေပို လှောင်ထားရာ ယန်စီမြစ် အောက်ပိုင်း တွင် လှေ၊ သင်္ဘောများ သွားမရ ဖြစ် ကုန်ကြသည်။ တရုတ်နိုင်ငံ မြစ်ဝါမြစ် အထက်ပိုင်းတွင် ရေကာတာကြီးများ စီရရီရှိနေကြရာ ယင်းရေကာတာကြီး များက ရေလွှတ်မချခြင်းကြောင့် ရေရှား ပါးမှုဒဏ်ကို ဆိုး ရွားစွာ ခံစားခဲ့ကြရ သည်။
တရုတ်၊ တောင်နှင့် အရှေ့တောင် အာရှရှိ မြစ်ကြီးအများအပြား၌ စီး နေသော ရေများတွင် တိဘက်ကုန်းမြင့် ရေခဲပြင်မှ နွေအခါအရည်ပျော်၍ စီးကျ လာသော ရေများက အဓိကဖြစ်သည်။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲမြစ် များ ခါတိုင်းထက်ပို၍ အရည်ပျော်နေ ကြရာ နောက်ဆုံးပျော်စရာ ရေခဲပြင်နှင့် ရေခဲမြစ်များ မရှိတော့လျှင် ယင်းရေခဲ မြစ်တို့မှ ရေဖြင့်စီးဆင်းနေသော မြစ် အများအပြား ရေခန်းကုန်ကြမည့် အရေးမှာ စိုးရိမ်ဖွယ် ကောင်းလှသည်။ ရေလျော့နည်း ခန်းခြောက်လျှင် ယင်း မြစ် များေ ပ်ါရှိ ရေကာတာများ၏ ရေ အားလျှပ်စစ် ထုတ်ယူနိုင်မှုသည်လည်း လျော့နည်းသွားမည်ပင် ဖြစ်သည်။
ရေကာတာများကြောင့် ရေညစ် ညမ်းမှုကို ဖြစ်စေသည်။ ရေကာတာ များသည် မြစ်ရေစီးကို တားဆီးထားခြင်း ကြောင့် ဓာတ်မြေသြဇာ အကြွင်းအကျန် များ၊ စွန့်ပစ်ဓာတု ဓာတ်ဆေးများ၊ လူတို့၏ မိလ္လာများစသည်တို့ကို ပိတ်ဆို့သိုလှောင် ထားသော အညစ်အကြေးကန်ကြီး ဖြစ် နေတတ်သည်။ ၂ဝ၁ဝ ခုနှစ်က ချိုင့် ဝှမ်းသုံး သွယ် ရေကာ တာ ၏ နောက်ရှိ အမှိုက်နှင့် အညစ်အကြေးပြင်ကြီးသည် စတုရန်းကီလိုမီတာ ၅ဝဝဝဝ မျှ ကျယ် ဝန်းနေခဲ့သည့် အပြင် ရေပြင်ပေါ်မှ အမှိုက်များပေါ်တွင် လူလမ်းလျှောက်၍ ရလောက်အောင် ထူထဲသိပ်သည်းနေခဲ့ သည်။ ရေကာတာနောက်ရှိ အညစ် အကြေးများသည် ရေပြင်ကိုသာ ညစ် ညမ်းစေသည်မဟုတ်၊ မြေအောက်သို့ စိမ့်ဝင် ကာ မြေအောက်ရေများကိုလည်း ညစ်ညမ်းစေသည်။
ရေကာတာများသည် ရေစီးတွင် ပါလာသော နုံးများကိုလည်း တားဆီး သည်။ ကာလကြာသော် ရေကာ တာ နောက် တွင် နုန်းများ ပြည့် လာကာ ရေ သို လှောင် ပမာဏေ လျာ့နည်းလာပြီး ထုတ်ယူနိုင်သော ရေအားလျှပ်စစ်ပမာ ဏလည်း နည်းလာသည်။ နုန်းများ သည် ရေကာတာကို လွန်၍ မစီးနိုင် သဖြင့် မြစ်ေ ကြပိုင်း မြစ်ဝ ကျွန်းပေါ်ေ ဒသများ နှင့် ကမ်းရိုးတန်းဒေသများတွင် နုန်းမရှိ တော့၍ ဆားငန်ရေဝင်ရန် လွယ်လာ သည်။ ဆားဓာတ်ကြောင့် သီးနှံများ ပျက်စီးသည်။
ရေကာတာများကြောင့် ကောင်း ကျိုးများစွာ ရသဖြင့် ရေအားလျှပ်စစ် နှင့် အခြားကိစ္စများအတွက် ယင်းတို့ကို အားကိုးနေရဦးမည်သာ ဖြစ်သည်။ သို့ သော် ရေကာတာ အရေအတွက် များ လွန်းလာသောအခါ ဖြစ်ထွန်းလာသော ဆိုးကျိုးက ရသည့်ကောင်းကျိုးထက် သာလွန်သွားသဖြင့် ထိုသို့ မဖြစ်ရန် စီ စဉ်အားထုတ်သင့်သည်။သို့သော် ယခုအခါ တရုတ်တို့ သည် မိမိနိုင်ငံတွင်း၌သာမက မဲခေါင် မြစ်ပေါ်တွင် ရေကာတာ ၂၆ ခုကို လည်းကောင်း၊ သံလွင်မြစ်ပေါ်တွင် ရေ ကာတာ ၁၃ ခုအထိကိုလည်းေ ကာင်း ဆောက်ရန် စီစဉ်နေသည်။ အဆိုပါ မြစ်များသည် တရုတ်နိုင်ငံ၌သာ အစ အဆုံး စီးသော မြစ်များမဟုတ်ဘဲ မြန် မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက် နမ်တို့ သို့ပါ ဖြတ်စီးသဖြင့် ရေ ကာတာများကြောင့် ဖြစ်ပေါ်သော ဆိုး ကျိုးများသည် တရုတ်နိုင်ငံတွင်း၌သာ မဟုတ်တော့ဘဲ ဆိုင်ရာနိုင်ငံများတွင် ပါ ပေါ်ပေါက် ခံစားကြရမည့် အခြေ အနေသို့ ရောက်နေသည်။
ကျော်ဦး
Popular

0 comments:

Post a Comment