Tuesday, January 21, 2014

အမျိုးသမီးတွေထံက သင်ယူနိုင်တဲ့ စွမ်းရည်(၁၀)မျိုး - အပိုင်း(၁)



 အမျိုးသားတစ်ယောက်ရဲ့ စွမ်းရည်တွေ အတော်များများပိုင်ဆိုင်ထားတဲ့ အတွက် ဂုဏ်ယူနေမယ့် သင်ဟာ အမျိုးသမီးတွေဆီက သင်လေ့လာသင့်တဲ့ အရာတွေ အများအပြား ရှိသေးတယ်ဆိုတာကိုရော သတိထားမိပါရဲ့လား။ အမျိုးသမီးတွေကို မျှတတဲ့သဘော ၊ သဟဇာတဖြစ်တဲ့ သဘောရှိသူတွေလို့ ဘာလို့ခေါ်ရလဲဆိုတာ အကြောင်းပြချက်ရှိပါတယ်။

(၁)     စိတ်ခံစားမှု မြဲမြံခြင်း
          အမျိုးသားတွေက စိတ်ခံစားမှုနဲ့ပတ်သက်ပြီး တခါတရံမှာ ပျော့ညံ့တတ်ပါတယ်။ အဝေးပြေးလမ်းမကြီး ပေါ်မှာ ကားတာယာကွဲသွားလို့ ပြန်လဲရတာ အမျိုးသားတွေအတွက် လွယ်ကူချင်လွယ်ကူပေမယ့် “ငါတို့ စကားပြောဖို့လိုပြီ” ဆိုရင်တော့ ကြမ်းပြင်ပေါ် ပုံလျက်ပဲ လဲကျသွားချင်တယ်ဆိုတာမျိုးပါ။ အမျိုးသားတွေ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ အမျိုးသမီးတွေက ပိုတည်ငြိမ်ကြံ့ခိုင်ပါတယ်။ ဒါလေးကို နုတ်ထုတ်ထားပါ။
(၂)     သေချာစဉ်းစား တွေးတောပေးနိုင်ခြင်း
          အမျိုးသားတွေက သေချာ မစဉ်းစားပေးဘူးလို့ မပြောဘူးနော်။ ဒါပေမယ့် ဂရုစိုက်မှု ၊ ပြုစုစောင့်ရှောက်မှုတွေနဲ့ ပတ်သက်ရင်တော့ အမျိုးသမီးတွေက ပိုသာပါတယ်။ သူမတို့တွေဟာ ဂရုတစိုက်ရှိမှု မှာ သဘ၀အတိုင်းကို တော်ကြပါတယ်။ ဒီတော့ တခြားသူကို ဂရုစိုက်ပေးတတ်ဖို့ ၊ ပတ်ဝန်းကျင်မှာ ရှိနေသူတွေရဲ့ စိတ်ခံစားမှုနဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတတ်ဖို့ သင့်ရဲ့အမျိုးသမီးဆီက ပြန်လည်သင်ယူပါ။
(၃)     စိတ်ရှည်ခြင်း
          ဒီခေါင်းစဉ်ကိုတော့ အတော်များများ သဘောတူကြမှာပါ။ မှန်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် စိတ်ရှည်တတ်ကြပါတယ်။ ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ ငြင်းခုံနေရတဲ့ အခြေအနေ တစ်ခုမှာ အမျိုးသမီးတွေက သူမတို့စိတ်ကို ဘယ်လိုလျော့ချရမယ်ဆိုတာ ကောင်းစွာသိပါတယ်။ ဘယ်အခြေ အနေမှာမဆို စိတ်ရှည်စွာနဲ့ ကိုင်တွယ်ဖြေရှင်းတတ်ပါတယ်။
(၄)     လေးစားမှုရှိခြင်း
          အမျိုးသမီးတွေဟာ စိတ်ခံစားလွယ်တတ်သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူမတို့နဲ့အလားတူ အခြားသူကိုလည်း တလေးတစား ဆက်ဆံတတ်ကြပါတယ်။ လေးစားမှုဆိုတာ တချို့အမျိုးသားတွေဆီမှာ တွေ့ရခဲပါတယ်။ ဒါကြောင့် အမျိုးသမီးတွေနဲ့ အနေများလာတဲ့အခါ အခြားသူများကိ လေးစားသမှု ပြသတတ်လာပါတယ်။
(၅)     တပြိုင်နက်တည်း လုပ်နိုင်ခြင်း
          သင့်ကောင်မလေးက သီချင်းကိုလည်းနားထောင်တယ် ၊ အလုပ်လည်းလုပ်တယ်။ တပြိုင်နက်တည်း မှာလည်း သင့်ကို စကားပြောနေတယ်။ သင့်အမေကလည်း ရေနွေးအိုးတည်ထားရင်း ဖုန်သုတ်ပြီး သန့်ရှင်းရေး လုပ်တယ်။ ရေနွေးအိုးဆူတာနဲ့ ထမင်းအိုးတည်ပြီး ကော်ဖီဖျော် ၊ တပြိုင်နက်တည်း မနက်စာလည်း ပြင်ဆင်ပြီးနေပါပြီ။ အမျိုးသမီးတွေ ဒါတွေကို တချိန်တည်းမှာ ဘယ်လိုလုပ်လည်း သိချင်မှာပေါ့။ ဟုတ်ပါတယ်။ multitasking မှာ အမျိုးသမီးတွေဟာ အလွန်တော်ပါတယ်။ အလုပ်မှာ ဒီအရည်အသွေးက အလွန် အသုံးဝင်ပါတယ်။
          ကျန်တဲ့ အချက်(၅)ချက်ကို ဒုတိယပိုင်းမှာ ဆက်လက်ဖော်ပြပေးပါမယ်။ 
Ref:mensxp
Trend Myanmar

0 comments:

Post a Comment