Thursday, January 2, 2014

ဆံပင် ညှပ်ဖို့ ၂ နှစ်ခွဲ အကြာ စောင့်ခဲ့ရသည့် ဟက်ဒါစတုန်း (ဓာတ်ပုံများ)

ဟူးလ်စီးတီး ကွင်းလယ်ကစားသမား တွမ် ဟတ်ဒါစတုန်းဟာ ဖူလ်ဟမ်းအသင်းကို ၆-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး ကွင်းဘေးမှာ ဆံပင်ညှပ်၍ ထူးထူးခြားခြား အောင်ပွဲခံခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။ အဆိုပါ အောင်ပွဲခံမှုဟာ အမှတ်တမဲ့ ကြောင်တောင်တောင် အောင်ပွဲခံနည်း တစ်ခု မဟုတ်ခဲ့။ အသေအချာ အစီအစဉ် ချ၍ အမှတ်တရာ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။
ဆံပင်ညှပ်သမား လန့်စ် လိုဝီဟာ ဟူးလ်စီးတီး အသင်းရဲ့ ကေစီ စတေဒီယမ်မှာ အဝတ်လဲခန်းထဲမှာ  ဟတ်ဒါစတုန်းကို ဆံပင် ညှပ်ပေးခဲ့ခြင်း ဖြစ်သည်။။ ဟတ်ဒါစတုန်းဟာ အရင်က မြင်တွေ့နေကြရတဲ့ afro စတိုင်လ် ဆံပင် ဒီဇိုင်းကနေ mohican ဆံပင်ဒီဇိုင်းကို ပြောင်းလဲ လိုက်ခြင်း ဖြစ်သည်။
ဆံပင် ညှပ်လိုက်ခြင်းနှင့် ပါတ်သက်ပြီး ဟတ်ဒါစတုန်းက “နောက်ဆုံးမှာတော့ ဒါကို ရှင်းထုတ်နိုင်လိုက်ပြီမို့ ကျနော် စိတ်သက်သာရာ ရပါတယ်။ အခုဆိုရင် ပိုပြီး အဆင်ပြေလာတယ်လို့ ခံစားရပါတယ်။ ကျနော့်ရဲ့ twitter စာမျက်နှာမှာ ကျနော့်ကို mohican ဆံပင်ဒီဇိုင်း ညှပ်ဖို့ အကြံပြုချက် တစ်ချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျနော် တုံးတိတိကြီး လုပ်မပြစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။” ဟု MailOnline Sport သို့ ပြောကြားခဲ့သည်။
ဟတ်ဒါစတုန်းဟာ ပရီးမီးယားလိဂ် ဂိုးမသွင်းယူနိုင်သေးချင်မှာ ဆံပင် မညှပ်ဖို့ အဓိဋ္ဌာန်ပြုခဲ့သူ ဖြစ်ပြီး ၅၅ ပွဲ အကြာမှာ ဖူလ်ဟမ်အသင်းကို ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆံပင် ညှပ်လိုက်ခြင်း ဖြစ်သည်။ ညှပ်ပြစ်ခဲ့သည့် ဆံပင် အပိုင်းအစများကို အွန်လိုင်း အရောင်းအဝယ် ဌာန တစ်ခု ဖြစ်သည့် eBay မှာ လေလံတင်ရောင်းချထားပြီး ရရှိလာသည့် ငွေကို ကင်ဆာရောဂါ တိုက်ဖျက်ရေး သုတေသန လုပ်ငန်းများအတွက် လှူဒါန်းသွားမည် ဖြစ်သည်။
ဆက်လက်ပြီး ဟတ်ဒါစတုန်းက “နောက်ထပ် တစ်ဂိုးက ဒီတစ်ခါလို အကြာကြီး မစောင့်ရလောက်ဘူးလို့ မျှော်လင့်ပါတယ်။ အဓိက ကတော့ လူတွေ သတိပြုမိလာဖို့နှင့် ငွေကြေးအနည်းငယ် ထပ်မံ ရရှိဖို့ပါပဲ။ ပြန်တွေးမိတဲ့အခါမှာတော့ ဒါဟာ ကမ္ဘာမှာ အကောင်ဆုံး အကြံဥာဏ် တစ်ခု မဟုတ်လောက်ပါဘူး။ ကျနော် ဒီလို ဂိုးသွင်းနိုင်ဖို့ အကြာကြီး စောင့်ခဲ့ရပါတယ်။ အရေးကြီးတာက လူဒါန်းဖို့အတွက် ငွေကြေးအနည်းငယ် တိုးပွားလာဖို့ပါပဲ။” ဟု ပြောကြားခဲ့သည်။ eBay မှာ လေလံတင်ထားသည့် ဟတ်ဒါစတုန်း၏ ဆံပင် အပိုင်းအစများဟာ လက်ရှိအချိန်မှာ ပေါင် ၃၄၀၀ အထိ ဈေးပေးထားသည်။
ဟတ်ဒါစတုန်းဟာ JustGiving ဟူသည့် ပေ့ခ်ျ တစ်ခု ထူထောင်ထားပြီး ကင်ဆာ သုတေသနအတွက် ရည်မှန်းထားသည့် အဆိုပါ ပေ့ခ်ျမှ ပေါင် ၇၅၀၀၀ အထိ အလှူငွေ ရရှိဖို့ မျှော်မှန်းထားပြီး လက်ရှိအချိန်မှာ ပေါင် ၃၆၀၀၀ ခန့် ရရှိထားပြီး ဖြစ်သည်။ ဟတ်ဒါစတုန်းး၏ အင်္ဂလန် ၂၁ နှစ်အောက် ကစားဖော်ဖြစ်သူ နီဒွန် အိုနူဟာ တစ်ဦးတည်းကပင် ပေါင် ၅၀၀၀ လှူဒါန်းထားသည်။

New do: Tom Huddlestone poses following his first haircut in two-and-a-half years

 
Mad for it: Huddlestone had refused to have his hair cut until he scored a goal
 

A snip at half the price: Barber Lance Lowe (left) gets ready to cut Tom Huddlestone's hair


Scissor kick: Lowe and Huddlestone pose before the momentous event

Blast of the mohicans: Huddlestone rocks the 'Krusty the Clown' look as Lance gives him the hairdryer
 


Looking trim: Huddlestone allows himself a smile as lance lops off his locks



Hair raiser: Lowe gives Huddlestone's locks a blast of hot air


Chop chop: Lance gets to work on Huddlestone's afro


Centre of attention: Press and team-mates gather in the dressing-room
 

Taking shape: Huddlestone's new do begins to take on a style
 
 

Written by အောင်စိုးမိုး(နတ်ရွာ)
 
 
 
FOOTBALL CAFE 

0 comments:

Post a Comment