ယနေ့ မြန်မာ့နိုင်ငံရေး မျက်နှာစာတွင် ရှင်သန်အားကောင်းစွာ လှုပ်ရှားစီးဆင်းနေသော ပင်မရေစီး ကြောင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးပင် ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် အတွင်းသဘောအရ မြန်မာ့နိုင်ငံ ရေး ဘ၀ကို စစ်တပ်က အသွင်သဏ္ဍာန် အမျိုးမျိုးဖြင့် ရေရှည်ကြီးစိုး လွှမ်းမိုးသွားရေးပင် ဖြစ်သည်။
ထို့ကြောင့် သည်ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲနိုင်စွမ်းမရှိလျှင် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်နိုင်ဖွယ်မရှိ။ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်နိုင်ဖွယ်မရှိ။ စစ်မှန် သည့် ဖက်ဒရယ်ပြည်ထောင်စု မထူထောင်နိုင်ပြန်လျှင်လည်း အဓွန့်ရှည်တည်တန့်မည့် ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖွယ် မရှိပေ။ တစ်ချိန်ထဲတွင် ၂၀၁၅ ခု၌ သန့်ရှင်းလွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲပင်လျှင် ကျင်းပနိုင်ဖွယ်ရာ အကြောင်းမမြင်လှပေ။ ဆိုရလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး သည် မြန်မာ့ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး၏အနာဂတ် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အရေးပါသည့် လုပ်ငန်းစဉ်ကြီးပင် ဖြစ် သည်။
ထို့ကြောင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စု လွှတ်တော်၊ NLD ပါတီနှင့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးတို့က တက်ကြွစွာ ပါဝင် လှုပ်ရှား နေကြခြင်း ဖြစ်သည်။
ပြင်ဆင်လိုသောဆန္ဒ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတကာနှင့် ပြည်တွင်းပညာရှင်များ၊ နိုင်ငံရေးအင်အားစု အားလုံး ကပင် အလွန်တရာ ရှုပ်ထွေးပြီး အလွန်တရာ ပြင်ဆင်ရခက်သော ဥပဒေတစ်ရပ်အဖြစ် တညီတညွတ် တည်း သတ်မှတ်ထားခဲ့ကြသည်။ ထို့ကြောင့် အချို့သော အင်အားစုများက ဖွဲ့စည်းပုံ အသစ်ရေးဆွဲရန် တိုက်တွန်းတောင်းဆိုခဲ့ကြ ခြင်း ဖြစ်သည်။ သို့သော် ဖွဲ့စည်းပုံအသစ် ရေးဆွဲရန် ကြိုးပမ်းမှုသည် ၂၀၀၈ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူထားသည့် တပ်မတော်နှင့် ထိပ်တိုက် ရင်ဆိုင်ရန် စိန်ခေါ်လိုက်သည့် အန္တရာယ် ကြီးသောလမ်းကြောင်း ဖြစ်၏။ ၁၉၄၇ ဥပဒေကို ရှမ်းမူအရ ပြုပြင်ပြောင်း လဲရန် ဆွေးနွေးခဲ့ကြခြင်းကို အကြောင်းပြ၍ ၁၉၆၂ ခုက စစ်အာဏာသိမ်းခဲ့ကြသည်ကို သတိမူစေလို သည်။ သို့သော် ယခုအခါ ၂၀၀၈ အခြေခံဥပေဒကို ပြုပြင်ရန် စတင် လေသံပစ်လာသည်မှာ အာဏာရ ပြည် ခိုင်ဖြိုးပါတီ ဖြစ်သည်။ ယင်းသို့ အခြေခံ ဥပဒေပြုပြင်ရန် အင်အားစုအသီးသီးက ထောက်ခံတင်ပြလာသည့် အနေအထား သည်ပင်လျှင် မြန်မာ့ဒီမိုကရေစီရေး အ တွက် အလားအလာကောင်းတစ်ရပ် ဖြစ် လာစေခဲ့သည်။
ထိုအခါ အလွန်တရာရှုပ်ထွေးပြီး အ လွန် ပြင်ဆင်ရန်ခက်သည့် ၂၀၀၈ အခြေခံ ဥပဒေကို မည်သို့မည်ပုံ ပြင်ကြမည်နည်း။ တစ်ခါက ““တကယ်တော့ ပြင်ဆင်လိုတဲ့စိတ် ဆန်္ဒရှိရင် ပြင်ဆင်လို့မရဘူးဆိုတာ မရှိပါ ဘူး”” ဟူ၍ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့ဖူးပါသည်။ ဤသည်မှာ အစစ်အမှန် အခြေအနေများဖြစ်သည်။ အကယ်၍ အခြေခံဥပဒေကို ““ဘာကစ ပြင်မှာလဲ”” လို့ မေးခွန်းထုတ်ခဲ့လျှင် အခန်း (၁၂)ဖြစ်သော အခြေခံဥပဒေပြင်ဆင်ခြင်း က စပြင်ရမှာပဲ”” ဟု ရဲရဲတင်းတင်း ဖြေရ ပေလိမ့်မည်။ ၊ဘယ်ပုဒ်မကစပြင်ရမလဲလို့ ထပ်မေးလျှင် ပုဒ်မ(၄၃၆)က စဖြေရဲရန် လိုအပ်ပါလိမ့်မည်။ အဆိုပါ ပုဒ်မ (၄၃၆)တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် လိုလျှင် ပြည်ထောင်စု လွှတ်တော်အမတ် များ၏ ၇၅ ရာခိုင်နှုန်းကျော် (၇၅+၁ ရာခိုင်နှုန်း)က ထောက်ခံမှသာလျှင် ပြင်ဆင်ခွင့်ရှိသည်ဆိုသော အချိုးအစားကို ပြုပြင်ရမည် ဖြစ်သည်။ မသမာမှုမျိုးစုံဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် အများစုနေရာကို ရယူထားသည့် အာဏာရ အင်အားစုနှင့် ခန့်အပ်နေရာပေးခံရသူ တပ်မတော်သား (၂၅ ရာခိုင်နှုန်း)ပါဝင် နေသော ပြည်ထောင်စုလွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရနိုင်စရာ အကြောင်း လုံးဝမရှိ ပေ။ တစ်နည်းဆိုရလျှင် ပုဒ်မ (၄၃၆)ကို မပြုပြင်နိုင်ခဲ့လျှင် ၂၀၀၈ ဖွဲ့စည်းပုံတွင်ပါဝင်သည့် ဒီမိုကရေစီ နည်း မကျသောပုဒ်မများကို လုံးဝပြင်ဆင်ခွင့် ရမည်မဟုတ်ပေ။ ထို့ကြောင့် ၇၅+၁ ရာ ခိုင်နှုန်းကို ပိုမို ဒီမိုကရေစီနည်းကျသော အချိုးအစား (ဥပမာ ၅၀+၁ ရာခိုင်နှုန်းသို့ မလွဲမသွေ လျှော့ချပစ်ရပေလိမ့်မည်။
“အသီးတစ်ရာ အညှာတစ်ခု” ဖြစ်နေတတ်မြဲ ဖြစ်ပါသည်။ အမေရိကန်သမ္မတဟောင်း ဘီလ်ကလင် တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က ဟောပြောပွဲတစ်ခုတွင် “အမေရိကန်နိုင်ငံမှာ ဒီမိုကရေ စီစနစ်အုတ်မြစ် ချနိုင်ရေးအတွက် အခြေခံဥပဒေကို ပြုပြင် ခဲ့ရတာ အချိန် ၁၂ နှစ် ကြာခဲ့ရပါတယ်”” ဟု ပြောခဲ့ဖူးပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား သမိုင်းနောက်ခံကား နိုင်ငံရေးအခင်းအကျငှ်းုညျအငအကအငသည များ ၏အနေအထားအပေါ် မူတည်၍ ဖွဲ့စည်း ပုံပြုပြင်ရေးလုပ်ငန်းစဉ်၏ အချိန်ကာလ အနေအထား၊ အရှည်အလျား မတူညီနိုင် ကြပါ။ သို့တိုင် နေ့ချင်းညချင်း အလျင်အ မြန် အလုံးစုံ ပြုပြင်ပြောင်းလဲနိုင်စွမ်း မရှိခဲ့ ကြပါ။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ စစ်အာဏာရှင် အုပ်စိုးမှုစနစ် နှစ်(၅၀) ရှည်ကြာပြီး၊ အမျိုးသားစည်းလုံးညီညွတ် ရေးပြိုကွဲကာ ပြည်တွင်းစစ်နှစ်ပေါင်း (၆၀)ကျော် ကြာညောင်းခဲ့သော တိုင်းပြည်မျိုးတွင် ရှုပ်ထွေးလှသော အခြေခံဥပဒေတစ် ရပ်ကို ပြုပြင်ပြောင်းလဲရန် မလွဲမသွေ သင့် တင့်လျောက်ပတ်သည့် အချိန်တစ်ချိန် ရယူရမည် ဖြစ်သည်။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မလွဲမသွေပြုပြင်ရ မည့် ဥပဒေပုဒ်မနှင့် ၂၀၁၅ ခုနောက်ပိုင်း ရောက်မှ အချိန်ယူပြုပြင်ရမည့် ဥပဒေပုဒ်မ များကို အသေအချာ စိစစ်ခွဲခြားရမည် ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် သမ်္မတ၏ အရည်အချင်းနှင့် လုပ်ပိုင်ခွင့်တွေ ပြဋ္ဌာန်း ထားသော အခန်း(၃) နိုင်ငံတော် အကြီး အကဲဆိုင် ရာနှင့် တိုင်းရင်းသားများ၏ ဖက်ဒရယ်အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့် များကို ပြုပြင်ရေးဆွဲပြဋ္ဌာန်း ခြင်းတို့ ကို ၂၀၁၅ ခုနှစ်မတိုင်ခင် ပြင်ဆင်နိုင်ရန် အရေးကြီးပေသည်။ သို့မဟုတ်လျှင် ဒီမိုကရေ စီပြုပြင်ပြောင်း လဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှောင့်နှေးကြန့်ကြာသွား ပေလိမ့်မည်။
တိုင်းပြည်၏ ကံကြမ္မာကိုလောင်းကြေးထပ်ခြင်း
မြန်မာပြည်မှာ ပြည်တွင်းစစ်သည် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ၁၉၄၈ ခု၊ လွတ် လပ်ရေးရချိန်မှ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း(၆၀)ကျော်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းမျိုးစုံ တစ်ရာ ကျော် ရှိခဲ့သည်။ လူမျိုး(၂၅)မျိုး ၀န်းကျင်ခန့်ရှိသော ရှမ်းပြည်နယ်တွင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း (၁၇)ဖွဲ့ခန့် ရှိခဲ့ဖူးသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်တိုင်း လိုလိုမှာပင် လက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေ တတ်မြဲ ဖြစ်သည်။ လွတ်လပ်ရေးခေတ် တစ်လျှောက်လုံး အုပ်စိုးသူလူတန်းစား သက်သက်၏ ဗမာ လူမျိုးကြီးဝါဒ ကျင့်သုံးမှုနှင့် အမျိုးသားအခွင့်အရေးများ ဆုံးရှုံးနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး တောင်းဆိုတိုက်ပွဲဝင်မှုတို့ ကြောင့် အဓွန့် ရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ကြပေ။ ၁၉၉၃ ခုနှစ်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း (၁၇)ဖွဲ့နှင့်ရယူခဲ့သော အပစ်အခတ်ရပ်စဲရေးမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံတွင် ဖက်ဒရယ် အခွင့်အရေးပေး ရမည့်အစား၊နယ်ခြားစောင့်တပ်၊ဖွဲ့စည်းရေးကို ဖိအားပေးဆောင်ရွက်မှုကြောင့် တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားခဲ့ရသည်။ ၂၀၁၁ ခုမှ ၂၀၁၃ ခုအတွင်း ကချင်ပြည် နယ်တွင် တပ်မတော်နှင့် KIA အဖွဲ့တို့အကြား တိုက်ပွဲပေါင်း(၂၀၀၀)ကျော် ဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဖက် သေကြေဒဏ်ရာ ရသူပေါင်း (၁၅၀၀)ခန့်ရှိကာ၊ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူပေါင်း တစ်သိန်းနီးပါးမျှ ရှိခဲ့ကြသည်။ စိတ်ဆန္ဒကို အာဏာနှင့် ဖိအားပေး အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုကြောင့် ပေးဆပ်ခဲ့ရသည့် တန်ဖိုးများ ဖြစ်ပေသည်။
ဤသို့သောအနေအထားတွင် သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် မြန်မာ့ ငြိမ်းချမ်းရေးစင်တာ (MPC) တို့ပူးပေါင်းကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချမှတ် ဆောင် ရွက်ခဲ့ကြ၏။ အဆိုပါ လုပ်ငန်းစဉ်တွင် ၁၀၁၃ ခု အောက်တိုဘာလတွင် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲကြရန်။ ၂၀၁၄ ခု ဖေဖော်ဝါရီ လတွင် နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်များချမှတ်ရန်နှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ များကို ၂၀၁၅ ခုနှစ်၊ မတ်လအတွင်း အပြီးသတ် ဆောင်ရွက် ကြရန် ဖြစ်သည်။ ယခုအချိန်အထိ အပစ်အခတ်ရပ်ရန် သဘောမတူ သေးသည့် အဖွဲ့ပေါင်းလေးဖွဲ့ ကျန် ရှိနေသည်။ မည်သို့ပင်ဖြစ်စေ ၂၀၁၃ ခု၊ ဇူလိုင်လကုန်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ပေါင်း (၁၈)ဖွဲ့ပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြေညာ ချက် တစ်စောင်ထုတ်ပြန်ခဲ့၏။
အဆိုပါကြေညာချက်တွင်
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေး။
(၂) မြန်မာပြည်နယ်အဖြစ် ပါဝင်သည့်(၈)ပြည်နယ် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး။
(၃) တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စုမူကျင့်သုံးရေး။
(၄) ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ထူထောင်ရေးတို့ ပါဝင်ခဲ့သည်။
နိုင်ငံတကာ ပညာရှင်များနှင့် နိုင်ငံရေးအင်အားစုများ၏ အမြင်အရ UNFC အဖွဲ့၏ တောင်းဆိုချက်များမှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ပြည်ထောင်စုမူ ကျင့်သုံးရေး တောင်းဆိုချက်မှ အပ ကျန်အချက်များမှာ လက်တွေ့မကျ၊ ဆန္ဒစောလွန်းသဖြင့် လတ်တလော ဖြစ်နိုင်ချေမရှိဟု သုံးသပ်ခဲ့ ကြသည်။ UNFC အဖွဲ့၏ ခေါင်းဆောင်ဟူ၍ ဆိုနိုင်သည့် KNU နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့သည်ပင်လျှင် ဖွဲ့စည်းပုံအသစ် ပြန်လည်ရေးဆွဲရေးကို လက်မခံနိုင်ဘဲ ပြုပြင်ရေး ကိုသာ ထောက်ခံခဲ့ကြ၏။ မြန်မာပြည်နယ်ပါဝင်သော (၈)ပြည်နယ် ဖက်ဒရယ်ပြည်ထောင်စုမူကိုလည်း ပြည်တွင်းရှိ မည်သည့်နိုင်ငံရေး အင်အားစုကမျှ ထောက်ခံဆွေးနွေးမှု မပြုခဲ့ကြပေ။
ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ထူထောင်ရေး အယူအဆနှင့် ပတ်သက်၍လည်း ဒုတိယဗိုလ်ချုပ် ကြီးမြင့်စိုးက မြစ်ကြီးနားသတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ယုံကြည်မှု တည်ဆောက်ရေး ဖြစ်စဉ်အတွင်း ရေရှည် ဆွေးနွေးညှိနှိုင်းသွားရမည့် ပြဿနာ တစ်ရပ်အဖြစ် မှတ်ချက် ချသွားခဲ့ပြီး ဖြစ်သည်။ လတ်တလောအားဖြင့်မူ သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ အဆိုပြုတင်ပြထားသည့် ၊ ၂၀၁၃ ခုအတွင်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၊ လက်မှတ်ရေးထိုးရေး အစီစဉ်သည်ပင်လျှင် ၂၀၁၄ ခုနှစ်ထဲ သို့ ပြောင်းရွှေ့ ရောက်ရှိသွားခဲ့ရလေပြီ။
ယင်းသို့ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေသည့် ဖြစ်စဉ် အတောအတွင်းမှာပင် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် KIA ၊ တအောန်း ပလောင်အဖွဲ့ (TNLA) တို့အကြား ဖြစ်ပွား နေသည့် တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် ငါးထောင်နီးပါးမျှ ထပ်မံ တိုးပွားလာခဲ့ရ လေပြီ။ ထိုအခါ အင်အားစု အသီးသီးအနေဖြင့် ဖြေကြားရန် မေးခွန်းတစ်ခု ရှိလာခဲ့သည်။
ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးနှင့် ငြိမ်းချမ်းရေး အဓွန့်ရှည် တည်တန့်ရေးအတွက် ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ကြရာတွင် အသွင်ကူးပြောင်းရေးကို အဆင်ပြေချောမွေ့စေမည့် နည်း လမ်းကို ကျင့်သုံးကြမည်လော (သို့မဟုတ်) နောက်ကြောင်းပြန်လှည့်စေမည့် နည်းလမ်းကို ကျင့်သုံးကြ မည်လော။ အင်အားစု အသီးသီး ရွေးချယ်ကြမည့် နည်းလမ်းအပေါ်တွင် တိုင်းပြည်၏ကံကြမ္မာ တည်နေ ပေသည်။ ဆိုရလျှင် တိုင်းပြည်၏ကံကြမ္မာကို လောင်းကြေးပေး ရမည့် နိုင်ငံရေး ကစားဝိုင်းကြီးပင် ဖြစ် တော့သည်။
နိုင်ငံရေးပဟေဠိ အဖြေညှိရေး
ပွင့်ပွင့်လင်းလင်း အကဲဖြတ်ရမည်ဆိုလျှင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူနိုင်စွမ်း အားနည်းနေသည့် အလျောက် ယနေ့ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်သည် နိုင်ငံရေး ပဟေဠိဝှက်တမ်း ကစားနေဆဲပင် ဖြစ်သည်။ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့် စစ်အာဏာရှင်စနစ်မှ တစ်စုံတစ်ရာ ဖြေ လျှော့မှုတချို့ ရှိလာခဲ့သည့်တိုင် ဘယ်သောင် ဘယ်ကမ်းသို့ဆိုက်မည်ကို မမျှော်မှန်းနိုင်သေးပေ။
ယနေ့အချိန်အထိ ဒီမိုကရေစီပန်းတိုင်သို့ အရောက်လှမ်းမည်လော (သို့မဟုတ်) စစ်တပ်ကြိုးကိုင် ဒီမိုက ရေစီပုံစံကို ရေရှည်ထိန်းသိမ်းထားမည်လော (သို့မဟုတ်) နောက်ကြောင်း ပြန်လှည့်မည်လော အသေ အချာ မပြောနိုင်သေးပေ။ ဆိုရလျှင် နိုင်ငံရေးအသွင်ကူးပြောင်းမှု၏ အလားအလာသည်ပင်လျှင် မသေ ချာ မရေရာလှသေးပေ။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတစ်ရပ်ဆီသို့ ဦးတည်မည်ဆိုလျှင် နိုင်ငံအတွင်းရှိ အရေးအပါဆုံး ခေါင်းဆောင်များအတွင်း တိုင်းပြည်ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်မည့် စေ့စပ်ညှိနှိုင်း မှုတစ်ရပ် ရှိအပ်ပေသည်။
ထို့ပြင် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာ၌ ပွင့်လင်းမြင်သာမှုမရှိသော တိုင်း ပြည်များတွင် အီလစ် (Elite) များအချင်းချင်း စေ့စပ်ညှိ နှိုင်းရေးမှာ များစွာ အရေးပါလှသည်။ ၂၀၁၁ခုနှစ် က သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ မင်္ဂလာရှိသော တွေ့ဆုံဆွေးနွေးမှုမှ မြန်မာ့ဒီမိုက ရေစီတံခါးကြီးကို တွန်းဖွင့်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် တွင် လွှတ်တော်အတွင်းသို့ ဒေါ်အောင်ဆန်း စုကြည် ၀င်ရောက်လာခြင်းဖြင့် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး တွေ့ဆုံညှိနှိုင်းမှု မပြုနိုင်သေးခြင်းမှာမူ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် မေးခွန်းထုတ်စရာ ကွက်လပ် တစ်ခု ဖြစ်နေရဆဲပင် ဖြစ်သည်။ အဆိုပါကွက်လပ်ကို ဖြည့်ဆည်းနိုင်ခဲ့လျှင် အမျိုးသား ပြန်လည် သင့် မြတ်ရေးရုပ်ပုံလွှာသည် အမှန်တကယ် လှပပြည့်စုံလာခဲ့မည်မှာ အသေအချာပင် ဖြစ်သည်။
အထူးသဖြင့် ယနေ့ကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပေဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် သိမ်မွေ့အရေးပါ နေချိန်မျိုးတွင် အခြေခံဥပဒေ ထိန်းသိမ်းစောင့်ရှောက်ရေး တာဝန်ယူထားရသည့် တပ်မတော်၏ ဦးစီး ချုပ်နှင့် တွေ့ဆုံညှိနှိုင်းခွင့်ရရေးမှာ လွန်စွာ အရေးပါလှပေသည်။
ထို့ကြောင့် နိုင်ငံရေးအရ ထက်မြက် အမြော်အမြင်ရှိသော ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်၊ သူရ ဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူမကိုယ်တိုင်ပါဝင်သည့် လေးပွင့်ဆိုင်၊ တွေ့ဆုံညှိ နှိုင်းပွဲ တစ်ရပ် ကျင်းပနိုင်ရေးစီစဉ်ပေးရန် သမ္မတကြီးထံ တင်ပြမေတ္တာရပ်ခဲ့ဟန် ရှိပါသည်။ သို့တိုင် ဒေါ်အောင် ဆန်းစုကြည်၏ မေတ္တာရပ်ခံချက်ကို သမ္မတဦးသိန်းစိန်က ငြင်းဆန်ခြင်း မပြုသော်လည်း လက်မခံခဲ့ပါ။
လွှတ်တော်က အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီရင်ခံစာ ထွက်ပေါ်လာပြီးမှ တွေ့ဆုံဆွေး နွေးရေးကို စဉ်းစားမည်ဟု အကြောင်းပြန်ခဲ့ပါသည်။ ဦးသိန်းစိန်၏ တုန့်ပြန်ချက်မှာ မိုးကြိုးပစ်ရာ ထန်း လက် နှင့်ကာရင်း အရိပ်ထိုးနေမှုကြောင့် ထမင်းရည်ပူ လျှာလွှဲလိုက်ခြင်းသာ ဖြစ်ပုံရပါသည်။ ဘာမျှ သေ ချာရေရာမှုမရှိပါ။ မည်သို့ပင်ဖြစ်စေ သူ၏ကတိကိုတော့ စောင့်ကြည့်ရပါဦးမည်။
ယနေ့ကဲ့သို့ အခြေခံဥပဒေ ပြောင်းလဲရေးဆိုင်ရာ အမြင်သဘောထားအမျိုးမျိုး ထွက်ပေါ်နေချိန်မျိုးတွင် ရှင်းလင်းပြတ်သားပြီး ဘက်အသီးသီးမှ လက်ခံနိုင်လောက်သည့် အမြင်သဘောထားတစ်ရပ် ညှိနှိုင်းချ မှတ်နိုင်ရန် အထူးအရေးကြီး လိုအပ်နေပါသည်။ ထို့ကြောင့် ကြီးလေးကြီးတို့၏ လေးပွင့်ဆိုင်၊ညှိနှိုင်းဆွေး နွေးပွဲကျင်းပရန် လိုအပ်ပြီး အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ် ထွက်ပေါ် လာရန် မလွဲမသွေ လိုအပ်နေပါသည်။ ညှိ နှိုင်းသဘောတူညီချက်တစ်ရပ် ထွက်ပေါ် လာရေးသည် အခက် အခဲကြီးမားသည်နှင့်အမျှ နာကျင်ဖွယ်ရာ တန်ဖိုးပေးဆပ်ရနိုင်သည့် ဆွေးနွေးပွဲမျိုးလည်း ဖြစ်နိုင်ပါသည်။
စေ့စပ်ညှိနှိုင်းရမှုတိုင်းတွင် အပြန်အလှန် အပေးအယူပြုရမှုများ ပါဝင်တတ်မြဲ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ် စေ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ညှိနှိုင်းသဘောတူညီချက် တစ်ရပ်ထွက်ပေါ်လာရန် လေးပွင့်ဆိုင်၊ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရန် အထူးအရေးကြီး လိုအပ်နေချိန် ဖြစ်ပါသည်။သို့မဟုတ်လျှင်မူ -
လေးပွင့်ဆိုင်ဆုံမှတ်
အကယ်၍ လေးပွင့်ဆိုင်၊ညှိနှိုင်း သဘောတူညီချက်တစ်ရပ် ထွက်ပေါ်မလာနိုင်ခဲ့လျှင် ဖွဲ့စည်းပုံပြင်ဆင် ရေးသည်လည်း ဟန်ပြသဏ္ဍာန်မျှလောက်သာဖြစ်ပြီး ခရီးမရောက်နိုင်ပေ။ ဖွဲ့စည်းပုံပြင်ဆင်ရေး ထင် သလောက် ခရီးမပေါက်လျှင်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် လမ်းပျောက်သည့်မြိုင် ဖြစ်ပေတော့မည်။ တစ်ချိန်ထဲတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုစစ်စစ်ဖြစ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာမမခံနိုင်ပြန်လျှင်လည်း သေနတ်သံများ ထပ်ညံ လာကာ ပြည်တွင်းစစ်သံသရာ တစ်ပတ် ပြန်လည်လာနိုင်ပါသည်။ စစ်လည်းမပြီး ငြိမ်းချမ်းရေးနှင့် လည်း မနီးသည့် အနေအထားအောက်တွင် တိုင်းရင်းသားပြည်သူများ ပြားပြားမှောက်ဝပ်ရင်း လည်စင်းပေးကြရ တော့မည်။ ယင်းသို့ ဒီမိုကရေစီလည်းမပီပြင် ငြိမ်းချမ်းရေးလည်း မပေါ်လွင်သည့် အနေအထားမျိုးတွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာလည်း အရူးအိပ်မက်သာ ဖြစ်ပါလိမ့်မည်။
တောကိုကြောက်၍ မြို့ပေါ်ရောက်လာသူများအနေဖြင့်လည်း အလုပ်လက်မဲ့ စားရသောက်ရမဲ့၊ အိမ်ခြေ ရာမဲ့ဘ၀ကို ဦးစွာ ရင်ဆိုင်ကြရလိမ့်မည်။ ကြုံရာ ကျပမ်းအလုပ် ၀င်လုပ်လျှင်လည်း တစ်နေ့တစ် ထောင် နှုန်းလောက်ဖြင့် ရှင်သန်အောင် ရုန်းကန်ကြရမည်။ အခြေအနေကို မကျေနပ်လို့ ဆန္ဒပြပွဲထဲ ၀င်နွှဲလျှင် လည်း ပုဒ်မ(၁၈)ဖြင့် အချုပ်ထဲ ၀င်သွားရနိုင်သည်။ ခရိုနီများ၏ ကောင်းမှုကြောင့် မြို့နေဆင်းရဲသားများ ၏ နင်းပြားဘ၀တွင် ဖောင်စီးရင်းရေငတ်နေ ကြရပြီ ဖြစ်သည်။ မြို့ပေါ်တွင် အထပ်မြင့် ကွန်ဒိုကြီးများ မိုးဦးကျမှိုလိုအလျှိုလျှို ထွက်ပေါ်နေချိန်တွင် မြို့ပြင်၌ တဲပုတ်စုတ်များက ပင်လယ်တမျှ အပြောကျယ်လာ နေခဲ့ကြ၏။ ဤအနေအထားမှာ မြို့ပြလူထု တိုက်ပွဲများ ပေါ်ပေါက်ရေးအတွက် မီးတစ်စကျသည် နှင့် အုံကြွပေါက်ကွဲမည့် လောင်စာများပင် ဖြစ်တော့သည်။
လက်ရှိ နိုင်ငံရေးအခြေအနေတွင် ဤ လောင်စာများပေါ်သို့ ကျရောက်လာနိုင်သည့် ဘာသာရေးမီးကွင်း၊ လူမျိုးရေးမီးကွင်းများ အသင့်ပြင်ထားသည့် ၊ နောက်ကြောင်းပြန် အုပ်စုများကလည်း အခြေအနေ အကွက် ကောင်းကို ချောင်းနေကြသည်။ ၂၀၁၄ ခုနှစ် တွင် ၂၀၁၃ ခုနှစ်ထက် အကြမ်းဖက် ပွဲဖျက်မှုများ ပိုများလိမ့် မည်ဟူသော နိုင်ငံရေးဗေဒင်ဆရာများ၏ ဟောကိန်းများလည်းရှိထားပြီး ဖြစ်သည်။ ပွင့်သစ်စ မြန်မာ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးတွင် ဇိမ်ခံကားများ တိုးပွားလာသကဲ့သို့ နိုင်ငံရေး ပါတီသစ်များလည်း ဒီရေအလား တိုးပွား လာကြလိမ့်မည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ၂၀၁၄ ခုနှစ်ကစပြီး အပြိုင် အဆိုင် ပွဲကြမ်းကြလိမ့်မည်ဟူ၍လည်း အဆိုရှိသည်။ မင်းသားကြီးမလုပ်ရလျှင် ပတ်မကြီး ထိုးဖောက်မည့် ခေါင်းဆောင်ဟောင်းကြီးများ ကလည်း နိုင်ငံရေးပါတီခြုံထဲတွင် ကြိတ်ပြီး ချိုသွေးနေကြပြီ။ ခြုံပြောရလျှင် “၂၀၁၄ ခုနှစ်အတွက် မြန်မာ့နိုင်ငံရေး သင်္ကြန်စာတွင် အတိတ်နိမိတ်ဆိုးများ လွှမ်းမိုးနေတော့သည်။မည်သို့ပင်ဖြစ်စေ ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလဖြစ်သော ၂၀၁၄ ခုနှစ်သည် မြန်မာ့နိုင်ငံရေး၏ အနာဂတ်ကို အဆုံးအဖြတ်ပေးမည့် လမ်းဆုံလမ်းခွပင် ဖြစ်လိမ့်မည်။ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးဖြစ်စဉ် ရှေ့တိုးမည်လော၊ နောက်ပြန် ဆုတ်မည်လော။ အမျိုးသား ပြန်လည် သင့်မြတ်ရေးလော၊ အမျိုးသားပြန်လည် တိုက်ခိုက်ရေးလော။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်ပြည်ထောင်စုပုံစံ ပြုပြင် ပြောင်းလဲမည်လော၊ အသစ်ရေးဆွဲမည်လော။ စစ်ပွဲလော ငြိမ်းချမ်းရေးလော ရွေးချယ်ရပေ တော့မည်။
ထို့ပြင် ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် မည်သူ သမ္မတဖြစ်ရမည်ကို ရွေးချယ်ရဦးပေမည်။ ၂၀၁၄ ခုနှစ်သည် လေးပွင့်ဆိုင်လမ်းဆုံဖြစ်နိုင်သကဲ့သို့ လေး ပွင့်ဆိုင်လမ်းခွဲလည်း ဖြစ်နိုင်ပေသည်။ ဒီမိုကရေစီရေး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ လုပ်ငန်းစဉ်တွင် ပြည်သူများက အမျိုးသား ပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်ဖြင့်လေးပွင့်ဆိုင် လမ်းဆုံကို ကြိုဆို မြင်တွေ့လိုကြသည်။ သို့မဟုတ်ပါမူ တိုင်းပြည်၏ ဆိုးရွား လှသောကံကြမ္မာဟူ၍သာ ဆိုရပေတော့မည်။
Mizzima News
0 comments:
Post a Comment