Friday, April 25, 2014

ကိုယ့်ချစ်သူနဲ့ ပတ်သက်ပြီး အမျိုးသားတွေ စိတ်ဝင်စားလေ့ မရှိတဲ့ အချက် (၁၀) ချက်



အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူ ကောင်မလေးတွေနဲ့ ပတ်သက်ပြီး ဂရုတစိုက် မေးလေ့ရှိတဲ့၊ ပြောလေ့ရှိတဲ့ ၊ နောက် စိတ်ဝင်စားလေ့ရှိတဲ့ အကြောင်းအရာတွေ အများကြီးပါ။ ဥပမာ ကိုယ့်သူငယ်ချင်းတွေက ကိုယ်တို့နှစ်ဦးအကြောင်း ဘာတွေပြောကြသလဲ၊ ကိုယ့်ကို တစ်နေ့ဘယ်နှစ်ကြိမ်လောက် ကောင်မလေးက ဖုန်းခေါ်လဲ၊ ခု ကိုယ်ညှပ်ထားတဲ့ ဆံပင်ပုံစံကို ကိုယ့်ချစ်သူ ကောင်မလေးက သဘောကျရဲ့လား စသဖြင့်ပေါ့လေ။ ဒါပေမယ့် တစ်ခါတစ်လေ အမျိုးသမီးတွေ စိတ်ပူနေတဲ့အရာတစ်ချို့ကိုတော့ ချစ်သူကောင်လေးတွေက စိတ်ဝင်စားလေ့မရှိတာမို့ အဲ့ဒီကိစ္စတွေအတွက် အပင်ပန်းခံပြီး ပူပင်နေဖို့ မလိုအပ်ပါဘူး။ အဲ့ဒီအရာတွေကတော့

ပလောင်စစ်သားစုဆောင်းနေသဖြင့် နမ့်ဆန်မြို့နယ် တာလတ်ရွာမှ လီဆူးတိုင်းရင်းသား ၂၀၀ ကျော် နေရပ်စွန့်ခွာ



ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ တာလတ်ကျေးရွာမှ လီဆူးတိုင်းရင်းသား (၂၀၀) ကျော်မှာနေရပ်စွန့်ခွာ၍ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာသို့ရောက်ရှိကာ အလုပ်အကိုင်အခွင့်အလမ်း လိုအပ်လျက် ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ ကျွန်မ တာလတ်ရွာက မူလတန်းပြဆရာမပါ။ တာလတ်ရွာမှာ လီဆူးတိုင်းရင်းသားနဲ့ အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရှိပါတယ်။ တာလတ်ရွာက သမီးတို့ထွက်ပြေးလာတာ မတ်လဆန်းကပါ။ မှတ်မှတ်ရရ ကျွန်မ ခင်ပွန်းရဲ့ ဖခင်ရက်လည်ပြီးနောက်ရက်ကပါ။ သမီးတို့ ရွာကိုလွန်ခဲ့တဲ့နှစ်ကလည်း ပလောင်စစ်တပ်(TNLA)က စစ်သားတွေလာတယ်။ ရွာမှာပလောင်စစ်သားလာစုဆောင်းတာပါ။

လက်ခုပ်သံနိုင်ငံရေး


သင်္ကြန်ကာလအတွင်း အခြားအလုပ်မရှိသည်နှင့် စာရေးစာဖတ် အလုပ်လုပ်ပြီးလျှင် Sky Net ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သော သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်များ အစီအစဉ်ကိုကြည့်ဖြစ်ပါသည်။ တိုက်ရိုက်ထုတ်လွှင့် မှုမှာ ရုပ်သံလိုင်းသုံးလိုင်းမှ ထုတ်လွှင့်နေခြင်းဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များရှိ Sky Net ရေကစားမဏ္ဍပ်များတွင် ဖျော်ဖြေတီးမှုတ်သီဆိုနေကြသည်များကို တိုက်ရိုက်ရှုမြင်ရပါသည်။ ကျွန်တော်သည် ရန်ကုန်သင်္ကြန်ကိုကြည့်လိုက်၊ နေပြည်တော်သင်္ကြန်ကိုကြည့်လိုက်၊ မန္တလေးသင်္ကြန်ကိုကြည့်လိုက်ဖြင့် နည်း ပညာတန်ခိုးဖြင့် မြို့သုံးမြို့သို့ ကူးသန်းပြေးလွှားနေပါသည်။

Wednesday, April 23, 2014

အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ



အိမ်ထောင်ပြုလိုက်တာနဲ့ အနေအထိုင်တွေ ဆင်ခြင်ရ၊ အသွားအလာ၊ အသုံးစရိတ်တွေ လျှော့ချပစ်ရ၊ ရှေ့ရေးအတွက် အားသွန်ခွန်စိုက် အလုပ်တွေလုပ်ရ စသဖြင့် စိတ်ပင်ပန်းရတဲ့ ကာလတွေ ရှိပေမယ့် အိမ်ထောင်ပြုလိုက်လို့ ဖြစ်လာတဲ့ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေပေါ့။ အဲ့ဒါတွေကတော့

Tuesday, April 22, 2014

အရက်နှင့် ဆက်နွယ်နေသော ပြသနာများ

 ဦးနှောက်ကိုထိခိုက်စေသောအကြောင်းများ

Monday, April 21, 2014

ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲ


ပိုက်ဆံတောင်းတဲ့ သူတွေမှာတွေ့ ရတတ်တဲ့ ကလေးတွေဟာ ဘာလို့ အမြဲ အိပ်နေကြတာလဲဆိုတာ သင်သတိထားမိရဲ့ လား ။

Thursday, April 10, 2014

လမ်းမတော်ဖိုးတုတ်

လွန်ခဲ့တဲ့နှစ်အနည်းငယ် မြန်မာ့ရုပ်ရှင်လောကမှာ ထွက်ပေါ်ခဲ့တဲ့ လူမိုက်တစ်ရာ ဆိုတဲ့ ဇာတ်ကားကို လူကြိုက်အတော်များခဲ့ပါတယ်..။ ဒီဇာတ်လမ်းဟာ တစ်ခေတ်တစ်ခါက ရန်ကုန်မြို့မှာ တကယ်ရှိခဲ့ဖူးတဲ့ လူမိုက်ကြီး လမ်းမတော် ဦးဖိုးတုတ် ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ကို ရိုက်ကူးထားတယ် လို့လည်း ပြောနေ ဆိုနေတာတွေ ကြားခဲ့ဖူးပါတယ်။

သင်္ကြန်ထမင်း



မွန်ရိုးရာ သင်္ကြန်ထမင်းပါ။ သင်္ကြန်မှာ မပါမဖြစ် အစားအစာ တစ်မျိုးဖြစ်ပါတယ်။ သင်္ကြန်ထမင်းကို ဖယောင်းချက် အနံ့ မွှေးမွှေးလေးနဲ့ သုံးဆောင်ရတာပါ။ တချို့ကတော့ ဖယောင်းအနံ့ကို မကြိုက်တာမို့ ထည့်မချက်ထားပါဘူး။ သင်္ကြန်ထမင်းကို ငါးခြောက်ကို သရက်သီးစိမ်းနဲ့ ကြော်ရယ်၊ ရေအေးထည့်ပြီ သုံးဆောင်ကြပါတယ်။ ၀တ်ရည်က တမျိုးဆန်းသွားအောင် သရက်ချဉ်သုပ်နဲ့ ငါးခြောက်ထောင်းကြော်ရယ် နှစ်မျိုးခွဲထားလိုက်တာပါ။ ဒီနည်းလေးလည်း စားလို့ ကောင်းတာမို့ လုပ်စားကြည့်ကြရအောင်..

Wednesday, April 9, 2014

မင်းလှခံတပ်က ၀ိညာဉ်များ နားခိုရာ


မင်းလှခံတပ်အား ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

အချိန်ကား ခရစ်သက္ကရစ် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့။ နေရာကား ဧရာဝတီမြစ်
ဖြတ်သန်း စီးဆင်းနေသည့် မြန်မာနိုင်ငံအလယ်ပိုင်း မင်းလှအရပ်။ မြန်မာဘုရင်၏ ဒေါင်းအလံ
တလူလူလွင့်နေသည့် မင်းလှခံတပ်ကြီးကား တိတ်ဆိတ်စွာ။ စစ်သည်ရဲမက်တို့ ရဲစိတ်ရဲမာန်
တက်ကြွလျက်၊ တိုင်းတစ်ပါးနယ်ချဲ့ရန်ကို လက်တုံ့မနှေး ခုံခံတိုက်ခိုက်ရန် ခွန်အားဖြည့်တင်းလျက်
ရှိကြသည်။

Monday, April 7, 2014

အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ



အိမ်ထောင်ပြုလိုက်တာနဲ့ အနေအထိုင်တွေ ဆင်ခြင်ရ၊ အသွားအလာ၊ အသုံးစရိတ်တွေ လျှော့ချပစ်ရ၊ ရှေ့ရေးအတွက် အားသွန်ခွန်စိုက် အလုပ်တွေလုပ်ရ စသဖြင့် စိတ်ပင်ပန်းရတဲ့ ကာလတွေ ရှိပေမယ့် အိမ်ထောင်ပြုလိုက်လို့ ဖြစ်လာတဲ့ ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေပေါ့။ အဲ့ဒါတွေကတော့

သေမင်းနှင့် ကစားခြင်း အပိုင်း(၂)



မကြာမီ အချိန်အတွင်းမှာပင် ကိုမိုးရောက်လာပြီး
" ကိုမင်းရေ.. ဟိုနားက မီးပွိုင့်မှာလည်း ကားတိုက်မှုတွေတွေ့ခဲ့ရတယ်.. ရှေ့ဆုံးက ရပ်ထားတဲ့ တက္ကစီပေါ်က Driver ကတော့ ပွဲချင်းပြီးပဲဗျို့.. "

သေမင်းနှင့် ကစားခြင်း အပိုင်း(၁)



ကျွန်တော်နာမည်က မင်းမနိုင်.. ထူးထူးဆန်းဆန်းကိစ္စတွေဆိုရင် ထမင်းမေ့ဟင်းမေ့ စိတ်ဝင်စားတတ်တဲ့လူ.. ကျွန်တော် သူငယ်ချင်းဖြစ်တဲ့ ကိုမိုး၊ ကိုထက်၊ ကိုလွင်၊ ကိုမောင်တို့ကလည်း ဒီအတိုင်းပဲ.. ၀ါသနာတူ စိတ်တူကိုယ်တူတွေဆိုတော့ ပေါင်းမိကြတာပေါ့ဗျာ.. သရဲခြောက်တယ်ဆိုတဲ့ အိမ်တွေကိုလည်းရောက်တယ်.. အခြောက်အလှန့်ကြမ်းတယ်ဆိုတဲ့နေရာတွေကိုလည်း ရောက်တယ်.. ဒါပေမယ့် ခက်တာက ကျွန်တော်တို့ကပဲ ကံမြင့်နေလို့လား..

သင်္ကြန်အားလပ်ရက်တွေကို ဘယ်လိုကုန်ဆုံးရင် ကောင်းမလဲ



သင်္ကြန်ကာလအတွင်း သူငယ်ချင်းတွေနဲ့ မဏ္ဍပ်ထိုင်ဖို့လည်း အစီအစဉ်မရှိ၊ ကားနဲ့လည်ဖို့လည်း စိတ်မကူးထားသူတွေအတွက် အိမ်မှာပဲ ကိုယ့်ရဲ့ အားလက်ရက်လေးတွေကို အပန်းလည်းပြေ၊ ပျော်စရာလည်းကောင်းအောင် ဘယ်လိုဖန်တီးသင့်တယ် ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။ လူတစ်ကိုယ်၊ အကြိုက်တစ်မျိုးဆိုပေမယ့် အားလုံးအတွက် ခြုံငုံပြီး သင်္ကြန်ရက်အတွင်း အပျင်းပြေစေမယ့် နည်းလမ်းကောင်းလေးတွေကို စဉ်းစားကြည့်လိုက်တဲ့အခါ

သင့်ဘ၀အတွက် ပျော်ရွှင်မှု ရရှိစေမယ့် သိမှတ်ဖွယ်ရာများ



ကိုယ့်နေထိုင်မှုပုံစံ မမှန်လို့၊ ဒါမှမဟုတ် အကျင့်စရိုက်တစ်ချို့ ပြောင်းလဲပစ်ဖို့ လိုနေလို့ ကိုယ့်ရဲ့နေ့စဉ်ဘ၀တွေဟာ လိုအပ်ချက်တွေ ရှိနေတတ်တယ်ဆိုတာမျိုး ဘယ်သူတွေးမိမှာလဲ။ ဘာမှမဟုတ်ဘူးလို့ ထင်တဲ့အရာ တစ်ချို့ကြောင့် သင့်ဘ၀ ပိုမိုပျော်ရွှင်ဖွယ် ကောင်းလာတယ်ဆိုရင်တော့ မဖြစ်မနေကို ပြောင်းလဲပစ်ရမှာပဲနော်။

Friday, April 4, 2014

အမျိုးသမီးတိုင်း သိထားသင့်တဲ့ မျက်လုံးခြယ်သမှု ပုံစံအသစ်များ



ပြင်ဆင်နေကျ မျက်လုံးခြယ်သနည်းတွေ ၊ အိုင်းလိုင်နာဆိုးနည်းတွေနဲ့ မတူပဲ အနည်းငယ် ထူးခြားသွားစေမယ့် ပြင်ဆင်ခြယ်သမှုပုံစံလေးတွေ ရှိပါတယ်။ ဒီနည်းတွေက ကိုယ့်ပြင်ဆင်မှုကို ထူးခြားသွားစေမှာဖြစ်သလို ပိုမို လွယ်ကူအောင်လည်း အထောက်အကူ ပြုပေးနိုင်ပါလိမ့်မယ်။

ဆက်စီကျတဲ့ အမိုက်စား Boho ကျစ်ဆံမြီး ကျစ်မယ်ဆိုရင်



မြင်နေကျ ကျစ်ဆံမြီးဒီဇိုင်းတွေနဲ့ ကွဲထွက်ပြီး ဆက်စီကျကျ လှပတဲ့ Boho ကျစ်ဆံပြီးဒီဇိုင်းလေး ဖော်ပြပေးချင်ပါတယ်။ ထသွားထလာကစပြီး ပွဲတက်အထိကို ပြင်ဆင်သွားနိုင်တာမို့ ပျိုမေတွေ သဘောကျကြမှာပါနော်။

Thursday, April 3, 2014

သင်္ကြန်ဝိဥာဉ်


♪♫ “တေးသံလေးကိုကြားခါစလေ ချစ်သူရေ

စမ်းတွေဦးမလေ၊ ပန်းတွေဖူးဝေ ခူးချင်စရာအခြေ၊
လောကကြီးတခွင်အလှဆင်လို့နေ စိမ်းလန်းစိုပြေ သင်္ကြန်ခါတော်ရောက်လာပြန်ပြီလေ၊
တနှစ်တခါနွှဲ ချစ်စရာပွဲ၊ ပွဲတော်မဟာပေ
ပိတောက်ဝါလေးတွေပွင့်ပြီအချစ်ရေ မင်းပန်ဖို့လေ
ပန်းလိုမွှေး၊ စမ်းလိုအေး အေးတဲ့အတာရေ
လောင်းပါလေ တို့အသည်းတွေအေးအောင်လေ” ♪♫

Tuesday, April 1, 2014

ဖက်ရှင်ချစ်သူတွေအတွက် မဖြစ်မနေ ရှိထားသင့်တဲ့ အရာများ



တစ်လတစ်ခါ ရှော့ပင်ထွက်ပြီး ပြန်လာရင် လိုတာတွေရော၊ မလိုတာတွေရော ၀ယ်မိနေတယ် မဟုတ်လား။ တစ်ခါလောက် ၀တ်ပြီး ချောင်ထိုးထားလိုက်ရတဲ့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေကလည်း မနည်းတော့ဘူး။ ဒီတော့ ပိုက်ဆံလည်းကုန်၊ အာရုံလည်းနောက်ရတဲ့အဖြစ် ရောက်ရရော။ ဒီတော့ တကယ့်ကို လိုအပ်မယ့် အ၀တ်အစား ဒီဇိုင်းလေးတွေ သိထားလိုက်ရင် ဒါလေးတွေ ရှိတာနဲ့တင် တော်တော်လေး ပြီးပြည့်စုံတယ်လို့ ခံစားရမှာ အသေအချာပဲနော်။

မကောင်းဆိုးဝါး

Photo: မကောင်းဆိုးဝါး 
---------------

ရွာလေးရဲ့နာမည်က မှိန်တန်းရွာဖြစ်ပါတယ်။ အဲ့ရွာက လူတွေကတောင်သူလယ်သမားတွေ အဖြစ်နဲ့အသက်မွေးဝမ်းကြောင်းပြုကြတယ် ။ ဒီတော့ မိုးကျခံနီးပြီးဆိုတော့ ကိုင်းသမားလယ်သမားတွေအတွက် ကြောက်ဆုံး မြွေဆိုတဲ့ သတ္တဝါပါပဲ ။ အဲ့ မှိန်တန်းဆိုတဲ့ ရွာလေးမှာ လယ်ချင်းကပ်လျက်ရှိပြီး ခင်မှုဆုံးဆိုတဲ့ ဦးအေးကိုနဲ့ ဦးသိန်းဇံတို့ဟာ တစ်အိမ်မရှိတစ်အိမ်ကစား အပြန်အလှန်နဲ့ နွေးထွေးကြတယ် ။ တနေ့ဦးသိန်းဇံဟာ မြွေကိုက်ခံရတာ ဆစ်ခနဲလို့သိလိုက်ပေမယ့် သူရဲ့မျက်စိတွေဟာ ပြာနှမ်းသွားတယ် ။ ဘာမြွေလဲကြည့်လိုက်ဖို့ ဦးအေးကိုတို့ တဲဘက်ကို လှမ်းအော်ဖို့တောင် အားအင်တွေချက်ချင်းဆုတ်ယုတ်သွားတယ် ။ 

ဦးအေးကို သတိရလာတော့ သူရဲ့တဲပေါ်ကို ရောက်နေပြီး ။ မျက်စိလေးပေကလပ်ပေကလပ်နဲ့ သူ့ဘေးက မိသားစုနဲ့ ဦးအေးကိုတို့မိသားစုကို ကြောင်တောင်တောင်ကြည့်နေရှာတယ် ။ တကယ်တော့ သူ့ကို အချိန်မှီပြန်တွေ့သွားလို့ ဆေးထိုး မြွေဆိပ်ထုတ်လိုက်လို့ အခုလိုပြန်သတိရလာတာပါ ။ အဲ့နောက်ပိုင်းမှာ ဦးအေးကိုဟာ အရင်လိုမဟုတ်တော့ဘူး စကားလဲ များများစားစားမပြောတော့ဘူး တစ်ယောက်ထဲ မှိုင်နေတတ်တယ် အကြာကြီး ။ ဒါပေမဲ့ ညဘက်ဆိုရင် သူမအိပ်တော့ဘူး မျက်စိတွေက ရဲရဲတောက် လို့ ငုတ်တုတ်ထိုင်နေတတ်တယ် ။ သူ့ကို ဟင်းသီးဟင်းရွတ်နဲ့ ကျွေးလို့မစားနော့ဘူး အနည်ဆုံး လယ်ထဲဆိုတော့ ငါးဖားတွေက မိုးတွင်ဘက်ဆိုရှာရလွယ်တယ်လေ ငါးဟင်းပဲ ချက်ကျွေးရတယ် ။ အဲ့အခါကျရင် စားလိုက်တာ မျက်စိတောက်ကပါ မလှုပ်ရှာဘူး တခါတခါ သူတို့မိသားစုပါ ဦးအေးကို ကို ကြည့်ပြီး ကြောက်ရွံ့နေရှာတယ် ။ ဘာပဲဖြစ်ဖြစ်အခုလို အသက်မသေဘဲ ရှိနေတာကို သူတို့မိသားစုအတွက်လုံခြုံမှုဆိုတာ ရှိနေတာပဲလေ ။ 

 ဦးအေးကိုဟာနေ့ဘက်ဆို ဘာမှမသိသလို ဘာမှအားအင်မရှိသလို အိပ်နေရှာတာ အမြဲ ။ ဒီနေ့တော့သူ့ရဲ့မိန်းမကို အမဲသားဟင် စားချင်ကြောင်းဖွင့်ပြောရှာတယ် ။ ထူးထူးဆန်းဆန်းဖြစ်နေတဲ့ သူ့ကို မြင်ရပေမယ့် ယောက်ျားစားချင်တာကို မငြိုငြင်ရဘူး ရွာထဲ မရတကသွားဝယ်ရှာခဲ့တယ် အမဲသားတစ်ပိဿာကို ။ ဦးအေးကို မျက်နှာဟာ အရင်နေ့ထက်ဒီနေ့ ရွှင်လန်းနေရှာတယ် ။ ချက်ပြုတ်ပြီးလို့ စားကြတဲ့အခါ သူတော်တော်စားနိုင်ရှာတယ် ။ ပိုနေသေးတဲ့ ဟင်းရံတွေကို သိမ်းဆည်းထားပြီး ကိုယ်စီကိုယ်စီ အိပ်ရှာဝင်ကြတယ် ။ ဦးအေးကို လင်မယားဟာ အတူအိပ်ကြပေမယ့် အိပ်မပျော်သေးတာက ဦးအေးကို သန်ခေါင်ယံအချိန်ကျတော့ သူ့ရဲ့မျက်စိတွေဟာတအိမ်လုံးအမှောင်ကျနေပေမယ့် သူရဲ့မျက်စိနှလုံးက ရဲရဲတောက်နီမြန်နေတယ်။ ဝင်ထိန်နေပြီး မီဖိုးချောင်က အမဲသားဘက်ကို ဦးတည်နေတယ် ။ အိပ်ရာထဲကနေ အသာလေးကုတ်ကုတ်နဲ့သွားပြီး အမဲသားတွေကို အားရပါးရ ထိုင်စားနေတဲ့အချိန် သူ့ရဲ့မိန်မဟာ တရေးနိုးလာတော့ သူ့ယောက်ျားဘေးနားမရှိတာ သိသွားရှာတယ် ။ 

ဒါနဲ့လိုက်ရှာတာ မတွေ့ဘူး မီဖိုချောင်ဘက်အလင်တစ်ခုကိုတော့ သိတိထားမိနေတယ် ။ တွေ့လိုက်ရတဲ့မြင်ကွင်က လိပ်ပြာလွင့်မတက် မျက်စိတွေက ပြူးပြဲပြီး ကြက်သီးမွှေးညှင်းထဖို့ကောင်းလောက်အောင် လင်းလက်နေတယ် ။ အံ့သြမှုနဲ့အတူ ကြောက်စိတ်ကပိုဖိစီးလာတယ် ။ ဒါနဲ့တဖြေးဖြေးအနားကပ်ပြီး ရှင်ဘာလုပ်နေတာလဲ မေးလိုက်တော့ မျက်ထောင့်နီးကြီးနဲ့ ဦးအေးကို ပြန်ကြည့်လိုက်တာ သူ့မိန်းမဟာ အရမ်းကို လန့်သွားတယ် ။ ပါးစပ်ထဲ ဝါးနေတဲ့ အမဲသားတွေကလည်း အပြည့် ဒီတော့ သူ့မိန်းမဟာ အော်မိလိုက်တော့တယ် ။ တအိမ်သားလုံးနိုးလာတော့မှ ဦးအေးကို ချော့မော့ပြီး အိပ်ခိုင်းရတယ် ဒါပေမယ့် အမဲသားတွေကတော့ ကုန်သွားခဲ့တယ် ။ သူ့မိန်းမဟာ သူ့နဲ့ လုံးဝမအိပ်ရဲတော့ဘူး သူ့ဘက်ကို ပြန်ကြည့်လိုက်အကြည့်တွေ အရရမ်းကို ကြောက်ဖို့ကောင်းလွန်နေတာကြောင့်ပါ ။ 

လပြည့်ကြဆိုတော့ မိုးအုပ်ကြားထဲက ထိုးထွက်လာတယ်တခါတခါ တိမ်မဲတွေက ပြန်အုပ်လိုက်နဲ့ လင်းတစ်ချက်မလင်းတစ်ချက်ဖြစ်နေတဲ့အချိန် ဦးသိန်းဇံသားဟာ ရွာထဲကနေလယ်ထဲပြန်အလာသူ့နောက်က အရိပ်မဲမဲ တစ်ခုဟာ တကောက်ကေက် လိုက်ပါလာတာသိတိထားမိတယ် ။ ဓာတ်မီးနဲ့ ထိုးကြည့်ပြန့်တော့လည် ဘာမှမရှိ ။ ကြောက်တတ်တဲ့စိတ်က ဝင်လာပြီး ဒီလိုတစ်လှမ်းချင်လှမ်းလာတာ ။ ထိုအရိပ်ကလည်း လိုက်နေအမြဲ ခြေလှမ်းတွေကို ခက်သွက်သွက်လေိာက်လိုက်တယ် ။ ဒီအချိန်မှာတိမ်မဲကြာက လကတစ်ချက်ထွက်လာတယ် လရဲ့အရောက်နဲ့ ဦးသိန်းဇံသားဟာ နောက်ပြန်လှည့်ကြည့်တော့ ဆံပင်ဖါးလား လက်တံတွေ ပုံမှန်ထက်ရှည်ပြီး မသဲမကွဲအရိပ်တစ်ခုကို မြင်လိုက်တယ်ဆိုတည်းက ကျောက ဖျန်းခနဲ အေးစိမ့်သွားတယ်။ ရသမျှ ဘုရားစာတွေကို ရွတ်ပြီး ဦးသိန်ဇံသားဟား တဲဘက်ကို မြန်ဆန်တဲ့ခြေလှမ်းတွေအရောက်ပြန်ခဲ့တယ် ။ ဒီအဖြစ်ကို အကြောင်းစုံ ဘေးတဲအိမ်တွေကို ပြောပြတော့ ပြီး ဘုန်းကြီးပရိတ်တနားဖို့ စီစဉ်ကြတယ် ။ ဒါကို ဦးအေးကို သိတဲ့အခါ ပရိတ်တရားနားဖို့လုံးဝ ငြင်ဆန်းနေတယ် ။ ဒါပေမယ့်မရဘူး ဘေးတဲတွေက ဘုန်းကြီးတွေပင့်ပြီးပရိတ်တရားနားခဲ့ကြတာ ဦးအေးကို မရောက်လာခဲ့ပါဘူး ။ အရင်ကဆိုအလှူရေးနဲ့ ပက်သက်လာရင် အရှေ့ဆုံးအခု ရေနဲ့ဆီ ဖြစ်နေတာ အံ့သြကြမိတယ် ။ 

ဦးအေးကို မိန်းမဟာ သူ့ရဲ့အိမ်းကို ပရိတ်တရားနားပြီတော့ အိမ်ကို ကြွပေးပါဦးဘုရားဆိုပြီးပင့်ခဲ့တယ် ။ အိမ်ရောက်တဲ့အခါ ဦးအေးကို ပုံမှန်ထက် အမူအရာတွေက ထူးခြားနေတယ် ။ ဘုန်းကြီးဟာ သူရဲ့အမူယာတွေကြည့်ပြီးပြန်ကြွတဲ့ သူ့ရဲ့ဇနီးကို ကျောင်းခန အားတဲ့ချိန်လာဖို့ပြောသွားခဲ့တယ် ။ ထို့နောက်မှာ ဦးအေးကို မိန်းမဟာ ဘုန်းကြီးကျောင်းကို ရောက်တဲ့အခါ ဘုန်းကြီးက ဒကါမရဲ့ ခင်ပွန်ဟာ သေဆုံးနေတာ ကြာနေပီးတဲ့ မိန့်လိုက်တဲ့အခါ လုံးဝ မယုံဘူးလေ ။ ဒီတော့မှ အရင်က ဘာတွေသူဖြစ်ထားလဲမေးတော့ မြွေကိုက်ခံထားရတယ်လို့ပြန်ဖြေလိုက်တယ် ။ အဲ့တော့မှ ဘုန်းကြီးဟာ ဒကါမရဲ့ခင်ပွန်းဟာ အဲ့တည်းက သေဆုံးသွားတာပါ အခု သူရုပ်ဆိုပေမယ့် မကောင်ဆိုးဝါးက ပူကပ်နေပြီး စားသောက်နေတာလို့ ပြောတော့ ရှိုက်ကြီးတငင်ငင်နဲ့ ငိုကြွေးရှာတယ် ။ သူ့အတွက်အကောင်းဆုံးဘာလုပ်ပေးရမလဲ မေးတော့ သူ့ရဲ့ကိုယ်ထဲက မကောင်းဆိုးဝါးကိုထုတ် ပြီးအမျှပေးဝေလိုက်ပါ လို့ မိန့်ကြာလိုက်တယ် ။ 

ထိုနောက်မှာ ဦးအေးကို မိန်းမဟာ အိမ်ပြန်ရောက်တော့ ဟင်းတွေစုံလငါစွာချက်ပြုတ် လို့ ဘုန်းကြီးတွေကပ်ဖို့ ပြင်ဆင်ရှာတယ် ဦးအေးကိုကိုတော့ ပေးမသိရှာခဲ့ဘူး ။ ဘုန်းကြီးတွေ အိပ်ရောက်တဲ့အခါ ဦးအေးက်ုဟာ ကြောက်လန့်တုန်လှုပ်နေရှာတယ် ။ ဘာလို့ဖို့လဲလို့ သူဇနီးနား ကပ်မေးတော့ တရားနားဖို့လို့ပြန်ဖြေလိုက်တော့ လုံးဝ တုန်လှုပ်သွားတယ် ။ ဘုန်းကြီးတွေဟာ ပရိတ်တရား ကမ္မဝါ ရွတ်ဖတ်တယ်ဆိုရင်ပဲ ဦးအေးကို ဖျာပေါ်မှာလူးလိမ့်နေအောင်အော်ရှာနေရတယ် ထပ်ပြီးမရွတ်တော့ဖို့လည်း တောင်းပန်နေရှာတယ် ။ အိမ်သားတွေဟာ ဦးအေးကိုကိုကြည့်ပြီး မျက်ရည်ကျနေရှာတယ် သနားမိတယ် ဒါပေမယ့်သူက ဦးအေးကိုမှမဟုတ်တာ မကောင်းဆိုဝါးဆိုပြီး ကျမိတဲ့မျက်ရည်ပြန်သုတ် ဘုန်းကြီးတွေပရိတ်တနားနေခဲ့ကြတယ် ။ ကမ္မဝါ ပရိတ်တရားတွေ ပြီးဆုံးနီးအချိန်မှာတော့ ဦးအေးကို လုံးဝငြိမ်သက်သွားပြီး ။ သူရဲ့ကိုယ်ဟာလည်း ပုတ်ပွ နံဆော်နေပြီး ။ ဒီတော့မှ ဘုန်းကြီက မကောင်းဆိုဝါးထွက်သွာပြီးလို့ မိန့်ကြာလိုက်တော့ ဦးအေးကို မြေမြုတ် င်္သဂြိုလိုက်ပြီးတဲ့အခါ ဝမ်းနည်မှုများစွာနဲ့ အမျှတန်းပေးဝေလိုက်ပါတော့တယ် ။ 

ဒိုင်ယာရီ

ရွာလေးရဲ့နာမည်က မှိန်တန်းရွာဖြစ်ပါတယ်။ အဲ့ရွာက လူတွေကတောင်သူလယ်သမားတွေ အဖြစ်နဲ့အသက်မွေးဝမ်းကြောင်းပြုကြတယ် ။ ဒီတော့ မိုးကျခံနီးပြီးဆိုတော့ ကိုင်းသမားလယ်သမားတွေအတွက် ကြောက်ဆုံး မြွေဆိုတဲ့ သတ္တဝါပါပဲ ။