Tuesday, April 1, 2014

မကောင်းဆိုးဝါး

Photo: မကောင်းဆိုးဝါး 
---------------

ရွာလေးရဲ့နာမည်က မှိန်တန်းရွာဖြစ်ပါတယ်။ အဲ့ရွာက လူတွေကတောင်သူလယ်သမားတွေ အဖြစ်နဲ့အသက်မွေးဝမ်းကြောင်းပြုကြတယ် ။ ဒီတော့ မိုးကျခံနီးပြီးဆိုတော့ ကိုင်းသမားလယ်သမားတွေအတွက် ကြောက်ဆုံး မြွေဆိုတဲ့ သတ္တဝါပါပဲ ။ အဲ့ မှိန်တန်းဆိုတဲ့ ရွာလေးမှာ လယ်ချင်းကပ်လျက်ရှိပြီး ခင်မှုဆုံးဆိုတဲ့ ဦးအေးကိုနဲ့ ဦးသိန်းဇံတို့ဟာ တစ်အိမ်မရှိတစ်အိမ်ကစား အပြန်အလှန်နဲ့ နွေးထွေးကြတယ် ။ တနေ့ဦးသိန်းဇံဟာ မြွေကိုက်ခံရတာ ဆစ်ခနဲလို့သိလိုက်ပေမယ့် သူရဲ့မျက်စိတွေဟာ ပြာနှမ်းသွားတယ် ။ ဘာမြွေလဲကြည့်လိုက်ဖို့ ဦးအေးကိုတို့ တဲဘက်ကို လှမ်းအော်ဖို့တောင် အားအင်တွေချက်ချင်းဆုတ်ယုတ်သွားတယ် ။ 

ဦးအေးကို သတိရလာတော့ သူရဲ့တဲပေါ်ကို ရောက်နေပြီး ။ မျက်စိလေးပေကလပ်ပေကလပ်နဲ့ သူ့ဘေးက မိသားစုနဲ့ ဦးအေးကိုတို့မိသားစုကို ကြောင်တောင်တောင်ကြည့်နေရှာတယ် ။ တကယ်တော့ သူ့ကို အချိန်မှီပြန်တွေ့သွားလို့ ဆေးထိုး မြွေဆိပ်ထုတ်လိုက်လို့ အခုလိုပြန်သတိရလာတာပါ ။ အဲ့နောက်ပိုင်းမှာ ဦးအေးကိုဟာ အရင်လိုမဟုတ်တော့ဘူး စကားလဲ များများစားစားမပြောတော့ဘူး တစ်ယောက်ထဲ မှိုင်နေတတ်တယ် အကြာကြီး ။ ဒါပေမဲ့ ညဘက်ဆိုရင် သူမအိပ်တော့ဘူး မျက်စိတွေက ရဲရဲတောက် လို့ ငုတ်တုတ်ထိုင်နေတတ်တယ် ။ သူ့ကို ဟင်းသီးဟင်းရွတ်နဲ့ ကျွေးလို့မစားနော့ဘူး အနည်ဆုံး လယ်ထဲဆိုတော့ ငါးဖားတွေက မိုးတွင်ဘက်ဆိုရှာရလွယ်တယ်လေ ငါးဟင်းပဲ ချက်ကျွေးရတယ် ။ အဲ့အခါကျရင် စားလိုက်တာ မျက်စိတောက်ကပါ မလှုပ်ရှာဘူး တခါတခါ သူတို့မိသားစုပါ ဦးအေးကို ကို ကြည့်ပြီး ကြောက်ရွံ့နေရှာတယ် ။ ဘာပဲဖြစ်ဖြစ်အခုလို အသက်မသေဘဲ ရှိနေတာကို သူတို့မိသားစုအတွက်လုံခြုံမှုဆိုတာ ရှိနေတာပဲလေ ။ 

 ဦးအေးကိုဟာနေ့ဘက်ဆို ဘာမှမသိသလို ဘာမှအားအင်မရှိသလို အိပ်နေရှာတာ အမြဲ ။ ဒီနေ့တော့သူ့ရဲ့မိန်းမကို အမဲသားဟင် စားချင်ကြောင်းဖွင့်ပြောရှာတယ် ။ ထူးထူးဆန်းဆန်းဖြစ်နေတဲ့ သူ့ကို မြင်ရပေမယ့် ယောက်ျားစားချင်တာကို မငြိုငြင်ရဘူး ရွာထဲ မရတကသွားဝယ်ရှာခဲ့တယ် အမဲသားတစ်ပိဿာကို ။ ဦးအေးကို မျက်နှာဟာ အရင်နေ့ထက်ဒီနေ့ ရွှင်လန်းနေရှာတယ် ။ ချက်ပြုတ်ပြီးလို့ စားကြတဲ့အခါ သူတော်တော်စားနိုင်ရှာတယ် ။ ပိုနေသေးတဲ့ ဟင်းရံတွေကို သိမ်းဆည်းထားပြီး ကိုယ်စီကိုယ်စီ အိပ်ရှာဝင်ကြတယ် ။ ဦးအေးကို လင်မယားဟာ အတူအိပ်ကြပေမယ့် အိပ်မပျော်သေးတာက ဦးအေးကို သန်ခေါင်ယံအချိန်ကျတော့ သူ့ရဲ့မျက်စိတွေဟာတအိမ်လုံးအမှောင်ကျနေပေမယ့် သူရဲ့မျက်စိနှလုံးက ရဲရဲတောက်နီမြန်နေတယ်။ ဝင်ထိန်နေပြီး မီဖိုးချောင်က အမဲသားဘက်ကို ဦးတည်နေတယ် ။ အိပ်ရာထဲကနေ အသာလေးကုတ်ကုတ်နဲ့သွားပြီး အမဲသားတွေကို အားရပါးရ ထိုင်စားနေတဲ့အချိန် သူ့ရဲ့မိန်မဟာ တရေးနိုးလာတော့ သူ့ယောက်ျားဘေးနားမရှိတာ သိသွားရှာတယ် ။ 

ဒါနဲ့လိုက်ရှာတာ မတွေ့ဘူး မီဖိုချောင်ဘက်အလင်တစ်ခုကိုတော့ သိတိထားမိနေတယ် ။ တွေ့လိုက်ရတဲ့မြင်ကွင်က လိပ်ပြာလွင့်မတက် မျက်စိတွေက ပြူးပြဲပြီး ကြက်သီးမွှေးညှင်းထဖို့ကောင်းလောက်အောင် လင်းလက်နေတယ် ။ အံ့သြမှုနဲ့အတူ ကြောက်စိတ်ကပိုဖိစီးလာတယ် ။ ဒါနဲ့တဖြေးဖြေးအနားကပ်ပြီး ရှင်ဘာလုပ်နေတာလဲ မေးလိုက်တော့ မျက်ထောင့်နီးကြီးနဲ့ ဦးအေးကို ပြန်ကြည့်လိုက်တာ သူ့မိန်းမဟာ အရမ်းကို လန့်သွားတယ် ။ ပါးစပ်ထဲ ဝါးနေတဲ့ အမဲသားတွေကလည်း အပြည့် ဒီတော့ သူ့မိန်းမဟာ အော်မိလိုက်တော့တယ် ။ တအိမ်သားလုံးနိုးလာတော့မှ ဦးအေးကို ချော့မော့ပြီး အိပ်ခိုင်းရတယ် ဒါပေမယ့် အမဲသားတွေကတော့ ကုန်သွားခဲ့တယ် ။ သူ့မိန်းမဟာ သူ့နဲ့ လုံးဝမအိပ်ရဲတော့ဘူး သူ့ဘက်ကို ပြန်ကြည့်လိုက်အကြည့်တွေ အရရမ်းကို ကြောက်ဖို့ကောင်းလွန်နေတာကြောင့်ပါ ။ 

လပြည့်ကြဆိုတော့ မိုးအုပ်ကြားထဲက ထိုးထွက်လာတယ်တခါတခါ တိမ်မဲတွေက ပြန်အုပ်လိုက်နဲ့ လင်းတစ်ချက်မလင်းတစ်ချက်ဖြစ်နေတဲ့အချိန် ဦးသိန်းဇံသားဟာ ရွာထဲကနေလယ်ထဲပြန်အလာသူ့နောက်က အရိပ်မဲမဲ တစ်ခုဟာ တကောက်ကေက် လိုက်ပါလာတာသိတိထားမိတယ် ။ ဓာတ်မီးနဲ့ ထိုးကြည့်ပြန့်တော့လည် ဘာမှမရှိ ။ ကြောက်တတ်တဲ့စိတ်က ဝင်လာပြီး ဒီလိုတစ်လှမ်းချင်လှမ်းလာတာ ။ ထိုအရိပ်ကလည်း လိုက်နေအမြဲ ခြေလှမ်းတွေကို ခက်သွက်သွက်လေိာက်လိုက်တယ် ။ ဒီအချိန်မှာတိမ်မဲကြာက လကတစ်ချက်ထွက်လာတယ် လရဲ့အရောက်နဲ့ ဦးသိန်းဇံသားဟာ နောက်ပြန်လှည့်ကြည့်တော့ ဆံပင်ဖါးလား လက်တံတွေ ပုံမှန်ထက်ရှည်ပြီး မသဲမကွဲအရိပ်တစ်ခုကို မြင်လိုက်တယ်ဆိုတည်းက ကျောက ဖျန်းခနဲ အေးစိမ့်သွားတယ်။ ရသမျှ ဘုရားစာတွေကို ရွတ်ပြီး ဦးသိန်ဇံသားဟား တဲဘက်ကို မြန်ဆန်တဲ့ခြေလှမ်းတွေအရောက်ပြန်ခဲ့တယ် ။ ဒီအဖြစ်ကို အကြောင်းစုံ ဘေးတဲအိမ်တွေကို ပြောပြတော့ ပြီး ဘုန်းကြီးပရိတ်တနားဖို့ စီစဉ်ကြတယ် ။ ဒါကို ဦးအေးကို သိတဲ့အခါ ပရိတ်တရားနားဖို့လုံးဝ ငြင်ဆန်းနေတယ် ။ ဒါပေမယ့်မရဘူး ဘေးတဲတွေက ဘုန်းကြီးတွေပင့်ပြီးပရိတ်တရားနားခဲ့ကြတာ ဦးအေးကို မရောက်လာခဲ့ပါဘူး ။ အရင်ကဆိုအလှူရေးနဲ့ ပက်သက်လာရင် အရှေ့ဆုံးအခု ရေနဲ့ဆီ ဖြစ်နေတာ အံ့သြကြမိတယ် ။ 

ဦးအေးကို မိန်းမဟာ သူ့ရဲ့အိမ်းကို ပရိတ်တရားနားပြီတော့ အိမ်ကို ကြွပေးပါဦးဘုရားဆိုပြီးပင့်ခဲ့တယ် ။ အိမ်ရောက်တဲ့အခါ ဦးအေးကို ပုံမှန်ထက် အမူအရာတွေက ထူးခြားနေတယ် ။ ဘုန်းကြီးဟာ သူရဲ့အမူယာတွေကြည့်ပြီးပြန်ကြွတဲ့ သူ့ရဲ့ဇနီးကို ကျောင်းခန အားတဲ့ချိန်လာဖို့ပြောသွားခဲ့တယ် ။ ထို့နောက်မှာ ဦးအေးကို မိန်းမဟာ ဘုန်းကြီးကျောင်းကို ရောက်တဲ့အခါ ဘုန်းကြီးက ဒကါမရဲ့ ခင်ပွန်ဟာ သေဆုံးနေတာ ကြာနေပီးတဲ့ မိန့်လိုက်တဲ့အခါ လုံးဝ မယုံဘူးလေ ။ ဒီတော့မှ အရင်က ဘာတွေသူဖြစ်ထားလဲမေးတော့ မြွေကိုက်ခံထားရတယ်လို့ပြန်ဖြေလိုက်တယ် ။ အဲ့တော့မှ ဘုန်းကြီးဟာ ဒကါမရဲ့ခင်ပွန်းဟာ အဲ့တည်းက သေဆုံးသွားတာပါ အခု သူရုပ်ဆိုပေမယ့် မကောင်ဆိုးဝါးက ပူကပ်နေပြီး စားသောက်နေတာလို့ ပြောတော့ ရှိုက်ကြီးတငင်ငင်နဲ့ ငိုကြွေးရှာတယ် ။ သူ့အတွက်အကောင်းဆုံးဘာလုပ်ပေးရမလဲ မေးတော့ သူ့ရဲ့ကိုယ်ထဲက မကောင်းဆိုးဝါးကိုထုတ် ပြီးအမျှပေးဝေလိုက်ပါ လို့ မိန့်ကြာလိုက်တယ် ။ 

ထိုနောက်မှာ ဦးအေးကို မိန်းမဟာ အိမ်ပြန်ရောက်တော့ ဟင်းတွေစုံလငါစွာချက်ပြုတ် လို့ ဘုန်းကြီးတွေကပ်ဖို့ ပြင်ဆင်ရှာတယ် ဦးအေးကိုကိုတော့ ပေးမသိရှာခဲ့ဘူး ။ ဘုန်းကြီးတွေ အိပ်ရောက်တဲ့အခါ ဦးအေးက်ုဟာ ကြောက်လန့်တုန်လှုပ်နေရှာတယ် ။ ဘာလို့ဖို့လဲလို့ သူဇနီးနား ကပ်မေးတော့ တရားနားဖို့လို့ပြန်ဖြေလိုက်တော့ လုံးဝ တုန်လှုပ်သွားတယ် ။ ဘုန်းကြီးတွေဟာ ပရိတ်တရား ကမ္မဝါ ရွတ်ဖတ်တယ်ဆိုရင်ပဲ ဦးအေးကို ဖျာပေါ်မှာလူးလိမ့်နေအောင်အော်ရှာနေရတယ် ထပ်ပြီးမရွတ်တော့ဖို့လည်း တောင်းပန်နေရှာတယ် ။ အိမ်သားတွေဟာ ဦးအေးကိုကိုကြည့်ပြီး မျက်ရည်ကျနေရှာတယ် သနားမိတယ် ဒါပေမယ့်သူက ဦးအေးကိုမှမဟုတ်တာ မကောင်းဆိုဝါးဆိုပြီး ကျမိတဲ့မျက်ရည်ပြန်သုတ် ဘုန်းကြီးတွေပရိတ်တနားနေခဲ့ကြတယ် ။ ကမ္မဝါ ပရိတ်တရားတွေ ပြီးဆုံးနီးအချိန်မှာတော့ ဦးအေးကို လုံးဝငြိမ်သက်သွားပြီး ။ သူရဲ့ကိုယ်ဟာလည်း ပုတ်ပွ နံဆော်နေပြီး ။ ဒီတော့မှ ဘုန်းကြီက မကောင်းဆိုဝါးထွက်သွာပြီးလို့ မိန့်ကြာလိုက်တော့ ဦးအေးကို မြေမြုတ် င်္သဂြိုလိုက်ပြီးတဲ့အခါ ဝမ်းနည်မှုများစွာနဲ့ အမျှတန်းပေးဝေလိုက်ပါတော့တယ် ။ 

ဒိုင်ယာရီ

 ဇတ်လမ်းတိုလေးတွေ ဖတ်ကြမယ်

1 comments:

  1. မြွေကိုက်ခံရတာကဘယ်သူလဲ။ရေးတဲ့သူက ကိုယ်ရေးတဲ့စာ ကိုယ်မဖတ်တာကျိန်းသေတယ်

    ReplyDelete