Tuesday, April 1, 2014

ဖက်ရှင်ချစ်သူတွေအတွက် မဖြစ်မနေ ရှိထားသင့်တဲ့ အရာများ



တစ်လတစ်ခါ ရှော့ပင်ထွက်ပြီး ပြန်လာရင် လိုတာတွေရော၊ မလိုတာတွေရော ၀ယ်မိနေတယ် မဟုတ်လား။ တစ်ခါလောက် ၀တ်ပြီး ချောင်ထိုးထားလိုက်ရတဲ့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေကလည်း မနည်းတော့ဘူး။ ဒီတော့ ပိုက်ဆံလည်းကုန်၊ အာရုံလည်းနောက်ရတဲ့အဖြစ် ရောက်ရရော။ ဒီတော့ တကယ့်ကို လိုအပ်မယ့် အ၀တ်အစား ဒီဇိုင်းလေးတွေ သိထားလိုက်ရင် ဒါလေးတွေ ရှိတာနဲ့တင် တော်တော်လေး ပြီးပြည့်စုံတယ်လို့ ခံစားရမှာ အသေအချာပဲနော်။

၁။ပုံမှန်အားဖြင့် ရှိထားသင့်တဲ့ skinny jean၊ စကတ်နဲ့ရော ဘောင်းဘီနဲ့ပါ တွဲဝတ်နိုင်တဲ့ sporty shoe၊ ပွဲတက်အတွက် မရှိမဖြစ် ဒေါက်ဖိနပ် ၊ ကြာရှည်ခံပြီး ဘယ်သွားသွား အလွယ်တကူ ကောက်စွပ်သွားနိုင်တဲ့ ဂျင်းရှပ် စတာတွေဟာ သင့်အတွက်ရှိထားသင့်တဲ့ အရာတွေပါ။
၂။လူငယ်ဆန်ပြီး ဘယ်တော့မှ ရိုးမသွားတဲ့ Overall၊ ချည်သားဂါဝန်၊ scarf ၊ မကြီးမသေး အနေတော် ပိုက်ဆံအိတ်၊ ဒါ့အပြင် ထသွားထလာအတွက် အမြဲရှိထားသင့်တဲ့ ဖိနပ်အပါး၊ ဒါမှမဟုတ် ကွင်းထိုးဖိနပ်ဆိုတာလည်း ရှိထားဖို့တော့ လိုတယ်နော်။
၃။ ပေါ့ပါးပြီး အထာကျတဲ့ ဂါဝန်မျိုး၊ boot ဖိနပ်မျိုးတွေဟာ စိတ်ကူးပေါက်တဲ့အခါ ၀တ်လို့အကောင်းဆုံးတွေမို့လို့ ရှာထားလိုက်ပါလို့။
၎။ရာသီဥတုနဲ့ လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် အင်္ကျံလေးတွေ၊ dressအတိုလေးတွေ၊  sneaker တွေကလည်း ရှိထားသင့်တာပါပဲ။
၅။သီချင်းနားထောင်လို့လည်းရ၊ ဖက်ရှင်လည်းကျစေမယ့် headphone လေးတွေက ခုဆိုရင် ထသွားထလာအတွက်ရော၊ ခရီးသွားတဲ့အခါလည်း ဖက်ရှင်ကျွေးနိုင်တယ်နော်။
Ref:luckymag.com
Trend Myanmar

0 comments:

Post a Comment