Friday, April 4, 2014

ဆက်စီကျတဲ့ အမိုက်စား Boho ကျစ်ဆံမြီး ကျစ်မယ်ဆိုရင်



မြင်နေကျ ကျစ်ဆံမြီးဒီဇိုင်းတွေနဲ့ ကွဲထွက်ပြီး ဆက်စီကျကျ လှပတဲ့ Boho ကျစ်ဆံပြီးဒီဇိုင်းလေး ဖော်ပြပေးချင်ပါတယ်။ ထသွားထလာကစပြီး ပွဲတက်အထိကို ပြင်ဆင်သွားနိုင်တာမို့ ပျိုမေတွေ သဘောကျကြမှာပါနော်။

၁။ ပထမဆုံး အဆင့်ကတော့ ဆံပင်တွေကို လိုသလောက်ခွဲပြီး အပူချောင်းနဲ့ ကောက်ပေးပါ။ ကျောလယ်လောက် ဆံပင်ရှည်ရှိမှသာ Boho ကျစ်ဆံမြီး ကျစ်ဖို့အတွက် အဆင်ပြေပါလိမ့်မယ်။
၂။ကောက်တံနဲ့ ကောက်ပြီးသွားတဲ့အခါ ဆံပင်ကို အပိုင်းသုံးပိုင်း ညီညီမျှမျှလေး ခွဲလိုက်ပါ။
၃။ပြီးတဲ့နောက်မှာတော့ သုံးပိုင်းခွဲထားတဲ့ အပိုင်းထဲက တစ်ပိုင်းကိုယူပြီး ဆံပင်တွေကို ပုံမှာပြထားသလို ချည်ပါ။ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် အထုံးလေးရအောင် ချည်ပါ။ ဒီအပိုင်း ချည်ပြီးသွားတာနဲ့ ကျန်တဲ့နှစ်ပိုင်းနဲ့ ရောကျစ်ရမှာမို့ ကျန်တဲ့နှစ်ပိုင်းနဲ့ လုံးဝကွဲပြားနေဖို့ လိုတာကြောင့်ပါ။
၎။တတိယအဆင့်ကို ပိုထင်သာမြင်သာ ရှိစေမယ့် ချည်နည်းလေးပါ။
၅။ပြီးတာနဲ့ ကျန်တဲ့နှစ်ပိုင်းကိုယူပြီး အရင်တုန်းကလိုပဲ ကျစ်ဆံမြီး ကျစ်လိုက်ပါတော့။
၆။ကျစ်ပြီးသွားပြီ ဆိုရင်တော့ အရမ်းကြီး သပ်သပ်ရပ်ရပ်ဖြစ်မနေအောင် ပြင်ဆင်လိုက်ပါ။ ဒါဆိုရင် အထာကျတဲ့ ကျစ်ဆံမြီး ဒီဇိုင်းဆန်းလေး ရပြီပေါ့။

 Trend Myanmar

0 comments:

Post a Comment