Friday, April 4, 2014

အမျိုးသမီးတိုင်း သိထားသင့်တဲ့ မျက်လုံးခြယ်သမှု ပုံစံအသစ်များ



ပြင်ဆင်နေကျ မျက်လုံးခြယ်သနည်းတွေ ၊ အိုင်းလိုင်နာဆိုးနည်းတွေနဲ့ မတူပဲ အနည်းငယ် ထူးခြားသွားစေမယ့် ပြင်ဆင်ခြယ်သမှုပုံစံလေးတွေ ရှိပါတယ်။ ဒီနည်းတွေက ကိုယ့်ပြင်ဆင်မှုကို ထူးခြားသွားစေမှာဖြစ်သလို ပိုမို လွယ်ကူအောင်လည်း အထောက်အကူ ပြုပေးနိုင်ပါလိမ့်မယ်။

၁။အိုင်းလိုင်နာ ခဲတံကို ဂျယ်ဖော်မြူလာအဖြစ် သုံးနိုင်ဖို့အတွက် အပူပေးလိုက်ရုံနဲ့ အဆင်ပြေပါတယ်။ ခဲတံထိပ်ကို မီးခြစ်လေးနဲ့ခြစ်ပြီး တစ်စက္ကန့်လောက် အပူပေးလိုက်ပါ။ ၁၅စက္ကန့်လောက် အေးသွားအောင် နည်းနည်းစောင့်ပြီးတာနဲ့ သင့်မျက်ခွံပေါ်မှာ ခြယ်သလို့ရပါပြီ။
၂။မျက်လုံးခြယ်သမှုအတွက် အိုင်းလိုင်နာအနက်ကို အဖြူကွပ်ဆိုးတာဟာလည်း မြင်နေကျမဟုတ်တဲ့ ခြယ်သမှုဖြစ်ပြီး ပိုပြီးတော့လည်း ဆွဲဆောင်မှုရှိပါတယ်။
၃။အတောင်ပံပုံစံ အိုင်းလိုင်နာဆိုးချင်တယ်ဆိုရင် ဇွန်းကိုသုံးပြီး ဆိုးကြည့်ပါ။  ပုံမှာပြထားတဲ့အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ခြယ်သကြည့်ပါ။
၎။Smokey effect လိုချင်တယ်ဆိုရင်တော့ မျက်ခွံထောင့်လေးမှာ ပုံမှာပြထားသလို hashtag ပုံစံလေး ဆွဲလိုက်ပါ။ အဲ့ဒါလေးကို လက်နဲ့နည်းနည်းရောပြီး ခုလို ခြယ်သလိုက်တာနဲ့ လွယ်လွယ်ကူကူပဲ smokey မျက်ခွံလေးရပြီလေ။
၅။ mascara တွေ မျက်ခွံပေါ် ပေကျံမသွားအောင် ဇွန်းခံပြီး ခြယ်သနိုင်ပါတယ်။ ပုံမှာပြထားသလို ခြယ်သလိုက်မယ်ဆိုရင် ခြယ်သရာမှာ ပိုမိုလွယ်ကူသွားတဲ့အပြင် မျက်ခွံပေါ် အမည်းတွေ ပေသွားလို့ ပြန်ဖျက်နေစရာလည်း မလိုတော့ဘူးပေါ့။
Trend Myanmar.

0 comments:

Post a Comment