Wednesday, December 16, 2015
Sunday, December 13, 2015
ပြည်သူ့ အရေးတော်ပုံပါတီ
ဤစာအုပ်သည် ရန်ကုန် ဘဆွေ၏ တစ်ကြိမ်တစ်ခါမျှ ပုံနှိပ်ထုတ်ဝေဖူးခြင်း မရှိသေးသည့် စာအုပ်အသစ် တစ်အုပ်လည်း ဖြစ်သည်။ ထိုစာအုပ်ကို ငါတို့စာပေက တန်ဖိုး (၃၀၀၀) ကျပ်ဖြင့် ဒီဇင်ဘာလ အတွင်း၌ ဖြန့်ဝေခြင်း ဖြစ်သည်။
Friday, December 11, 2015
Thursday, December 10, 2015
မြန်မာ့ လိင်မှုတော်လှန်ရေး
ရန်ကုန်ရှိ ကလပ်တခုတွင် တွေ့ရသည့် မြင်ကွင်းတခု (ဓာတ်ပုံ – ozy.com)
ရန်ကုန်မြို့မှ လူစည်ကားပြီး ဈေးကြီးသော ကလပ်တခုဖြစ်သည့် Mojo ကလပ်တွင် ပြည်ပ NGO အဖွဲ့အစည်း များမှ ဝန်ထမ်းများ၊ ဆရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များက မြန်မာဘီယာကို တငုံချင်းစီသောက်နေကြပြီး ချမ်းသာကြွယ်ဝပုံ ရသည့် ခေတ်ဆန်ဆန် မြန်မာလူငယ် တသိုက်က နောက်ဆုံးပေါ် Techno ဂီတဖြင့် ကနေကြပါသည်။
နံရံထက် မှ ယဉ်ကျေးမူအမွေအနှစ်များ တည်ရှိရာ ကော့ဂွန်းဂူ
မြန်မာသက္ကရာဇ် ၁၈၈၅ ခု(ခရစ်နှစ် ၁၇၉၆) သီတင်းကျွတ် လဆန်း(၆)ရက် နေ့တွင် ကော့ဂွန်းဂူ ကျောက် ဂူ အတွင်း တွင်းမှ မွန်ဘာသာဖြင့် သထုံ့မြို့၏ သမိုင်းစာဟောင်းကို ရရှိခဲ့ပါသည်။ကော့ဂွန်းဂူသည် ကရင်ပြန်နယ် ဘားအံမြို့ ကော့ဂွန်းကျေးရွာအတွင်း တည်ရှိပြီး သဘာဝထုံးကျောက် ဂူအမျိုး စားဖြစ် ပါသည်။
“အနှိုင်းမဲ့ကုသိုလ်”

လောကမှာ ရှိရှိသမျှကုသိုလ်တရားအားလုံးထဲမှာ အပ္ပမာဒတရားဟာ အနှိုင်းမဲ့ကုသိုလ်တရား ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အပ္ပမာတရားထက် ပိုပြီး ကုသိုလ်ရှင်ရဲ့စိတ်ကို ဖြူစင်စေပါတယ်၊ ကုသိုလ်ရှင်ကို ကောင်းကျိုးပြုပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊
ထပ်တူပြုစရာ တခြားကုသိုလ်တရား မရှိတော့လို့ပဲ။
Wednesday, December 9, 2015
Sunday, December 6, 2015
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအပေါ် ပြည်သူ့အသံ
ဒီဇင်ဘာ ၄ ရက်က ယခင်စစ်အစိုးရအကြီးအကဲ အငြိမ်းစားဗိုလ်ချုပ်မှူး ကြီးသန်းရွှေနှင့် လက်ရှိရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံခဲ့ကြသည်။ ၂ နာရီခွဲ ၀န်းကျင်ကြာ ၎င်းတို့နှစ်ဦးတွေ့ဆုံမှုသည် အနာဂတ်မြန်မာနိုင်ငံတည်ထောင်ရေးအတွက်၊ ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်း ကျော်လွှားနိုင်ရေးအတွက်၊ အမျိုးသားရင်ကြားစေ့ရေးအတွက် မျှော်လင့်ချက်ရောင်ခြည်သန်းပြီလားဟု ပြည်သူများက ကြိုဆိုခဲ့ကြသည်။ ထို့ကြောင့် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုအပေါ် လတ်တလော ပြည်သူအများစု၏ အသံများကိုစုစည်းဖော်ပြလိုက်ပါသည်။
Monday, November 30, 2015
‘‘မြန်မာပရိသတ်ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အခုရုပ်ရှင်ကို အစွမ်းကုန်ကြိုးစားသွားမှာပါ’’ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေနှင့် တွေ့ဆုံခြင်း
လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော အလှဓာတ်ပုံများကြောင့် မြန်မာပရိသတ်များ၏ အားပေးမှုရရှိခဲ့သည့် ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ယနေ့ ညနေ ၆ နာရီခွဲတွင် မြန်မာနိုင်ငံ သို့ ရောက်ရှိမည်ဖြစ်သည်။ လာ မည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် လုပ်ဆောင်မည့် အနုပညာလှုပ်ရှားမှုများအကြောင်း မိတ်ဆက်ရန် လာရောက်ခြင်းဖြစ်ပြီး မြန်မာသရုပ်ဆောင် နေတိုးနှင့်လည်း ရုပ်ရှင်တွဲဖက်ရိုက်ကူးမည်ဖြစ်သည်။ ထို့ကြောင့်မြန်မာပရိသတ် များ၏ အားပေးမှုရရှိထားသည့် ငုရင်ထရန်ဟုရန်မေကို မြန်မာနိုင်ငံတွင် အနုပညာလှုပ်ရှားမှုများ လာရောက်လုပ်ကိုင်ဖြစ်သည့်အကြောင်းအပါအဝင် လတ်တလောလှုပ်ရှားမှုများအကြောင်းကို အီးမေးလ်မှ တစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။
ဒုက္ခသည်တွေထဲမှာ အကြမ်းဖက်သမားပါလို့ ဆီးရီးယား သမ္မတဆို
ဥရောပ တိုက်ထဲကို ဝင်ရောက်နေတဲ့ ဒုက္ခသည်တွေ ကြားထဲမှာ အကြမ်းဖက် သမားတွေ ပါဝင်နေတယ်လို့ ဆီးရီးယား သမ္မတ Bashar al-Assad က သတိပေးလိုက်ပါတယ်။
Czech ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ဆီးရီးယား သမ္မတက ဥရောပတိုက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လူတွေထဲမှာ ဒုက္ခသည် စစ်မှန်သူတွေ ရှိသလို အကြမ်းဖက် သမားတွေလည်း ပါဝင်တယ်လို့ ပြောသွားခဲ့တာပါ။
ဥရောပတိုက်ထဲကို ဝင်လာဖို့ ကြိုးစားနေသူများ (Credit: Reuters)
Czech ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ဆီးရီးယား သမ္မတက ဥရောပတိုက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ လူတွေထဲမှာ ဒုက္ခသည် စစ်မှန်သူတွေ ရှိသလို အကြမ်းဖက် သမားတွေလည်း ပါဝင်တယ်လို့ ပြောသွားခဲ့တာပါ။
သမ္မတလောင်းနေရာ အတွက် စစ်မှုမထမ်းဖူးသူ NLD ပါတီဝင် ၁၀ ဦးကို ယာယီရွေးချယ်ထားသည်ဟု ဦးဉာဏ်ဝင်း ပြောကြား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ တင်မြှောက်မည့် သမ္မတလောင်း နေရာအတွက် စစ်မှုမထမ်းဖူးသူ NLD ပါတီဝင် ၁၀ ဦးကို ယာယီရွေးချယ်ထားကြောင်း ယင်းပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။
ဆေးမင်ကြောင် အလှမယ်
Sunday, November 29, 2015
ရုပ်ရှင် အကြိုခံစားခြင်း- နက္ခတ်မှားတဲ့ တိုက်ပွဲ
- ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ မိသားစု ဒရာမာဇာတ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။
လက်ျာက သူဌေးကြီးဦးဇမ္ဗူရဲ့ တစ်ဦးတည်းသော သားပါ။ လက်ျာက သူဌေးသားတစ်ယောက် ဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်နေ ပျော်ပျော်စား ပေါ့ပေါ့ပါးပါးပဲ နေပါတယ်။ တစ်ရက်မှာတော့ သူကလပ်သွားတာကို သူ့အဖေသိသွားပြီး ဆူပါတယ်။ ဆူပေမယ့်လည်း သူကတော့ လူငယ်တစ်ယောက်ရဲ့ အခွင့်အရေးအနေနဲ့ ချက်ကျကျ ပြန်ပြောပါတယ်။ နောက်ဆုံးမှာတော့ သူ့အဖေက ပြင်ဦးလွင်မှာရှိတဲ့ ကော်ဖီခြံမှာ သွားပြီးလေ့လာဖို့လွှတ်လိုက်ပါတယ်။
Thursday, November 26, 2015
ဒီတစ်ပတ် ကြည့်ရမယ့် ရုပ်ရှင် - Under the mask
- ဒီတစ်ပတ် ရုပ်ရှင်ကြည့်မယ့် ပရိသတ်တွေအတွက် ထိုင်းသရဲ ကားလေး ရွေးထားပါတယ်။ ထိတ်လန့်စရာ ရုပ်ရှင်တွေ မကြိုက်တဲ့ ပရိသတ်တွေအတွက် တော့ အဆင်မပြေပေမယ့် ထိုင်း သရဲကား သဘောကျတဲ့ ပရိသတ်တွေ မြည်းစမ်းကြည့်သင့်တယ် ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။
ဗီဒီယို အကြိုခံစားခြင်း- မာယာမများနဲ့ မောင်
ရတီထွဋ်မြတ်က ငွေနဲ့ အရာရာကို ဖြေရှင်းလို့ရတယ်လို ခံယူထားသူပါ။ တစ်ရက်မှာတော့ ရတီထွဋ်မြတ် စီးလာတဲ့ကားနဲ့ နွားနို့ပို့တဲ့ သူတစ်ယောက်ရဲ့ စက်ဘီးတိုက်မိခဲ့ပါတယ်။ တကယ်တော့ ရတီထွဋ်မြတ်ဖုန်းပြောရင်း အရေးတကြီး ကားမောင်းလာတာကြောင့် ဖြစ်သွားတာပါ။ အဲဒါကြောင့် ရတီထွဋ်မြတ်က ကားတံခါးကိုမဖွင့်ဘဲ ငြိမ်နေခဲ့ပါတယ်။ ငြိမ်မနေတာက နွားနို့ပို့တဲ့လူပါ။
Sunday, November 22, 2015
ဗီဒီယို အကြိုခံစားခြင်း - နှလုံးသားလေး တင်းမထားနိုင်ဘူးကွယ်
- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။
စူးရှက ဆောက်လုပ်ရေး ကုမ္ပဏီ ဖွင့်ထားတဲ့ အင်ဂျင်နီယာတစ်ယောက်ပါ။ သူ့မှာကလေး တစ်ယောက်ရှိပါတယ်။ သူ့ရဲ့ အမျိုးသမီးအကြောင်းကိုတော့သူ့ပတ်ဝန်းကျင်က လူတွေလည်းမသိပါဘူး။ သူတို့နေတဲ့ ပတ်ဝန်းကျင်မှာ သိကြတာက စူးရှ ပြင်ဦးလွင်ကနေ ပြောင်းလာတာကိုပဲ သိကြပါတယ်။ သားအဖ နှစ် ယောက်တည်းနေတာ ဖြစ်တာကြောင့် အမြဲတက်နေတဲ့ ပြဿနာ ကတော့ အိမ်အကူပြဿနာပါ။သူ့သားလေးကဆိုးတာကြောင့် သူတို့အိမ်မှာ အိမ်အကူမြဲလေ့ မရှိပါဘူး။
ကလေးငယ်အား နှိပ်စက်သော အိမ်အကူကို အမှုဖွင့်
Subscribe to:
Posts (Atom)















































