Monday, November 30, 2015

ဆေးမင်ကြောင် အလှမယ်


အသက်(၂၂)နှစ်အရွယ်ရှိ ဘရစ်တနီသည် ၂၀၁၅ သြစတြေးလျ ဆေးမင်ကြောင်အလှမယ်ဆုကို ရရှိထားသူဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ဆေးမင်ကြောင်များထိုးပြီး ဆေးမင်ကြောင် အလှမယ်ဆုကို ရရှိခဲ့ခြင်းကြောင့် အံ့အားသင့်မှု များရှိခဲ့သည်။ တစ်ချိန်တည်းတွင် ဝေဖန်မှု၊ ချီးမွမ်းမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ဘရစ်တနီက ဆေးမင်ကြောင်အလှမယ် ဆုအတွက် ဂုဏ်ယူလျက်ရှိသည်။ ငယ်စဉ် ဘ၀က ခြင်ကိုက်ခံရမှုကြောင့် ဖြစ်ခဲ့သော အမာရွတ်ကို ဖုံးကွယ်လိုသောကြောင့် ဆေးမင်ကြောင် စထိုးရာမှ တစ်ကိုယ်လုံး ဆေးမင်ကြောင်များ ပြည့်သွားခြင်းဖြစ်သည်။ ဆေးမင်ကြောင်များသည် ဦးခေါင်း မှ ခြေထောက်အထိ နေရာအနှံ့တွင်ရှိနေ သောကြောင့် ဘရစ်တနီလို ငယ်ရွယ်သည့် အမျိုးသမီးတစ်ဦးအတွက် အများ၏ အာရုံ စိုက်ခြင်းကို ခံခဲ့ရသည်။အသက်(၁၆)နှစ်အရွယ်တွင် ဆေးမင်ကြောင် စတင်ထိုးခဲ့သည်။ လက်ကောက် ၀တ်တွင် ကြက်ခြေခတ်နှင့် နှင်းဆီးပန်း ပုံ တို့ကို ထိုးခဲ့ခြင်းဖြစ်သည်။ ဘရစ်တနီက မိမိသည် ဆေးမင်ကြောင်ကို အနုပညာ တစ်ခုအဖြစ် သဘောထားခြင်းမရှိကြောင်း၊ မိမိတွင်ငယ်စဉ်က အမာရွတ်အများအပြား ရှိခဲ့ကြောင်း၊ ထို့ကြောင့် အမာရွတ်များကို ဖုံးကွယ်လိုသဖြင့် ဆေးမင်ကြောင်များ ထိုးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘရစ်တနီသည် ဆေးမင်ကြောင် အလှမယ်ပြိုင်ပွဲတွင် ၀တ်စုံသုံးမျိုး ၀တ်ဆင်ယှဉ် ပြိုင်ခဲ့ရသည်။ ဘီကီနီဝတ်စုံ ၀တ်ဆင် ယှဉ်ပြိုင်ရာတွင် ဆေးမင်ကြောင်များကို ထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။ ဘရစ်တနီက အမျိုးသမီးများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိစေရန် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲမျိုး မရှိသေးသောကြောင့် စိတ်ဝင်စားမှုရှိအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဘရစ်တနီသည် အသက် (၂၀) ကျော်သာ ရှိသေးသောကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဘရစ်တနီက မိဘဆွေမျိုး များနှင့် သူငယ်ချင်းများက အားပေး ထောက်ခံခဲ့ကြကြောင်း ပြောကြားခဲ့သည်။ လာမည့်နှစ်တွင် ဘရစ်တနီသည် ဆေးမင်ကြောင် အလှမယ်ပြိုင်ပွဲတွင် ဒိုင်အဖြစ် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ဘရစ်တနီသည် လက်ရှိအချိန်တွင် ကိုယ်ဝန်လွယ်ထားရပြီး ဆေးမင်ကြောင်များကို ဆက်လက်ထိုးသွားရန် ဆန္ဒရှိနေကြောင်း သိရသည်။

Messenger News Journal

0 comments:

Post a Comment