Thursday, November 26, 2015

ဒီတစ်ပတ် ကြည့်ရမယ့် ရုပ်ရှင် - Under the mask


- ဒီတစ်ပတ် ရုပ်ရှင်ကြည့်မယ့် ပရိသတ်တွေအတွက် ထိုင်းသရဲ ကားလေး ရွေးထားပါတယ်။ ထိတ်လန့်စရာ ရုပ်ရှင်တွေ မကြိုက်တဲ့ ပရိသတ်တွေအတွက် တော့ အဆင်မပြေပေမယ့် ထိုင်း သရဲကား သဘောကျတဲ့ ပရိသတ်တွေ မြည်းစမ်းကြည့်သင့်တယ် ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။အယုဒ္ဓယမြို့ တစ်နေရာမှာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) ကျော်လောက်က Dance Jungle ဆိုတဲ့ ရွာတစ်ရွာရှိခဲ့ပြီး အဲ့ဒီရွာ မှာ အကပညာရှင်တွေ စုစည်း နေထိုင်ပါတယ်။ အဲဒီရွာက ဆစ်ပ်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ် ယောက်ဟာ ထိုင်းရိုးရာအကတွေ ကတဲ့ နေရာမှာ ဘုရင်လို့ တင်စား ရလောက်အောင် အရမ်းတော်ပါ တယ်။ သူ့အဖေဖြစ်သူရဲ့ ခြေရာ နင်းပြီး မျက်နှာဖုံးစွပ်ရိုးရာအက တွေကို ကျွမ်းကျွမ်းကျင်ကျင်က နိုင်ဖို့အတွက် ကြိုးစားနေသူဖြစ် ပါတယ်။

ဆစ်ပ်ဟာ သူ့ဆရာဖြစ်သူ ရဲ့ ဇနီးနဲ့ တိတ်တိတ်ပုန်းချစ်ကျွမ်း ၀င်နေတာကို သူ့ဆရာ သိသွား တာကြောင့် အက၀တ်စုံ ၀တ် လျက်ကြီးနဲ့ အသတ်ခံခဲ့ရပါ တယ်။ အဲဒီအခါမှာ သူရဲ့ ၀ိညာဉ် ဟာ မကျွတ်မလွတ်ဘဲနဲ့ ခြောက် လှန့်တာတွေ ဖြစ်လာပါတော့ တယ်။

ဒီလိုနဲ့ Dance Jungle ဘက်ကို ဘယ်သူမှ ခြေဦးမလှည့်ရဲ အောင်ကို အခြောက်အလှန့်တွေ ဖြစ်ပြီး နေ့ခင်းကြောင်တောင်မှာ တောင် ဖြစ်တာမို့ ရွာသားတွေ အ ကုန်လုံးမြေမနင်းရဲတဲ့ အခြေအ နေဖြစ်ခဲ့ပါတယ်။ နှစ်တွေ အ တော် ကြာသွားခဲ့ပြီးတဲ့နောက် Dance Jungle အနီးပတ်ဝန်း ကျင်မှာ လိုက်လံခိုးယူနေတဲ့ သူခိုးအဖွဲ့ဟာ ပါတီတစ်ခုက အပြန် မှာ ကျိန်စာသင့်နေတဲ့ တောကြီးထဲ ဖြတ်ပြီး ပြန်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဆစ်ပ်ရဲ့ ၀ိညာဉ်က နေ့ရော ညပါခြောက်လှန့်နေတဲ့ ဒီတောကို ဖြတ်တဲ့အခါ ဘာတွေဖြစ်ဦးမှာလဲ။ ဆစ်ပ်တစ်ယောက် မကျွတ်မ လွတ်ဘ၀ကို ကျော်ဖြတ်နိုင်မှာ လားဆိုတာ ဆက်ကြည့်လိုက်ကြ ဦးနော်။

ဒီဇာတ်လမ်းလေးမှာတော့ ထိုင်းရိုးရာအကတွေ၊ ဓလေ့ထုံး တမ်း အယူအဆတွေပါ တွေ့မြင်ရမယ့်အပြင် ထိတ်လန့်စရာ ကောင်းအောင် ဘယ်လို ဇာတ် အိမ်တည်ထားသလဲဆိုတာ မြည်း စမ်းကြည့်လိုက်ပါဦးလို့ တိုက် တွန်းလိုက်ပါတယ်။ ။

7Day Daily

0 comments:

Post a Comment